Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-09-16 06:18:55

Temporary Profession Course 2024 - ရာသက်ပန်သစ္စာ ခံယူမည့်သီလရှင်ငယ်လေးများအတွက် မွမ်းမံသင်တန်း
20 July – 15 September 2024 - CRCM

ရာသက်ပန်သစ္စာခံယူမည့်သီလရှင်ငယ်လေးများအတွက် မွမ်းမံသင်တန်းကို ၂၀.၇.၂၀၂၄ မှ ၁၅.၉.၂၀၂၄ အထိရန်ကုန်မြို့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သစ္စာသုံးပါးခံ သူတော်စင်များအဖွဲ့ချုပ်ရုံး၌ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။၎င်းအစီအစဥ် ကို CRCM Formation Commission Team မှရေးဆွဲကာ ပို့ချပေးသော Professorဆရာသမားများနှင့်ဘာသာရပ်များကိုအောက်ပါအတိုင်း ပို့ချဝေမျှပေးခဲ့ကြပါသည်။ Growth in Vocationဘာသာရပ်ကို Rev.Fr. Irsan,SJ မှလည်းကောင်း, Consecrated Life and Christianity ဘာသာရပ်ကို Sr.Theresa Ni Ni Aung,MSP မှလည်းကောင်း"Healthy personalities build happy community"ဘာသာရပ်ကို Sr. Josephine Valence,FMMမှလည်းကောင်း,Personal time Introduction to Sacred Scripture ဘာသာရပ်ကို Rev.Fr.Thomas,OSM မှလည်းကောင်း,Life of Jesus and His Mission in the Context of our Calling in today's realities ဘာသာရပ်ကို Rev. Fr. Philip Hla Phoe မှလည်းကောင်း,St.John Gospel ဘာသာရပ်ကို Sr.Caroline,FMM မှလည်းကောင်း,Pastoral aspect of religious life ဘာသာရပ်ကို Rev.Fr.Henry,SDB မှလည်းကောင်း,Media Social Communication ဘာသာရပ်ကို Sr. Benedetta Myat Hnin Nwe,ISR မှလည်းကောင်း,Reimagining the Religious Life ဘာသာရပ်ကို Sr.Rose Philip,SFX မှလည်းကောင်း,Leadership and Religious ဘာသာရပ်ကို MLI Teams မှလည်းကောင်း,Interpersonal relational skills and Nurturing wellbeing Relaxation ဘာသာရပ်ကို Sr.Agnes Paitu,RGS မှလည်းကောင်း,The Role of Religious Life in the Church ဘာသာရပ်ကို Sr. Patricia,OSM မှလည်းကောင်း,Religious Vows Todayဘာသာရပ်ကို Sr.Rosie,SJAမှလည်းကောင်း ပို့ချပေးခဲ့ကြပါသည်။၂၅.၈.၂၀၂၄တွင် ပုပ်ရဟန်းမင်းကြီး ကိုယ်စားလှယ် မွန်ဆီညော်အန်ဒြေးယာဖရန်းတေ မှမစ္ဆားတရားတော်မြတ်တင်ပူဇော်ပေးပြီးသစ္စာသုံးပါးခံသူတော်စင်များအတွက်သိ‌ကောင်းစရာများနှင့်အား‌ပေးအမှာစကားမြွက်ကြားခြင်းနှင့်အတူ CRCM ဥက္ကဌ ဖာသာရ်‌ဘောစကိုဇေယျာအောင်,SDB မှ ပညာပေးကစားနည်းများဦးဆောင်ကစားပေးကာ ဆုများချီးမြှင့်ပေးခဲ့ပါသည်။ Directed Retreat ကို ၉.