Untitled Document
Untitled Document
Untitled Document
ကဗ်ာ
"တောင်းဆု"
**သုံးပါးသစ္စာ၊ အရင်းတည်ကာ.. 
  အစေခံကောင်း၊ နောက်လိုက်ကောင်း..
  သူတော်စင်တစ်ပါး ဖြစ်လိုပါ၏။
    ***ပြုသောသစွာ၊ နှုတ်ဖျားတွင်သာ..
        မကျန်စေ‌ပဲ၊ နှလုံးသားထဲ..ကဗျည်းထိုး၍၊
        ကျင့်ကြံလိုသူ ဖြစ်လိုပါ၏။
***မီဒီယာ၏ သားကောင်မဟုတ်...
    တိုးတက်နေသော၊ ခေတ်ကြီးနှင့်အတူ..
    ကိုယ်တော့်နိုင်ငံ၊ကျယ်ပြန်ဖို့ရန်...
   လုပ်ဆောင်‌နေသူ ဖြစ်လိုပါ၏။
         ***စေလိုရာစေ၊ ကိုယ်တေ့ာ်အ‌လိုပေ...
              နယ်စွန်နယ်ဖျား..သက်စွန့်ဆံဖျား..
              သာသနာ့တာဝန် ဇွဲထက်ကျေပွန်...
              ထမ်းရွက်လိုသူဖြစ်လိုပါ၏။
***ကိုယ်ကျိုးမမျှော်၊ သုခကျိုးမျှော်...
     ကိုယ်တော်ရှင်နှင့် နီးစပ်သူကို...
     အသင်းဂိုဏ်း၏၊ Charismအတိုင်း...
     ဆက်ကပ်နေသူ ဖြစ်လိုပါ၏။

 

Sr.Agnes အယ်မူးဖေါ, Marovich (ISR)    
Edit & Posted by Sr. Benedetta Myat Hnin Nwe(ISR) 
ကဗ်ာမ်ား