ယေဇူးထံသို့လမ်းပြမယ်တော်
အို မယ်တော်၊ ဘုရင်မ နဲ့ မိခင်၊
နူးညံ့သိမ်မွေ့သော မျှော်လင့်ခြင်း၏ ကြယ်၊
ဘုရားသခင်အား “ကိုယ်ေတာ်၏အလိုတော်အတိုင်း ဖြစ်ပါစေ” ဟု ဆိုကာ
မိမိရဲ့ နှလုံးသားတစ်ခုလုံးကို
ကိုယ်တော်၏အလိုတော်၌ အပ်နှံခဲ့သူ၊
ယေဇူးကို မိမိရဲ့ ဝမ်းတော်၌ ဆောင်ယူခဲ့ပြီး၊
ရင်ခွင်ထဲ၌ ချစ်ခြင်းဖြင့် ပွေ့ဖက်ခဲ့သူ
လက်ဝါးကပ်တိုင်ခြေတော်ရင်းအထိ
ယေဇူးနောက်သို့ သစ္စာရှိစွာ လိုက်ခဲ့သူပါ။
အိုမိခင်မယ်တော်၊ ကောင်းကင်ဘုရင်မ
ကျွန်ုပ်တို့ရဲ့နှလုံးသားများ ပင်ပန်းနွမ်းနယ်တဲ့အခါ
ကျွန်ုပ်တို့ရဲ့ ခိုလှုံရာ ဖြစ်ပေးပါ။
ကျွန်ုပ်တို့ရဲ့ လမ်းခရီး မှောင်မိုက်တဲ့အခါ
လမ်းပြကြယ် ဖြစ်ပေးပါ။
ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်း အားနည်းလာတဲ့အခါ
မယ်တော်ကဲ့သို့ ယုံကြည်တတ်ရန် သင်ကြားပေးပါ၊
အို မိခင်မယ်တော်မာရီယာ
ကျွန်ုပ်တို့ရဲ့ ချစ်လှစွာသော မိခင် - ဘုရင်မ၊
မယ်တော်ရဲ့ နှလုံးသားနဲ့နီးကပ်စွာ
ကျွန်ုပ်တို့ကို ပွေ့ဖက်ထားပေးပါ။
ကျွန်ုပ်တို့ကို အမြဲတမ်း
သားတော် - ယေဇူးထံသို့ ပို့ဆောင်ပေးပါ၊
မယ်တော်ရဲ့ နူးညံ့သော စောင့်ရှောက်မှုအောက်တွင်
“ကိုယ်တော်၏ အလိုတော်အတိုင်း ဖြစ်ပါစေ” ဟု
ယုံကြည်စွာပြောတတ်ရန် သင်ယူနိုင်သူများဖြစ်စေပါ။
အို မိခင်မယ်တော် -ဘုရင်မ
ကျွန်ုပ်တို့အတွက် ဆုတောင်းပေးပါ
ကျွန်ုပ်တို့နဲ့အတူ လမ်းလျှောက်ပေးပါ
တစ်နေ့တွင်
မယ်တော်၏ သားတော်
ယေဇူး၏နှလုံးသားထံသို့ ရောက်ရှိနိုင်သည်အထိ
လမ်းပြပေးတော်မူပါ။
✍️ Celeste, MSP