Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-03-30 11:18:46

မတ်လ(၃၁)ရက်
ဝါတွင်းကာလစတုတ္ထအပတ်တနလ်ာနေ့။
ယောဟန် ၄း၄၃-၅၄
Fourth Week of Lent,Monday
(John 4:43-54)
Reflection by FMA-Myanmar

“ အမတ်ကြီးသည် ကိုယ်တော်ထံသွား၍ ကိုယ်တော်ကြွလာပြီး မိမိ၏သားကို ပျောက်ကင်းချမ်းသာစေမည့်
အကြောင်းတောင်းပန်လေ၏”
ဒီကနေ့နှုတ်ကပတ်တရားတော်ထဲမှာအမတ်ကြီးတစ်ဦးကသူ၏သားကုသခြင်းရရှိရန်အတွက်ခရစ်တော်ဘုရားရှင်ထံသွားရောက်အသနားခံခြင်းအကြောင်းကိုကျွန်ုပ်တို့အားလုံးကြားနာခဲ့ကြရပါတယ်။
ခရစ်တော်ဘုရားရှင်ဟာအမတ်ကြီး၏ ကြီးမာသောယုံကြည်မျှော်လင့်ချက်တွေကြောင်းသူ့၏ သားကိုမတို့ထိဘဲနဲသာအဝေးကနေသူ၏ရောဂါဝေဒနာကိုပျောက်ကင်းအောင် ကုသပေးခဲပါတယ်။“သွားလော့သင်၏သားအသက်ချမ်းသာရလိမ့်မည်။”အမတ်ကြီးလည်းကိုယ်တော်မိန့်တော်မူသောစကားကိုယုံကြည်လျက်ပြန်သွားလေ၏။ကျွန်ုပ်တို့လူတိုင်းလူတိုင်းရဲ့ဘဝမှာခန္ဓာအတွက်ကုသခြင်းလိုအပ်နေကြသလိုဝိညာဉ်ရေးအတွက်လည်းကုသခြင်းလိုအပ်ကြပါတယ်။မိမိတို့တစ်ဦးချင်းစီတွေ့ကြုံခံစားနေရသောဒုက္ခအခက်ခဲဖြစ်စေ၊ရောဂါဝေဒနာအမျိုးမျိုးဖြစ်စေဒီကနေ့ကျမ်းစာတော်မြတ်ထဲက အမတ်ကြီးကဲ့သို့ခရစ်တော်ဘုရားရှင်ထံသွားရောက်အသနားခံပြီးကုသခြင်းခံယူဖို့လိုအပ်ပါတယ်။မိမိတို့အတွက်ဖြစ်စေမိမိချစ်မြတ်နိုးရတဲ့သူတွေအတွက်ဖြစ်စေယုံကြည်ခြင်းအပြည့်အဝဖြင့်ကုသခြင်းကိုတောင်းခံလျှင်လက်နှင့်တို့ထိ၍သော်၎င်း၊အဝေးကနေသော်၎င်းကုသပေးဖို့ရန်ဘုရားရှင်ဟာအမြဲအဆင်သင့်ရှိနေပါတယ်။အဆုံးစွန်သောအခြေအနေနှင့်တွေ့ကြုံရတဲ့ချိန်မှာဘုရားရှင်ကကျွန်ုပ်တို့နားမှာရှိနေပြီဆက်ချစ်နေသေးတယ်ကျွန်ုပ်တို့နှင့်အတူရှိနေတယ်ဆိုတာယုံကြည်သွားကြရအောင်။အရာရာကိုမဖြစ်နိုင်ဘူးလို့ထင်မြင်တတ်သောကျွန်ုပ်လူသားတွေရဲ့အမြင်ကိုချွတ်ခွာကာအရာရာကိုတတ်စွမ်းနိုင်သောဘုရားရှင်ထံမိမိတို့လိုအပ်လျက်ရှိသောကျေးဇူးတော်များကိုသွားရောက်အသနားခံသွားကြပါစို့။

Daily Reflection