Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-08-06 10:08:41
၆ ဩဂုတ်လ ၂၀၂၆၊ ကြာသပတေးနေ့

သခင်ယေဇူး အဆင်းသဏ္ဍာန်ပြောင်းလဲသောပွဲနေ့

တောင်ငူကက်သလစ်ဂိုဏ်းအုပ်သာသနာအတွက် ဆရာတော် Bernardino Ne Ne ၏ဆရာတော်ဘိသိတ်မင်္ဂလာခံယူသော နေ့ထူးနေ့မြတ်နေ့မှာ

 ဂုဏ်ပြုလွှာနှင့် ဆုတောင်းမေတ္တာ

     

 

His Excellency Bishop Bernardino Ne Ne ထံသို့

KYESE Communication မှ CRCM Religious Conference of Myanmar ၏ ကိုယ်စား ဆရာတော်ကြီးအား ဆရာတော်အဖြစ် ခန့်အပ်ခြင်းအတွက် လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါသည်။

သန့်ရှင်းသော ဝိညာဉ်တော်သည် ဆရာတော်ကြီးအား ဉာဏ်ပညာ၊ ခွန်အားနှင့် သိုးထိန်း၏ ချစ်ခြင်းမေတ္တာတို့ဖြင့် ပြည့်ဝစေပြီး၊ ဘုရားသခင်၏ လူမျိုးတော်ကို သစ္စာရှိစွာ ဦးဆောင်နိုင်ရန် အစဉ်လမ်းညွှန်ပေးပါစေ။ ဆရာတော်ကြီး၏ သာသနာပြုအမှုတော်သည် ခရစ်တော်၏ သတင်းကောင်းအားဖြင့် လူအများအတွက် မျှော်လင့်ခြင်း၊ အမှန်တရားနှင့် စည်းလုံးညီညွတ်ခြင်း၏ အလင်းရောင်ဖြစ်ပါစေ။

ဆရာတော်ကြီးသည် ဧဝံဂလိ သတင်းကောင်းကို ဖြန့်ဝေခြင်းနှင့် အသင်းတော်၏ စည်းလုံးညီညွတ်မှုကို မြှင့်တင်ခြင်းအားဖြင့် ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းကို အောင်မြင်ပါစေ။ဆရာတော်ကြီး၏ အမှုတော်မြတ် ထမ်းဆောင်စဥ်တစ်လျှောက် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ ကြွယ်ဝစွာ သက်ရောက်ပါစေကြောင်း ဆုတောင်းအပ်ပါသည်။ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့်ဆရာတော် အသစ်တစ်ပါးအား တောင်ငူကက်သလစ် ဂိုဏ်းအုပ်သာသနာ၏ ဆရားတော်အဖြစ် ရရှိသည့်အတွက်လည်း ဂုဏ်ယူဝမ်းမြောက်စွာ ဂုဏ်ပြုဆုတောင်းအပ်ပါသည်။

ဤအချိန်သည် တောင်ငူကက်သလစ် ဂိုဏ်းအုပ်သာသနာ တစ်ခုလုံးအတွက် ကျေးဇူးတော်နှင့် အသစ်ပြန်လည်ရှင်သန်ခြင်း၏ အချိန်ကာလ ဖြစ်ပါစေ။ 

ထို့အတူ တောင်ငူ ကက်သလစ် ဂိုဏ်းအုပ်သာသနာရှိ ရဟန်း၊ကိုရင်၊သီလရှင်၊ ယုံကြည်သူ ဘာသာဝင်အပေါင်းတို့သည် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့၌ တစ်လုံးတစ်ဝတည်း လျှောက်လှမ်းကာ ခရစ်တော်၏ သတင်းကောင်းကို အတူတကွ ကြေညာသက်သေခံနိုင်ကြပါစေ။

ဆရာတော်ကြီးသည် ဤတာဝန်သစ်နှင့် ခရီးစဥ်သစ်အပေါ် ဘုရားသခင်၏ ငြိမ်သက်ခြင်း၊ စည်းလုံးညီညွတ်ခြင်းနှင့် ကျေးဇူးတော်အသီးအပွင့်များ ကြွယ်ဝစွာ သက်ရောက်ပါစေကြောင်း ဆုတောင်းအပ်ပါသည်။

လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါသည်။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ အစဉ်ကြွယ်ဝစွာ ခံစားရပါစေ။

လေးစားစွာဖြင့်

Sr. Maria Ni Ni, MSP 

KYESE Communication and Website in Charge, CRCM 

NEWS AND EVENTS