Untitled Document
Untitled Document
Untitled Document
ကဗ်ာ
စိန့်အီဂနေးရှပ်စ် လိုယိုလာ

စိန့်အီဂနေးရှပ်စ် လိုယိုလာ

စိန့်အီဂေနးရှပ်စ်၏ ဘဝ မူလအစက 

လောကဂုဏ်ကို မျှော်လင့်ခဲ့သော နှလုံးသား၊

ဒဏ်ရာအနာအတွင်း၌ ကျေးဇူးတော်ကို တွေ့ရှိခဲ့သူ

လက်ဝါးကပ်တိုင်၏ အလင်းရောင်အောက်တွင်

ဘဝ၏ ဦးတည်ရာကို အသစ်တဖန် ရှာတွေ့ခဲ့သူ

“ကိုယ်တော်၏ အလိုတော်သာ ဖြစ်ပါစေ” ဟူသော

ဆုတောင်းသံကားအသက်တာ၏အသက်ရှူသံဖြစ်လာ

ကိုယ်ကျိုးကိုစွန့်ပြီး ခရစ်တော်ကိုသာရွေးချယ်ခဲ့၍ 

သူတော်မြတ်နှလုံးမှာ မီးရှူးတိုင်အသွင်တောက်ပလာ

တိတ်ဆိတ်ခြင်း၌ ဘုရား၏ အသံကို နားထောင်၍၊

ဆင်ခြင်သုံးသပ်ခြင်းဖြင့် အလိုတော်ကို ရှာဖွေခဲ့သူ

မေတ္တာဖြင့် အမှုတော်မြတ်ကို ထမ်းဆောင်လျက်

ဝိညာဉ်များစွာကို ခရစ်တော်ထံသို့ ပို့ဆောင်ခဲ့သူမှာ

စိန့်အီဂနေးရှပ်စ် လိုယိုလာပါ။

✍️ Celeste, MSP 

 

အို   စိန့်အီဂနေးရှပ်စ်၊

ကျွန်ုပ်တို့၏ နေ့စဉ်အသက်တာတိုင်း၌

ဘုရားသခင်၏ အလိုတော်ကို ရွေးချယ်နိုင်သော ဉာဏ်ပညာ၊

အခက်အခဲများကြား သစ္စာတည်နိုင်သော သတ္တိ၊

အရာခပ်သိမ်းကို ဘုရားဘုန်းဂုဏ်တော်အတွက်သာ

ဆောင်ရွက်နိုင်သော၊ နှိမ့်ချသော နှလုံးသားကို ပေးသနားတော်မူပါ။

“ဘုရားသခင်၏  ဘုန်းဂုဏ်တော်အတွက်”

စိန့်အီဂနေးရှပ်စ်၏ အသက်တာအားဖြင့်

ကျွန်ုပ်တို့ လျှောက်လှမ်းရမည့် သန့်ရှင်းခြင်းလမ်းဖြစ်ပါစေ။ အာမင်။

 

ကဗ်ာမ်ား