Untitled Document
Untitled Document
Untitled Document
ကဗ်ာ
"အစေခံမှုဖြင့် ဘုရားကိုကြိုဆိုသောနှလုံးသားပိုင်ရှင်"

 

 စိန့်မာသာ  ပွဲနေ့

"အစေခံမှုဖြင့် ဘုရားကိုကြိုဆိုသောနှလုံးသားပိုင်ရှင်"

 

ဗက်သနီ အိမ်တော်၏ဆိတ်ငြိမ်မှုအလယ်၌

သူမ၏လက်တို့သည် အလုပ်များခဲ့သော်လည်း၊

သူမ၏နှလုံးသားမူကား သခင်ကိုသာအမြဲရှာဖွေခဲ့ပြီး

သခင့်ကိုသာ အမြဲယုံကြည်ခဲ့သူပါ။

ကျေနပ်ဖွယ်ကောင်းသော စကားလုံးများဖြင့် မဟုတ်

ရိုးရှင်းသောစကား၊ ပြည့်ဝသောသစ္စာ၊ မေတ္တာဖြင့်

နေ့စဉ်လုပ်ဆောင်သောတာဝန်များကြား၌ပင်

ခရစ်တော်ကို အမြဲ ကြိုဆို လက်ကမ်းခဲ့သူပါ။

ဝမ်းနည်းခြင်းသည် သူမအိမ်တံခါးကို

လာခေါက်နေသည့်အချိန်၌ပင်၊ တုန်လှုပ်မှုမရှိခဲ့ဘဲ

ကိုယ်တော့်ကို အကျွန်ုပ်ယုံကြည်ပါသည်ဟု

ကြွေးကြော်ခဲ့သူ တစ်ဦးပါ။

အလုပ်ကို ဆုတောင်းခြင်းအဖြစ် ဖန်တီးယူသူ

ဧည့်ဝတ် ပျူဌာခြင်းကို မေတ္တာအဖြစ်ပြောင်းသူပါ

နေ့စဉ်တာဝန်များအား ပူဇော်ရာယဇ်ပလ္လင်အဖြစ် 

ပြောင်းလဲအသက်ရှင်သောသူဟာ စိန့်မာသာပါ။

မာနမရှိဘဲ နိမ့်ချခြင်းဖြင့် အစေခံနိုင်သူ

ကြောက်ရွံ့ခြင်းမရှိဘဲ ယုံကြည်ခြင်းဖြင့်ရှင်သန်သူပါ။

အကျိုးအမြတ်ကို မတွက်ချက်ဘဲ ချစ်နိုင်သူ

ယုံကြည်ခြင်းမျက်စိဖြင့် ခရစ်တော်၌အာရုံစိုက်သူပါ။

✍️ Celeste, MSP

ကဗ်ာမ်ား