Untitled Document
Untitled Document
Untitled Document
ကဗ်ာ
" ကြီးမြတ်ခြင်းကဂုဏ်ထူး၌ မဟုတ်၊ အစေခံခြင်း၌ "

  

" ကြီးမြတ်ခြင်းကဂုဏ်ထူး၌ မဟုတ်၊ အစေခံခြင်း၌ "

စကားနဲ့မဟုတ်၊ အကျင့်နဲ့ပြပါ၊

ဂုဏ်မလို၊ ချစ်ခြင်းသာလို၊

အမြင့်ကိုမရှာ၊ အနိမ့်မှာနေပါ၊

ချီးမွမ်းသံမလို၊ ဘုရားသိရင် လုံလောက်ပြီ၊

အာဏာမကိုင်၊ ချစ်ခြင်းဖြင့် အစေခံပါ၊

ကိုယ့်နာမည်မဟုတ်၊ ယေဇူးနာမည်သာ မြင့်စေပါ၊

သူများထက်မြင့်ဖို့မဟုတ်၊ သူများအတွက်နိမ့်ချဖို့၊

နှိမ့်ချသောနှလုံး၊ မေတ္တာပြည့်သောလက်ဖြစ်ဖို့လို၊

အစေခံခြင်းထဲမှာ ကြီးမြတ်ခြင်းကို ရှာပါ၊

မိမိကိုမမြှောက်၊ အခြားသူကိုမြှင့်တင်ပါ၊

လူ့မျက်စိရှေ့မဟုတ်၊ ဘုရားသခင်ရှေ့မှာ သစ္စာရှိပါ၊

ယေဇူးလိုနေ၊ ယေဇူးလိုချစ်၊ ယေဇူးလိုအစေခံပါ။

 

✍️ Celeste, MSP 

 

မာတေဦး ၁- ၁၂ ကို ထောက်ရှုသုံးသပ်၍ ရေးစပ်ထားခြင်းပါ။

ကဗ်ာမ်ား