၁၅ ဩဂုတ်လ၂၀၂၆ စနေနေ့ ၊ နံနက် ၉:၀၀ နာရီ
စိန့်ဖရန်စစ်ဇေဗီးယားဘုရားကျောင်းသန်လျင်၊ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာတွင် ဆရာတော် Raymond ဝေလင်းထွန်း လက်တော်မှ
ရဟန်းသိက္ခာခံယူခြင်းအခမ်းအနားကျင်းပခဲ့ခြင်း
မယ်တော်၏အစေပါးအသင်းဂိုဏ်းဝင် Fr.Stephen Aung Zey Ya Moe, OSM သည်
ယစ်ပုရောဟိတ် ရဟန်းတစ်ပါးအဖြစ် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာမှ
ဆရာတော် Raymond ဝေလင်းထွန်း ၏ လက်တော်မှ ရဟန်းသိက္ခာခံယူခဲ့ပါသည်
မစ္ဆားတရားတော်မြတ်တွင် Bishop Raymond ဝေလင်းထွန် ၊ Monsignor Andrea Ferrante ၊
မယ်တော်၏ အစေးအပါး အသင်းဂိုဏ်းအကြီးအကဲFr. Maria Soosai, OSM နှင့်
ရဟန်းတော်များ ပါဝင် ကျင်းပခဲ့ကြပါသည်။
ရဟန်းသိက္ခာတင်ခြင်းအခမ်းအနားတွင် ဂိုဏ်းအသီးသီးမှ သူတော်စင်များ နှင့်
ဘာသာဝင် ဓမ္မမိတ်ဆွေများဖြင့် ပွဲတော်မြတ်ကို ဆည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။
Sr. Maria Ni Ni, MSP
KYESE Communication and Website in Charge, CRCM