ဖိလစ်ပိုင်အစိုးရက ကိုဗစ်ကပ်ဆိုးကာလ၌ သူ၏ကိုယ်ကျိုးစွန့်ပေးဆက်လုပ်ဆောင်မူအတွက် RVA (Radio Veritas Asia - ဖိလစ်ပိုင်နိုင်ငံ၊ အာရှသမ္မာတရားအသံလွှင့်ဌါန) ၀န်ထမ်း တစ်ဦးဖြစ်သော Diokno P. Espinosa အား ဆုတံဆိပ်ကို နိုင်၀င်ဘာလ (၃) ရက်နေ့ကပေးအပ်ချီးမြှင့်ခဲ့သည်။ ထိုဆုကို ‘Ulirang Ka-Distrito Awardee’ ဟုခေါ်ပါသည်။ ထိုဆု၌ စွန့်လွှတ်ပေးဆက်မှုကို အသိအမှတ်ပြုသော မှတ်တမ်းနှင့် Quezon ဒေသအစိုးရ၏ ‘နိုင်ငံသား ကောင်းဖြစ်ကြောင်းအသိအမှတ်ပြု’ လက်မှတ်ပါသည့် စာရွက်ပါရှိပါသည်။
Quezon ပြည်နယ်၌ ဒေသဖွံ့ဖြိုးရေး အတွက် အပိုင်း (၁၄) ခုပိုင်းထားပြီး၊ ထိုတစ်ခုစီ၌ ထူးချွန်သော နိုင်ငံသားများအား ယခုကဲ့သို့ဆုချီးမြှင့်သည့်အစီအစဉ် လည်းထည့်သွင်းထားသည်။ ယခုကဲ့သို့ အသိအမှတ်ပြုခံရခြင်းမှာ မည်သည့် အကျိုးမျှမမျှော်ကိုးဘဲ ပရဟိတ္တစိတ်သက်သက်ဖြင့် ကိုဗစ်ကာလ၌ အကူအညီလိုအပ်နေသူများအားကူညီပေးခဲ့သူဖြစ်သည်။
ဆုချီးမြှင့်ခြင်းအခမ်းအနား၌ ဒေသအစိုးရ၏တာ၀န်ရှိသူ Vargas က ‘Espinosa ၏ လုပ်ဆောင်ချက်သည် အလွန်စံပြုဖွယ်ဖြစ်ပြီး၊ အခြားသူများအားလည်း နိုးဆော်ပေးသည်။ လူသားအလွန်ဆန်သူဖြစ်သည်။ အသိအမှတ်ပြုခံရရန်၊ ဆုရရှိရန်ရည်ရွယ်လုပ်ဆောင်ခြင်းမဟုတ်။ သို့သော် အတိဒုက္ခရောက်နေသော ပြည်သူများကိုချစ်၍ကူ ညီရန်သာဖြစ်သည်’ ဟုပြောကြားခဲ့သည်။
ထို့အတူ RVA ၏ အထွေထွေမန်နေဂျာဖြစ်သော ဖာသာရ် Victor F. Sadaya, CMF ကလည်း ‘ဤ အဖြစ်အပျက်သည် အလွန်တရာ သင်ယူမှတ်သားစရာကောင်းသော အဖွဲ့အစည်းတစ်ခုမှအဖွဲ့ဝင်တစ်ဦး၏ အကြောင်းဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် လူတိုင်းကြပ်တည်းသည့်ကာလ၌ သူကိုယ်တိုင်လည်းကြပ်တည်းသော်လည်း အကူအညီ လိုအပ်သူများကို ကူညီခဲ့သည်။ ဤစိန်ခေါ်မှုများနေချိန် သူသည် သူ၏ အချိန်နှင့်လုပ်အားကို အလွန်ရက်ရောစွာ ပေးလှူခဲ့သူဖြစ်ည်။ သူရဲကောင်းပင်ဖြစ်ပြီး လူမှုအသိုင်းအဝိုင်းအားလည်း မိမိနှင့်နီးစပ်သူများကို ကူညီရန် သူ၏ကိုယ်ကျိုးမဖက်သော လုပ်ဆောင်ချက်ဖြင့် သက်သေပြခဲ့သည်’ ဟုပြောကြားခဲ့သည်။
RVA မြန်မာ၏ တွဲဖက်တာ၀န်ခံ ဖာသာရ်ပီတာကြည်မောင်ကလည်း ‘Diokno သည် ၀န်ထမ်းများအနက် အလွန်နှိမ့်ချသူ၊ အလွန်ရိုးစင်းသူဖြစ်သည်။ အလုပ်လည်းကြိုးစားသည်။ အမြဲရွှင်ပြုံးနေတတ်သည်။ ကူညီရန်အမြဲ အသင့်ရှိသူဖြစ်သည်’ ဟုချီးကျူးခဲ့သည်။
ဆုလက်ခံရရှိသော Diokno အနေဖြင့် ယခုကဲ့သို့ဆုချီးမြှင့်ပေးသည့်အတွက် အလွန်ပျော်ရွှင်ရပါကြောင်း၊ သို့သော် ဤဆုမျိုးကို သူ၏ဘဝ၌ မမျှော်လင့်ခဲ့ကြောင်း၊ နိုင်ငံသားတစ်ဦးအနေဖြင့် မိမိ၏နီးစပ်သူအား ပေးဆက်မှုကိုအသိ အမှတ်ပြုပေးသော ဒေသန္တရအစိုးရကိုလည်း ကျေးဇူးတင်ကြောင်း၊ သူ၏အသိုင်းအဝိုင်း၌ သူသာလျှင်ဤ ဆုကိုရရှိခဲ့ခြင်းဖြစ်ကြောင်း၊ သူသည် RVA ရုံး၌ (၁၉၉၈) မှစ၍ ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ဆောင်ခဲ့သူဖြစ်သည်။
ဖာသာရ်ကလေးမင်းအားတယ်
Photos Crd