Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-01-06 21:51:30

#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် သူတော်စင်အသင်းဂိုဏ်းများ အကြီးအကဲတို့၏ (၈၈)ကြိမ်မြောက် ညီလာခံအစည်းအဝေး။ ၂-၃၊ ဇန်နဝါရီလ၊ ၂၀၂၅ ခုနှစ်။
#88th General Convention of Catholic Religious Conference of Myanmar.
2-3.1.2025 - CRCM,Yangon

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများ အကြီးအကဲတို့၏ နှစ်ပတ်လည်အစည်းအ‌ဝေး‌‌‌‌‌‌‌‌‌‌ ကို ၂. ၁. ၂၀၂၅ မှ ၃.၁. ၂၀၂၅ အထိ CRCM ရန်ကုန်၌ အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်ပါသည်။ ၂.၁.၂၀၂၅ တွင် Theme; “Symphony of Prayer as a way of hope” အတိုင်း နှစ်ရက်အတွင်း နံနက် ၇း၀၀ နာရီ Morning prayer and preparation for Mass ကို Sr. Benedetta Myat Hnin Nwe (ISR) မှတာဝန်ယူခဲ့ပြီး အဖွင့်မစ္ဆားတရားတော်မြတ်ကို ရဟန်းမင်းကြီး ကိုယ်စားလှယ် Rev. Msgr. Andrea Ferrante မှ မစ္ဆားကိုဦးဆောင်ကာ CRCM ဥက္ကဌ Rev. Fr. Bosco ဇေယျာအောင် (SDB), Rev. Fr. Endward (CMF) Fr. Jerome (OFM)၊ Rev. Fr. Girish (SJ) နှင့် ရဟန်းတော်အချို့ပါဝင် တင်ပူဇော်ပေးခဲ့ကြပါသည်။ Sr.Margrita Sai Tin Thiam,SJA မှ Facilitator တာဝန်ယူဆောင်ရွက်ခဲ့ပြီး ၎င်းနောက်ကြိုဆိုနှုတ်ခွန်းဆက်စကားကို CRCM ဥက္ကဌ Rev. Fr. Boscoဇေယျာအောင်(SDB) မှဦးဆောင်ပေးခဲ့ပါသည်။အသစ်ရောက်ရှိလာသော အသင်းဂိုဏ်း ကိုယ်စားလှယ်များ မိတ်ဆက်ခြင်း၊ Rev. Msgr. Andrea Ferrante မှသြဝါဒ‌ပေးခြင်း နှင့် Sr. Theresa Kim, MSSC ကိုလမ်ဘမ် အသင်းဂိုဏ်းမှ ပို့ချချက်ပေးခဲ့ပြီး အဖွဲ့လိုက်ဝေမျှခြင်းပြုလုပ်ခဲ့ပါသည်။နေ့လည် ၁း၃၀ နာရီ အချိန်တွင် ကြေးစည်မြန်မာ၊ Kyese,CRCM website report ကို Admin/ အယ်ဒီတာတာဝန်ခံ Sr. Benedetta Myat Hnin Nwe(ISR) မှလည်းကောင်း၊ Executive Secretary Report ကို Sr. Rita Cing Don Naing (MSP)မှလည်းကောင်း၊ MIRS Report ကို Rev.Fr.Henry,(SDB) မှလည်းကောင်း၊ Talitakum Report ကို Sr. Lucy Aye Win, SCCG မှ လည်းကောင်း၊ Treasurer Report ကို Sr. Mandalena Sandar Win(RGS)တို့မှ တင်ပြသွားခဲ့ကြပါသည်။ ၂၀၂၂ ခုနှစ် မှ ၂၀၂၄ခုနှစ်ထိ ၃နှစ်တာ တာဝန်ယူခဲ့ပြီးသော Institute of the Sisters of Reparation (ISR) ဆပ်ဖြေခြင်းသီလရှင်အသင်းဂိုဏ်းမှကြေးစည်စာစောင် အယ်ဒီတာ စစ္စတာရ် ဘက်နက်ဒက်တာ မြတ်နှင်းနွယ်(ISR)အား ကျေးဇူးတင်ခြင်း၊ ၂၀၂၅ ခုနှစ် မှ ၂၀၂၇ ခုနှစ်အထိ Missionary Sisters of St.Paul (MSP)သာသနာပြုစိန့်ပေါလ်သီလရှင် အသင်းဂိုဏ်း မှ စစ္စတာရ်မာရီးယာနီနီလှိုင်(MSP)နှင့် စစ္စတာရ် ရို့စ်လိမာ(MSP)တို့အားကြိုဆိုခြင်းနှင့်အတူ တာဝန်လွှဲပြောင်းခဲ့ပါသည်။ထိုနည်းတူ ၂၀၂၄ ခုနှစ် Householdတာဝန်ခံ Sr. Mandalene Zin Mar Aung(FSAG)မှ ၂၀၂၅ အတွက်အသစ်တာဝန်ယူ စစ္စတာရ်မာရီးယာထုနန်အား ကြိုဆိုခဲ့ကြပါသည်။၃.၁.၂၀၂၄ တွင် မစ္ဆားတရားတော်မြတ်ကို  CRCM နာယက Bishop Justine စောမင်းသိုက် မှ ဦးဆောင်ဦးရွက်ခဲ့ပြီး ရဟန်းတော်အချို့ပါဝင် တင်ပူဇော်ပေးခဲ့ကြပါသည်။ CBCM-Socio Pastoral Coordination Unit (SPCU) တာဝန်ခံဒေါက်တာဦးဝင်းထွန်းကြည် နှင့်ဆရာ အီစီဒို တို့မှ ပို့ချချက်များ ဝေမျှပေးခဲ့ကြပါသည်။MASD report ကို Rev.Fr. Jerome (OSM)မှလည်းကောင်း၊အာမော AMOR report ကို Mother Ann Teresa (SFX) မှလည်းကောင်း၊ Missionary companions report ကို မှ Sr. Stella,FMA မှလည်းကောင်း၊CRCMလက်အောက်ရှိ ကော်မရှင်အဖွဲ့အသီးသီးတို့မှတင်ပြသွားပေးခဲ့ကြပါသည်။ Formation and KYESE မီဒီယာအတွက် လိုအပ်ချက်များ ဆွေးနွေးခဲ့ကြပြီး ၎င်းနောက်လာမည့်General Convention အတွက် ‘Theme; Facilitator စသည့်အစီအစဥ်များရေးဆွဲကာ ကိုတော်မြတ်ဖူးမျှော်ခြင်းနှင့်ကောင်းကြီးမင်္ဂလာခံယူခြင်းဖြင့် အစည်းအဝေးကိုအဆုံးသပ်ခဲ့ကြပါသည်။
ဒက်ဇူးမယ်(ISR)

NEWS AND EVENTS
2024-06-15 00:11:14

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။