Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-11-23 23:35:10
"ခရစ်ယာန်များသည် မိမိတို့ကိုယ်ကို ကမ္ဘာကြီးနှင့်အဆက်အသွယ်ဖြတ်မနေကြရန် ရဟန်းမင်းကြီးတိုက်တွန်း"ဟုကာဒီနယ် Zuppi ပြောကြား။
Cardinal Zuppi: The Pope urges Christians not to isolate themselves from the world
အမိသာသနာတော်ကြီး၏ အနာဂတ်သည် သာသနာပြုလိုသော စိတ်ထက်သန်မှုအပေါ်မူတည်မည်ဖြစ်ကြောင်း ကာဒီ နယ် Matteo Zuppi ကပြောကြားခဲ့သည်။ ကာဒီနယ်သည် အီတလီနိုင်ငံ၊ ဘိုလိုးညှာဂိုဏ်းချုပ်သာသနာ၏သာသနာပိုင် ဂိုဏ်းအုပ် ဆရာတော်ဖြစ်သည်။ သာသနာပြုနှင့်ဆိုင်သော တမန်တော် အသက်တာကိုကျင့်ကြံရှင်သန်ကြရန် ရဟန်းမင်းကြီးကတိုက်တွန်းကြောင်း၊ ပိတ်နေသော အနေအထားဖြင့်မဟုတ်ဘဲ ဖွင့်လျှက်အနေအထား၌ရှိရန်လိုကြောင်း၊ လက်ရှိအခြေအနေ၌ မျှော်လင့်ခြင်းကိုခိုင်မာအောင်တိုးမြှင့်လုပ်ဆောင်ရန်လိုကြောင်း၊ ယနေ့ဒဏ်ရာကိုကုစား၍ နက်ဖန်အတွက်မျှော်လင့်ချက်ကိုမွေးမြူရန်၊ ဤနှစ်ခုသည် ယှက်နွယ်လျှက်ရှိသည်။ ယနေ့၏ဒဏ်ရာကိုကုစားခြင်းမပြုပါက နက်ဖန်အတွက် မျှော်လင့်ချက်ကိုတည်ဆောက် ရန်မဖြစ်နိုင်ပေ။ ခရစ်ယာန်များသည် ကမ္ဘာကြီးအားကျောမပေးဘဲ မိမိတို့၏ယုံကြည်ခြင်းကိုရှင်သန်ရန် ဧ၀ဂေလိကျမ်းစာမှခွန် အားများရယူနိုင်သည်။ ကမ္ဘာကြီးနှင့်အဘယ်သို့မျှ ကျောပေး၍မရ။ ဧ၀ဂေလိတရား၏ခွန်အားဖြင့် ကမ္ဘာကြီး၏အလှအပကိုခံ စားရှင်သန်ရင်း လက်ရှိကမ္ဘာကြီးကကြုံတွေ့နေသော ခက်ခဲသည့်အချိန်ကာလကိုဖြတ်သန်းရမည်။ ဤအချက်ကို ရဟန်းမင်း ကြီးအသားပေးမိန့်ကြားခဲ့ကြောင်းကိုလည်းထည့်သွင်းပြောကြားခဲ့သည်။ ကာဒီနယ်သည် ဤသို့ပြောကြားသော်လည်း လက်ရှိကမ္ဘာကြီး၌ဖြစ်ပျက်နေသောအပြောင်းအလဲကိုမူ လစ်လျူမရူခဲ့ပေ။ သူသည် ခက်ခဲသော မိုဇမ်းဘစ်နိုင်ငံ၏ ငြိမ်းချမ်းရေးစကား၀ိုင်း၌ စိန့်အီဂျီးဒီအိုအဖွဲ့နှင့်ပါ၀င်ဆွေးနွေးခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်က သူအား (၂၀၁၉) ခုနှစ်တွင် ကာဒီနယ်အဖြစ်ရွေး ချယ်ခန့်ခဲ့သည်။
ဖာသာရ်ကလေးမင်းအားတယ်
Photo Crd
NEWS AND EVENTS
2024-06-15 00:11:14

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။