၉.၂၀၂၄ မှ - ၁၃.၉.၂၀၂၄ အထိ CRCM - Myanmar Association of Spiritual Direction Teamတာဝန်ခံ Rev.Fr. Jerome,OFM နှင့် MASD Team members 1.Rev.Fr. Jerome,OFM 2.Sr.Ann Theresa,SFX 3.Sr.Gabriela Api,ISR 4.Sr.Clare Peter,RGS 5.Sr.Patricia,SFX 6.Sr.Delphina,SJAတို့မှ ဦးဆောင်ပေးခဲ့ကြပါသည်။ TP Course နှစ်လအတွင်း CRCM Executive Secretary Sr.Rita Cing Don Niang,MSP၊ CRCM Formation Commission Team Coordinator Rev.Fr. Irsan, SJ နှင့်အဖွဲ့ဝင်များဖြစ်ကြသော 1.Sr.Magrita,SJA 2.Sr.Josephine,OSM 3. Sr. Lucy Thida, MSP 4.Sr.Benedetta Myat Hnin Nwe, ISR 5.Sr. Suzan, SFX တို့လက်တွဲကာ သီလရှင်ငယ်လေးများနှင့်အနီးကပ်အတူနေပေးခြင်း၊ နားထောင်ပေးခြင်’ဖြင့် ကာယ၊ ဝိညာဥ်လိုအပ်ချက်များဖြည့်စွက်ပေးခဲ့ကြပါသည်။ ၎င်းအပြင် St. Ignatius of Loyola Feast, Visit to St. Augustine Church,စိန့်အီဂ်‌နေးရှပ်စ် လိုယိုလာပွဲနေ့တွင်စိန့်သြဂုတ်စတင်းဘုရားကျောင်းသို့ သွားရောက်ဆုတောင်းခြင်းနှင့် Visiting to Churches ရန်ကုန်မြို့တွင်း ဘုရားကျောင်း(၇)ကျောင်းသို့ သွားရောက်လေ့လာ၊ လည်ပတ်ဆုတောင်းခြင်း၊ မယ်တော်မာရိယာသခင်မမွေးနေ့ပွဲ စိန့်အန်ထော်နီဘုရားကျောင်းသို့ သွားရောက်ဆုတောင်းခဲ့ကြပါသည်။Personal Reflection, Spiritual Accompaniment, Self-study,သီလရှင်တစ်ပါးစီသည်လည်း ဘုရားနှင့်ပေါင်းစပ်နိုင်ရန်ကိုယ်ပိုင်ထောက်ရှုခြင်းအချိန်၊ဝိညာဥ်ရေးနှင့်အဖော်ပြုခြင်း၊ ညအချိန်စာပေဗဟုသုတများလေ့လာဖတ်ရှုချိန်လည်းထားရှိပါသည်။ CRCM အတွင်းရေးမှူး စစ္စတာရ်ရီတာ၊MSP မှသင်တန်းတစ်ခုလုံး၏ လိုအပ်ချက်များတာဝန်ယူဆောင်ရွက်ခဲ့ပြီး CRCM Househ အဟာရဖြည့်တင်းရေးတာဝန်ခံ စစ္စတာရ် မာဒလေးနာဇင်မာအောင်,FSAG နှင့် ညီမငယ်သုံးဦး ဘက်နဒက်၊အဲလိဇဘက်၊ခရစ္စတင်းတို့မှ တာဝန်ယူဆက်ကပ်ပေးခဲ့ကြသည်။သီလရှင်များအတွက် ကျန်းမာရေးနှင့်သတင်းမီဒီယာ တာဝန်ခံစစ္စတာရ်ဘက်နက်ဒက်မြတ်နှင်းနွယ်,ISRမှ လိုအပ်ချက်များကူညီဆောင်ရွက်ပေးခဲ့ပါသည်။သင်တန်းဆင်းပွဲကို ၁၅.၉.၂၀၂၄ နံနက်၇း၀၀နာရီ အချိန်တွင် ရန်ကုန်ဂိုဏ်းချုပ်လက်ထောက်ဆရာတော်ဖရန်စစ်သန်းထွန်း မှ ဦးဆောင်ဦးရွက်ပြီး Rev.Fr. Irsan,SJ နှင့် ဖာသာရ်သြဂုတုစတင်း,OFM တို့ပါဝင်ကာကျေးဇူးတင် မစ္ဆားတရားတော်မြတ်ဖြင့် ပိတ်ပွဲပြုလုပ်ခဲ့ကြပါသည်။
ဒက်ဇူးမယ်,ISR

NEWS AND EVENTS
2024-06-15 00:11:14

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။