Untitled Document
Untitled Document
Untitled Document
ကဗ်ာ
လက်ဆောင်

 

     သူငယ်ချင်းတို့ရဲ့အရှင်ဘုရားသခင်ကသူရဲ့သားသမီးအားလုံးကိုချစ်တယ်။ ကောင်းတဲ့သူရော ဆိုးတဲ့သူရော ချစ်တယ်။ "ငါကအရမ်းဆိုးတယ် ထားလိုက်ပါပြန်ထလည်းအပိုပဲဆိုပြီး” ဘဝကိုမရပ်တန့်လိုက်ပါနဲ့ ကြိုးစားပြီးပြန်ထပါလူတိုင်းမှားတတ်ကြတာာပါနဲ့ ကမ္ဘာပေါ်မှာ အပြစ်ကင်းတဲ့သူတစ်ယောက်မှမရှိပါဘူးဘုရားသခင်ထံမှနောင်တနဲ့ခွင့်လွှတ်မှုတောင်းခံမယ်ဆိုရင် ဘုရားကခွင့်လွှတ်ပြီးသားပါ။ ရဟန္တာတွေတောင် သူတို့ရဲ့ဘဝမှာနှောင့်ယှက်ခြင်းတွေ အခက်အခဲတွေအများကြီးရှိခဲ့ကြတယ်။အထဲကျရောက်ခဲ့ကြတယ်။ ဒါပေမဲ့သူတို့ရုန်းထခဲ့တယ်။ နောင်တရခဲ့တယ်။ဘုရားသခင်ထံမှခွင့်လွှတ်မှု တောင်းခံခဲ့တယ်။ ပြစ်တွေအခက်အခဲ အတားအဆီးတွေကို ဘုရားနဲ့အတူ ကျော်ဖြတ်ခဲ့ကြတယ်။ မကောင်းမှုတွေကိုစွန့်ပစ်ခဲ့ကြတယ်။ ကောင်းမွန်စွာပြန်လည်ရှင်သန်ခဲ့ကြတယ်။နောက်ဆုံးမှာသူတို့ထာဝရအသက်ကိုရရှိခဲ့ကြရသလိုသန့်ရှင်းသူတွေဖြစ်ခဲ့ကြတယ်။အရေးကြီးဆုံးကအမှားကိုသိပြီးပြန်လည်ရုန်းထဖို့ပဲဖြစ်ပါတယ်။တစ်ခါတစ်လေအခက်အခဲတွေရှိတဲ့အခါဘုရားကပစ်ထားတယ်လို့ထင်တတ်ကြတယ်” တကယ်တော့ အခက်အခဲတွေများစွာရှိလေ ဘုရားကအနားမှာ ပိုရှိလေဖြစ်တယ်။ သူငယ်ချင်းအခက်အခဲတွေကြုံတွေ့တဲ့အခါဘုရားအနားမှာရှိတယ်ဆိုပြီးအရာရာကိုဘုရားနှင့်အတူကျော်ဖြတ်လိုက်ပါ။
Noelinemary(SV)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

 

 

ကဗ်ာမ်ား