||| BMF MEET (Bounded Missionary Families)
Collaboration among Institutes founded by PIME Missionary
12-18.11.2024
Hyderabad, India
||| BMF MEET (Bounded Missionary Families)Collaboration among Institutes founded by PIME Missionary -12-18.11.2024-Hyderabad, Indiaတတိယအကြိမ်မြောက် ပီးမေသာသနာပြုဘုန်းတော်ကြီးများ တည်ထောင်ခဲ့သောသစ္စာသုံးပါးခံ သူတော်စင်အသင်းဂိုဏ်း မိသားစုဝင်များ တွေ့ဆုံခြင်း
၎င်းတွေ့ဆုံခြင်းအစီအစဥ်ကို အိန္တိယနိုင်ငံ Hyderabad မြို့ ၊Missionary Sisters of the Immaculate,MSC,Nirmala သီလရှင်ကျောင်း၌ ၁၂.၁၁.၂၀၂၄ မှ ၁၈.၁၁.၂၀၂၄ အထိ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြပါသည်။ အသင်းဂိုဏ်း ၅ ဂိုဏ်းသာပါဝင်တက်ရောက်နိုင်ခဲ့ပြီး ပီးမေဘုန်းတော်ကြီးအသင်းဂိုဏ်းPontifical Institute for Foreign Missions(PIME)၊ဆပ်ဖြေခြင်းသီလရှင်အသင်းဂိုဏ်း Sisters of Reparation(ISR)၊Missionary Sisters of the Immaculate (MSI),Catechist Sisters of St. Ann(CSA), Emmaus Dialogue Movement(EDM)တို့ဖြစ်ကြပါသည်။“Working Together”အတူတကွခရီးပြုခြင်းခေါင်းစဥ် ဖြင့်အတူတကွစုပေါင်းဆုတောင်းခြင်း၊ အသင်းဂိုဏ်းအသီးသီး၏ သာသနာပြုလုပ်ငန်းအတွေ့အကြုံများဝေမျှပေးခြင်း၊ မတူညီသောရိုးရာယဥ်ကျေးမှုများဖလှယ်ကာ တူညီသော ခရစ်တော်သခင်၏ သာသနာပြုလုပ်ငန်းအတူပူးပေါင်းဆောင်ရွက်ခြင်း၊အင်ဒိုနီးရှားသို့ သာသနာပြုသွားကြမည့်ရဟန်းနှင့်သီလရှင်နှစ်ပါးအားစေလွှတ်ခြင်းအခမ်းအနား ဝတ်ပြုဆုတောင်းကာ ခရစ်တော်၏လက်ဝါးကားတိုင်တော် ပေးအပ်နှင်းခဲ့ကြပါသည်။ နှင့်အနာဂတ် သာသပြုခရီးအတွက် ဆက်လက်ရေးဆွဲခဲ့ကြပါသည်။ ၎င်းနောက်ထင်ရှားသောနေရာများ၊သီလရှင်ကျောင်းများရှိ စာသင်ကျောင်း၊ဆေးရုံ၊သက်ကြီးရွယ်အိုများထံသွားရောက်လည်ပတ်အားပေးခဲ့ကြပြီး ဘုရားဖူးဆုတောင်းသွားခဲ့ကြပါသည်။ ပါဝင်တက်ရောက်သူ ၂၅ ပါး ရှိပါသည်။
Sr.Benedetta Myat Hnin Nwe(ISR)