20.4.2024 - Saturday 19 April 2024 3rd week of Eastertide
ဧပြီလ ၂၀ ရက် ၊ ၂ ၀၂၄၊ ပါစကားကာလ တတိယမြောက်သီတင်းပတ် စနေနေ့၊
ရှင်ယောဟန် ၆:၆၀-၆၉- John; 6:60-69
Reflection by Rev.Fr. Bosco Saw Lar Htoo
Posted by Sr. Benedetta Myat Hnin Nwe,ISR
“များစွာသော တပည့်တော်တို့သည် ဤအကြောင်းအရာကို ကြားကြလျှင် ဤသွန်သင်ချက်သည်ခက်ခဲလှပေ၏။ မည်သူသည်ဤအချက်ကို နာယူနိုင်မည်နည်းဟုဆိုကြလေ၏။ကိုယ်တော်မူကား ဤအကြောင်းအရာအပေါ် မိမိ၏တပည့်တော်များဝေဖန်ပြောဆိုနေကြသည်ကို သိသောကြောင့်သူတို့အား မိန့်တော်မူသည်ကားဤစကားကြောင့် သင်တို့စိတ်ပျက်ကြသလော။သို့ဖြစ်လျှင်အကယ်၍လူသားသည် မိမိယခင်ကရှိတော်မူခဲ့ သောအရပ်သို့ တက်ကြွသွားသည်ကို သင်တို့မြင်ကြရပါကမည်သို့ရှိမည်နည်း။ဝိညာဉ်သည် အသက်ကိုပေး၏။ကာယသည်ကား မည်သို့မျှမတတ်နိုင်။ သင်တို့အား ငါပြောသောစကားများသည် ဝိညာဉ်နှင့် အသက် ဖြစ်ကြ၏။သို့သော် သင်တို့အလယ်တွင် မယုံကြည်သောသူ အချို့ရှိ၏ဟု မိန့်တော်မူ၏။ အကြောင်းမူကား မည်သူတို့သည် မယုံကြည်သော သူများဖြစ်ကြ၍ မည်သူသည် မိမိကိုသစ္စာဖောက်မည်ကို အစဦးကပင်ယေဇူးသိတော်မူ၏။သို့ဖြစ်၍ကိုယ်တော်က ဤအကြောင်းကြောင့်ငါ၏ခမည်းတော် အခွင့်ပေးတော်မမူလျှင်မည်သူမျှ ငါ့ထံသို့ မလာနိုင်ကြောင်း သင်တို့အားငါဆိုခဲ့ပြီဟုမိန့်တော်မူ၏။ထိုအချိန်မှစ၍များစွာသော တပည့်တော်တို့သည် ထွက်ခွာသွားကြ၍ ကိုယ်တော်နှင့်အတူ သွားလာခြင်းမရှိကြတော့ချေ။ထိုအခါယေဇူးကတပည့်တော်တစ်ဆယ့်နှစ်ပါးတို့အားသင်တို့သည်လည်း ထွက်ခွာသွားရန်အလိုရှိကြသလောဟုမေးတော်မူလျှင်၊စီမွန်ပေတရုက သခင်ဘုရား၊ တပည့်တော်တို့သည်မည်သူ့ထံသို့သွားရပါမည်နည်း။ကိုယ်တော်၌ ထာ၀ရအသက်နှင့် ဆိုင်သောစကားရှိပါ၏။ကိုယ်တော်သည် ဘုရားသခင်ထံမှ ကြွလာသည့် သန့်ရှင်းမြင့်မြတ်သောသူ ဖြစ်တော်မူသည်ကို တပည့်တော်တို့ ယုံကြည်သိမှတ်ခဲ့ကြပါပြီဟု ပြန်လျှောက်လေ၏။-”ထောက်ရှုချက်"သင်တို့အား ငါပြောသောစကားများသည်ဝိညာဉ်နှင့်အသက်ဖြစ်ကြ၏။"(ယောဟန် 6:63)ကိုယ်တော်၌ ထာ၀ရအသက်နှင့် ဆိုင်သောစကားရှိပါ၏။(ယောဟန် 6:68)ထာဝရဘုရားသခင်ကစကြာဝဠာ ကမ္ဘာမြေကြီးကို ဖန်ဆင်းတဲ့အချိန်တုံးကမိမိရဲ့နုတ်တော်မှာ စကားနဲ့ပဲဖန်ဆင်းခဲ့တာဖြစ်ပါတယ်။"ဖြစ်စေ"ဆိုတဲ့ကိုယ်တော်ရဲ့နှုတ်တော်မှစကားကြောင့်အရာခပ်သိမ်းဖြစ်တည်လာခဲ့ပါတယ်။ထို့နည့်တူစွာ သခင်ခရစ်တော်၏နှုတ်မှ ပြောဆိုသောစကားများသည်လည်းဝိညာဥ်နဲ့အသက်ဖြစ်တယ်ဆိုတာကိုသခင်ဘုရားကိုယ်တော်တိုင်ကဒီနေ့မိန့်ကြားနေတာဖြစ်ပါတယ်။ဝိညာဉ်ဟာအသက်ကိုပေးပါတယ်။ဒါကြောင့် ဘုရားရှင်မိန်မြွက်တော်မူရာနှုတ်ကပတ်တရားတော်ကို ယုံကြည်လျှက်လိုက်နာကျင့်ကြံကြပါလျှင်အသက်ကိုရမှာဖြစ်ပါတယ်။မယုံကြည်ဘူး၊ မကျင့်ကြဘူးဆိုရင်တော့အသက်ကိုဆုံးရှုံးပါလိမ့်မယ်။ဒါကြောင့်မို့ ကျွန်ု်ုတို့ ပြောရမှာက"သခင်ဘုရား၊ တပည့်တော်တို့သည်မည်သူ့ထံသို့ သွားရပါမည်နည်း။ကိုယ်တော်၌ ထာ၀ရအသက်နှင့်ဆိုင်သောစကားရှိပါ၏။" (ယောဟန် 6:68) ဆိုတဲ့စကားဖြစ်ပြီး၊ကိုယ်တော်၏စကားကိုနားထောင်ကျင့်ကြံကြဖို့ဖြစ်ပါတယ်။သခင်ခရစ်တော်မိန့်ကြားသမျှကိုယုံကြည်လိုက်နာပြီးထာဝရအသက်ပိုင်ဆိုင်နိုင်ကြဖို့ကြိုးစားကြပါစို့။