Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-06-11 21:39:23

#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏ (၈၇)ကြိမ်မြောက် ညီလာခံအစည်းအဝေး။ ၂-၄၊ ဇွန်လ၊ ၂၀၂၄ ခုနှစ်။
#87th General Convention of Catholic Religious Conference of Myanmar.2-4.6.2024, CRCM

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏ နှစ်ပတ်လည် အစည်းအ‌ဝေး‌‌‌‌‌‌‌‌‌‌ ကို ၂. ၆. ၂၀၂၄ မှ ၄.၆. ၂၀၂၄ အထိ CRCM ရန်ကုန် ၌အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်ပါသည်။ ၂.၆.၂၀၂၄ တွင် အဖွင့်မစ္ဆားတရားတော်မြတ်ကို ရဟန်းမင်းကြီး ကိုယ်စားလှယ် Rev. Msgr. Andrea Ferrante မှမစ္ဆားကို ဦးဆောင်ကာ , CRCM ဥက္ကဌ Rev. Fr. Bosco ဇေယျာအောင် (SDB), Rev. Fr.Endward(CMF) Fr. Jerome (OFM)၊ Rev. Fr. Girish (SJ) နှင့် ရဟန်းတော်အချို့ပါဝင် တင်ပူဇော်ပေးခဲ့ကြ ပါသည်။ ၎င်းနောက် အစည်းအဝေးကြီးအတွက် ဝိညာဥ်တော်ဘုရားဖိတ်ခေါ်ခြင်း အဖွင့်ဆုတောင်းခြင်းကို CRCM ဥက္ကဌ Rev. Fr. Bosco ဇေယျာအောင် (SDB) မှဦးဆောင်ပေးခဲ့ပြီး အသစ်ရောက်ရှိလာသောအသင်းဂိုဏ်း ကိုယ်စားလှယ်များမိတ်ဆက်ခြင်း၊ Rev. Msgr. Andrea Ferrante မှသြဝါဒ‌ပေးခြင်း၊ နှင့် Sr. Monica အားမီမှ ပို့ချချက်ပေးခဲ့ပြီး အဖွဲ့လိုက်ဝေမျှခြင်းပြုလုပ်ခဲ့ပါသည်။ ၃.၆.၂၀၂၄ တွင် မစ္ဆားတရားတော်မြတ်ကို ) Fr. Jerome (OFM)မှ ဦးဆောင်ခဲ့ပြီး CBCM-Socio Pastoral Coordination Unit(SPCU) တာဝန်ခံဒေါက်တာဦးဝင်းထွန်းကြည် နှင့်ဆရာ အီစီဒို တို့မှ ပို့ချချက်များ ဝေမျှပေးခဲ့ကြပါသည်။ Safeguarding Commission အဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ပြီး အပိတ်ဆုတောင်းမေတ္တာပြုခဲ့ကြသည်။ နေ့လည်စာ ပြီးနောက် CRCM လက်အောက် ရှိ ကော်မရှင်အဖွဲ့အသီးသီး မှ တစ်နှစ်စာ Report အစီရင်ခံစာများ တင်ပြခဲ့ကြသည် မှာ Executive Secretary Report ကို Sr. Caroline Bo Ma (FMM) ,Treasurer Report ကို Sr. Mandalena Sandar Win(RGS), MIRS Report ကို Rev.Fr. Camillus Suan,(SDB), Kyese Report ကို Sr. Benedetta Myat Hnin Nwe(ISR) မှ Translation ဘာသာပြန်သင်တန်းအတွက် ပြည်ပသို့ရောက်ရှိနေသောကြောင့် ကိုယ်စား CRCM ဥက္ကဌ Rev. Fr. Bosco ဇေယျာအောင် (SDBမှ တင်ပြဆွေးနွေး‌ခဲ့ပါသည်။ 4.6.2024 မစ္ဆားတရားတော်မြတ်ကို CRCM နာယက Bishop Justine စောမင်းသိုက် မှ ဦးဆောင်ဦးရွက်ခဲ့ပြီး CRCM Commissions များ အတွက် လိုအပ်ချက်များ ဆွေးနွေးအကြံပြုခဲ့ကြပါသည်။ Talitakum Report ကို Sr. Lucy Aye Win, SCCG နှင့် Formation Commission Report ကို Rev. Fr. Augustine (OFM) တို့မှ တင်ပြခဲ့ကြပြီး ၎င်းနောက်လာမည့် General Convention အတွက် ‘Theme; Facilitator စသည့် အစီအစဥ်များ ရေးဆွဲကာ အစည်းအဝေး ကို အဆုံးသပ်ခဲ့ကြပါသည်။
ဒက်ဇူးမယ် (ISR)

NEWS AND EVENTS
2024-06-15 00:11:14

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။