Untitled Document
Untitled Document
Untitled Document
ကဗ်ာ
" နေမင်းမထွက်မီ အရုဏ်ဦးရဲ့အလင်း "

 

" နေမင်းမထွက်မီ  အရုဏ်ဦးရဲ့အလင်း "

 

နေမင်းကြီးရဲ့အလင်းရောင်ပေါ်ထွက်မလာခင်

အရုဏ်ဦးအလင်းပေါ်ထွက်လာ

မျှော်လင့်ခြင်းရဲ့အရုဏ်ဦးမှာ

မာရီယာလေး မွေးဖွားလာ

ဘုရားရဲ့ ကယ်တင်ခြင်း စီမံကိန်းမှာ

 မာရိယာအား ပစ်မှတ်ထား

သူမဘဝရဲ့  ခေါ်တော်မူခြင်းကို

ယုံကြည်ခြင်းဖြင့် လက်ခံကာ

“ကိုယ်တော်ရဲ့အလိုတော်အတိုင်း ဖြစ်ပါစေ” ဟူသော

သူမရဲ့“ဟုတ်ကဲ့” မှာ

ဘုရားထံအပြည့်အဝဆက်ကပ်အပ်နှံခြင်းအတွက်ပါ။

မယ်တော်မာရိယာကဲ့သို့

အပ်နှံထားသောသူတို့သည်လည်း

မိမိတို့ရဲ့ဘဝကို ခရစ်တော်ထံ ဆက်ကပ်ကြကာ

ဆုတောင်းခြင်း၌ ကိုယ်တော်နဲ့ ပိုမိုနီးစပ်လာစေရန်

သစ္စာများကိုတည်ကြည်စွာ ရှင်သန်ကြရန်လိုအပ်၍

ဆင်းရဲသစ္စာဖြင့် ဘုရားသခင်ကို အားကိုးကြပါစို့။

စင်ကြယ်သစ္စာဖြင့် ခရစ်တော်ကိုအကြွင်းမဲ့ချစ်ကြပါစို့။

နာခံသစ္စာဖြင့် ဘုရားရဲ့အလိုတော်ကို ရှာဖွေကြပါစို့။

အမှုတော်ဆောင်ချိန် မောပန်းသောအခါ၊

မာရိယာရဲ့ “ဟုတ်ကဲ့” ကို သတိရကြပါစို့။

နားမလည်နိုင်သောအချိန်ခါမှာလည်း

ယုံကြည်ခြင်းဖြင့် ဘုရားထံ ဆက်လက်အပ်နှံကြပါစို့။

" မယ်တော်မာရိယာရဲ့ မွေးနေ့ပွဲက

 ကျွန်ုပ်တို့ကို သတိပေးသော နိုးဆော်အသံမှာ "

အပ်နှံထားတဲ့ဘဝအသက်တာ မိမိအတွက်မဟုတ်ပါ

ခရစ်တော်အတွက်သာ ရှင်သန်ကြပြီး

မိမိရဲ့ခေါ်တော်မူခြင်း၌ သစ္စာရှိကြစေရန်၊

မိမိရဲ့သစ္စာများအား တည်ကြည်စွာစောင့်ထိန်းခြင်းဖြင့်

မိမိအသိုင်းအဝိုင်းတွင် ချစ်ခြင်းဖြင့်အသက်ရှင်ကြရန်

အမှုတော်မြတ်၌ခရစ်တော်ရဲ့မေတ္တာကိုသက်သေခံရန်

မယ်တော်ရဲ့မွေးနေ့ပွဲက သတိပေးသံပေါ်ထွက်လာ။

အို မယ်တော်မာရိယာ၊

ကျွန်ုပ်တို့ကိုလည်း မယ်တော်ကဲ့သို့

“ဟုတ်ကဲ့” ဟု နေ့စဉ် ပြောနိုင်စေရန်

နှိမ့်ချ၍သစ္စာရှိသော ဘဝကို ပေးသနားတော်မူပါ။

မယ်တော်ရဲ့မွေးနေ့မြတ်က မျှော်လင့်ခြင်းဖြစ်ပါစေ။

မယ်တော်ရဲ့ “ဟုတ်ကဲ့” သည် ကျွန်ုပ်တို့ရဲ့ဘဝ   

 အပ်နှံခြင်းအတွက် စံနမူနာဖြစ်ပါစေ။

ကျွန်ုပ်တို့ရဲ့ဘဝအသက်တာ တစ်ခုလုံးက

ခရစ်တော်အတွက် ဆက်ကပ်ထားသော

 လက်ဆောင်ဖြစ်စေတော်မူပါ။

 

✍️ Celeste, MSP 

( ဘုရားအမှုတော်ဆောင်များအားရည်ညွှန်းလျက်)

ကဗ်ာမ်ား