Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-03-15 05:54:15

16.3.2024 – Saturday, Week 4th of Lent.
၁၆ မတ်လ၊ ဝါတွင်းကာလ စတုတ္ထသီတင်းပတ် - စနေနေ့
John 7:40-53 - ရှင်ယောဟန် ၇း ၄၀-၅၃
Reflection by Sr. Christine Dah, RGS
Posted by Sr. Benedetta Myat Hnin Nwe (ISR)  

ကိုယ်တော်၏အကြောင်းနှင့်စပ်လျဉ်း၍ လူအစုအဝေးအတွင်း၌ အယူအဆကွဲလွဲလျက်ရှိ၏။ အချို့သောသူတို့သည်ကိုယ်တော့်ကိုဖမ်းဆီးရန်အလိုရှိကြ၏။ သို့သော် မည်သူကမျှကိုယ်တော့်ကိုမဖမ်းဆီးကြချေ။ဗိမာန်တော်အစောင့်က၊ရဟန်းအကြီးအကဲများနှင့် ဖာရီဇေးဦးတို့ကလည်းသင်တို့သည်အဘယ်ကြောင့် သူ့ကိုမခေါ်ဆောင်ခဲ့ကြသနည်းဟုအချင်းချင်း မေးကြလေ၏။အစောင့်တို့ကလည်း ဤသူကဲ့သို့ မည်သူမျှမဟောပြောဖူးပါဟုဆိုကြ၏။ သူတို့အသီးသီး မိမိတို့၏အိမ်သို့ပြန်သွားကြလေ၏။ Jn 7:43-46,53 #ထောက်ရှုချက် ဤကျမ်းပုဒ်ကို ထောက်ရှုစဉ် ၁၉၆၄-၁၉၈၅ ဝန်းကျင်လူသိများသော ဘရာဇီးဆရာတော် ဟေလ်ဒါ ကမရာ၏ဘဝဖြစ်စဉ်ကိုသတိယစေသည်။ ထိုအချိန်က ကက်သလစ်တိုင်းပြည်ဖြစ်သော်လည်း ဘရာဇီးနိုင်ငံတွင် စစ်အုပ်ချုပ်စနစ်ကြောင့် ဆရာတော်ကဆင်းရဲမှု၊ တရားမျှတမှုနှင့်အာဏာရှင်ကိုဆန့်ကျင်သော အရေးအသား၊ ဟောပြောသွန်သင်မှုကြောင့်စစ်အာဏာရှင်များကကြေးစားလူသတ်သမားငှါး၍ သူ့ကိုသေကြောင်းကြံကြသည်။ လူသတ်သမားသည်သူ့ကိုလိုက်လံရှာဖွေသတ်ဖြတ်ရာဆရာတော်အားဆင်းရဲသားရပ်ကွက်တစ်ခုတွင် တဲအိမ်လေးဖြင့်ဆင်းရဲသားများနှင့်အတူနေထိုင်သည်။ လူသတ်သမားသည် ဆရာတော်အနားချဉ်းကပ်၍ “ခင်များက ဆရာတော် ဟေးလ်ဒါ ကမရာလာ”ဟုမေးရာ ဆရာတော်ဟုတ်သည်ဖြစ်ကြောင်းသိသောအခါ ဆရာတော်အား“ခင်များကိုကျူသတ်ဖို့လာပေမယ့် ခင်များက ရဟန္တာဘဲ”ဟုဆို၏။ ဆရာတော်လည်းအမိန့်အရသတ်ရသောကြောင့်သတ်ပြီးမှပြန်ပါဟုလက်ခံသဘောတူပေးသော်လည်း လူသတ်သမားသည်သွေးတစက်ရယ်မှမစွန်းစေဘဲပြန်သွားသည်။ စစ်မှန်သောအမှန်တရားတွက် ရှင်သန်ရပ်တည်ပေးသောသူသည်တန်ခိုးကြီး၍ ဒုစရိုက်သား လူသတ်သမားတို့ပင်လျှင်ခံစားသိရှိဦးညွတ်လေးစားသည်ကိုဖော်ပြသည်။“အမှန်တရားသည် လူကိုလွတ်လပ်စေသည်”။ Jn 8:34သမ္မာတရား၊ အမှန်တရားဖြင့်လူ့လောကတွက် ဆေးတခွက်ဖြစ်ရှင်သန်နိုင်ကြပါစေ။

Daily Reflection