Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-11-28 23:03:00

#ရဟန်းမင်းကြီးဖရန်စစ်သည် ဆိုင်းပရပ်စ်နှင့်ဂရိနိုင်ငံသို့တမန်တော်ခရီး ကြွချီရန်ပြင်ဆင်နေ။
#Pope Francis prepares for trip to Cyprus and Greece

ရဟန်းမင်းကြီးဖရန်စစ်သည် လာမည့်ကြာသပတေးနေ့၌ ဆိုင်းပရပ်စ်နှင့် ဂရိနိုင်ငံသို့ တမန်တော်ခရီး ကြွရောက်မည်ဖြစ်သည်။ ရဟန်းမင်းကြီးသည် ဆိုင်းပရပ်စ်၌ (၂) နှစ်ရက်ကြာနေထိုင်မည်ဖြစ်သည်။ ခရီးဆိုက်ရောက် သောနေ့၌ နိုင်ငံရေး ခေါင်းဆောင်များနှင့်တွေ့ဆုံမည်။ သောကြာနေ့၌မူ ဩသိုဒေါ့ခရစ်ယာန်များဆီသို့သွားရောက် လည်ပတ်ကာ မစ္ဆားတရားကိုမူ အားကစားရုံ၌ပူဇော်မည်ဖြစ်သည်။ ထိုနေရာ၌ ပြောင်းရွေ့အဖွဲ့တစ်ဖွဲ့နှင့်တွေ့ဆုံပြီး အီတလီနိုင်ငံ၏ ကျွန်းများ၌နေထိုင်နိုင်ရန် ဆွေးနွေးညှိနှိုင်းမည်ဖြစ်သည်။

ရဟန်းမင်းကြီး၏ကြွရောက်ခြင်းကို ဒေသအစိုးရလည်း အထူးမျှော်လင့်နေကြသည်။ အဘယ်ကြောင့်ဆိုသော်  (၁၉၇၄) ခုနှစ် တူရကီတို့နယ်ချဲ့လာခဲ့မူကြောင့် နေရပ်စွန့်ခွာခဲ့ကြရသော  ‘မာရွန်နှိုက်’ (Maronite) ကက်သလစ်တို့၏ အရေးကိုလည်း ဆွေးနွေးဖြေရှင်းနိုင်မည်ဟု မျှော်လင့်နေကြသည်။ ပြောင်းရွေ့ဘာသာတူများသည်လည်း ရဟန်းမင်းကြီး ကြွရောက်၍ ဆွေးနွေးညှိနိုင်းပေးမှုဖြင့် နိုင်ငံရေးပြဿများဖြေရှင်းနိုင်ကာ မိမိတို့၏နေရပ်သို့ပြန်သွားနိုင်ရန် ဆန္ဒရှိနေကြသည်။

နောက်တစ်နေ့ စနေနေ့၌ ရဟန်းမင်းကြီးသည် ဂရိနိုင်ငံသို့ဆက်လက်ကြွရောက်မည်ဖြစ်သည်။ ဂရိနိုင်ငံ၌ ကက်သလစ်ဘာသာတူဦးရေမှာ နိုင်ငံ့လူဦးရေ၏ (၁) ရာခိုင်နှုန်းထက်နည်းသည်။ (၉၀) ရာခိုင်နှုန်းမှာ ဂရိဩသောဒေါ့ ခရစ်ယာန်များဖြစ်ကြသည်။ ဂရိသို့ရောက်ရှိရခြင်း၏ အဓိကအကြောင်းအရင်း အစီအစဥ် တစ်ခု တနင်္ဂနွေနေ့ နံနက်ပိုင်းတွင်ရှိမည် ဖြစ်သည်။ ထိုအစီအစဉ်ကား ဂရိနိုင်ငံ Lesbos သို့ရောက်ရှိနေသော ဥရောပသို့ထွက်ပြေးခိုလှုံလာသော ဒုက္ခသည်များနှင့် တွေ့ဆုံမည်ဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ဤကျွန်းစုငယ်သို့ (၂၀၁၆) ခုနှစ်က က တစ််ကြိမ်ကြွရောက်ခဲ့ပြီး ဖြစ်သည်။ ရဟန်းမင်းကြီးသည် တနင်္လာနေ့၌ အေသင်မြို့ရှိ ကက်သလစ်ကျောင်းမှ လူငယ်များနှင့် တွေ့ဆုံပြီးနောက်  မွန်လွဲပိုင်းတွင် ရောမသို့ လေကြောင်း ခရီးဖြင့်ပြန်ကြွလာမည်ဖြစ်သည်။   

ဖာသာရ်ကလေးမင်းအားတယ်
#Photos Crd

NEWS AND EVENTS
2024-06-15 00:11:14

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။