*သူ..ကိုယ့်ဘဝသို့ စတင်ဝင်လာသည့်နေ့မှစ၍ ကိုယ့်ဘဝဟာ အရာရာ ပြောင်းလဲသွားခဲ့တယ်။ သူကိုယ့်အနားမှာ မရှိရင် မနေနိုင်တော့ဘူး.. *သူ့…ကြောင့် ကိုယ် အိပ်ရေးပျက်ရသောညပေါင်းလည်းများနေပြီ..
*သူ့..ကြောင့် ကိုယ် ဆုတောင်းမေတ္တာဆိုရင်လည်း ကောင်းမွန်စွာ အာရုံမပြုနိုင်ဘူး..*သူ့..ကြောင့် ကိုယ်ခံယူထားသောဖြူစင်ခြင်း ၊ဆင်းရဲခြင်း၊ နာခံခြင်း သစ္စာများလည်း မကြာခဏပျက်ကွက်မိတတ်တယ်...
*သူ့...ကြောင့် ကိုယ်နေထိုင်တဲ့အသိုင်းအဝိုင်းမှာ တစ်ချို့သော ဆက်ဆံရေးတွေ ပြတ်တောက်သွားတယ်...
*သူ့…ကြောင့် ကိုယ့်အချိန်ကို မလိုအပ်သောအရာမှာ များစွာဖြုန်းတီး မိတယ်...
တကယ်တော့ သေချာစဥ်းစားမိရင်...
*သူ့..ကြောင့် ကိုယ်က အရာရာမှာ ကျရှုံး၊ပျက်ကွက်သွားတာ မဟုတ်ပါ...
*သူ့...ကို ကိုယ်က မကိုင်တွယ်တတ်တာပါ...
*သူ့…ကိုသာ အသုံးပြုတတ်ရင် ကိုယ့်မှာဝိညာဉ်ရေး ၊ ပညာရေး၊ လူမှုရေးနှင့် သာသနာပြုလုပ်ငန်းရေးရာတွေမှာများစွာ တိုးတက်လာမှာသေချာပါတယ်..
*သူ့…ကို အကျိုးရှိအောင် အသုံးပြုတတ်ရန်အသိ၊ သတိကြီးစွာဖြင့် ကိုင်တွယ်တတ်ဖို့ ရှင်တော်ဘုရားထံဆုပန်ရအုံးမယ်....
Sr. Agnes အယ်မူးဖေါ,Marovich (ISR) - 2023
Posted by Sr.Benedetta Myat Hnin Nwe,ISR