" ခရစ်တော်၏ အစေခံ စိန့်လောရင့်စ် "
ခရစ်တော်၏ အစေခံ၊ နှိမ့်ချသစ္စာရှိသူ၊
ယေဇူးသွန်သင်ချက်အတိုင်းဆင်းရဲသားတို့ကိုပြုစုခဲ့သူ။
သတ္တိနှင့် ယုံကြည်ခြင်းကို နှလုံးသား၌ ထားကာ၊
သစ္စာတရားနှင့် အလင်းအတွက် အသက်ကိုပင် ပေးဆပ်ခဲ့သူ။
ဆင်းရဲသားတို့ထဲတွင် ခရစ်တော်၏ရတနာကိုမြင်ခဲ့သူ၊
နာကျင်နေသူတိုင်း၌ ခရစ်တော်၏မျက်နှာတော်ကို တွေ့မြင်ခဲ့သူ။
စမ်းသပ်မှုနှင့် ဆင်းရဲဒုက္ခကြားတွင် မကြောက်ရွံ့ဘဲ၊
ခရစ်တော်ကိုသာ မိမိ၏တန်ဖိုးအကြီးဆုံးရတနာအဖြစ်ခံယူခဲ့သူ။
အို- စိန့်လောရင့်စ်၊
ကျွန်ုပ်တို့အတွက် ဆုတောင်းပေးတော်မူပါ။
နှိမ့်ချသောနှလုံးသားဖြင့် အစေခံတတ်ရန်၊
ဆင်းရဲသားများကို ချစ်ရန်၊
သစ္စာတရားအတွက် ရပ်တည်ရန်၊
ခရစ်တော်နောက်သို့ သတ္တိနှင့် ဝမ်းမြောက်ခြင်းဖြင့် လိုက်လျှောက်နိုင်ရန်
ဘုရားသခင်ထံ ကြားဝင်ကူညီ တောင်းလျှောက်ပေးတော်မူပါ။
ကျွန်ုပ်တို့၏ဘဝသည် ဘုရားသခင်ထံ ဆက်ကပ်သော လက်ဆောင်ဖြစ်ပါစေ။
ကျွန်ုပ်တို့၏ အစေခံခြင်းသည်လည်း အခြားသူများအတွက် အလင်းတစ်စင်း ဖြစ်ပါစေ။
✍️ Celeste, MSP