Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-11-30 22:43:50
#မကြာမီကြွရောက်လာတော့မည့် ရဟန်းမင်းကြီးဖရန်စစ်အားကြိုဆိုရန် ဆိုင်းပရပ်စ်နိုင်ငံအပြီးသတ်ပြင်ဆင်။
#Final preparations in Cyprus for Pope's visit

လာမည့်ဒီဇင်ဘာ (၂) ရက်နေ့၊ ကြာသပတေးနေ့၌ တမန်တော်ခရီးကြွရောက်လာမည့် ရဟန်းမင်းကြီးဖရန်စစ်အား ကြိုဆိုနိုင်ရန်အတွက် ဆိုင်းပရပ်စ်နိုင်ငံ၏မြို့တော် Nicosia ၌ အပြီးသတ်ပြင်ဆင်ပြီးဖြစ်သည်။ ယခုတစ်ကြိမ် ရဟန်းမင်းကြီး၏ကြွရောက်ခြင်းသည် ဆိုင်းပရပ်စ်အစိုးရအတွက် သမိုင်း၀င်သော တမန်တော်ခရီးဖြစ်သည်။ ဆိုင်းပရပ်စ် အစိုးရ၏ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ ရဟန်းမင်းကြီးနှင့်အတူ သတင်းထောက် (၇၇) ဦးလိုက်ပါ လာမည်ဖြစ်ကြောင်း၊ ရဟန်းမင်းကြီး၏ တမန်တော်ခရီးစဉ်တစ်လျှောက်၌ သတင်းသမား (၂၀၀) ကျော်သတင်းများ ရယူကြမည်ဖြစ်ကြောင်း၊ တမန်တော်ခရီးစဉ်သည် ရက်တိုသာဖြစ်သော်လည်း ဆိုင်းပရပ်စ်၌ရှိနေမည့်နောက်ဆုံးနေ့ အစီအစဉ်များသည် ကြပ်သိပ်နေကြောင်း၊ ထိုနေ့၌ပင် မစ္ဆားတရားကိုလည်း နိုင်ငံတော်၏အားကစားရုံ၌ဦးဆောင်ပူဇော်မည်ဖြစ်ကြောင်း၊ ရာနှင့်ချီသောကက်သလစ်ဘာသာသူများလည်း ရဟန်းမင်းကြီးနှင့်အတူ မစ္ဆားတရားနာယူကြမည်ဖြစ်ကြောင်း၊ ၎င်းတို့အများပိုင်းသည် ပြေထဲပင်လယ်ဒေသမှရဟန်းမင်းကြီးနှင့်အတူတစ်ကွမစ္ဆားတရားပူဇော် ရန်ရှည်လျားသောခရီးကိုပြုကြမည်ဖြစ်ကြောင်း၊ ရဟန်းမင်းကြီးသည် ဒုက္ခသည်များ၊ ရွေ့ပြောင်းများနှင့်လည်းတွေ့ ဆုံမည်ဖြစ်ကြောင်း၊ ထို့နောက် အခြားသောခရစ်ယာန်အသင်းတော်များနှင့်ကက်သလစ်ဘုရားရှိခိုးကျောင်း ဖြစ်သော "သန့်ရှင်းသော လက်ဝါးကပ်တိုင်" ဘုရားကျောင်း၌ အတူတကွ ဆုတောင်းကြမည်ဖြစ်ကြောင်း၊ အဆိုပါဘုရား ကျောင်း၌ မတူညီသော ဘာသာစကား (၈) မျိုးဖြင့် မစ္ဆားပူဇော်လေ့ရှိသော ဘုရားကျောင်းဖြစ်ကြောင်း၊ ဤခရီးစဉ်အတွင်း၌ ရဟန်းမင်းကြီးသည် ဆိုင်းရပ်စ်သမ္မတ၏ အိမ်တော်သို့ကြွရောက်လည်ပတ်မည်။ သမ္မတကြီးအားလည်း နှုတ်ဆက်မည်ဖြစ်ကြောင်း၊ ထို့နောက် ယဉ်ကျေးမူအမွေအနစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ သက်၀င်ယုံကြည်မှုမတူသော ဘာသာအချင်းချင်း အတူတကွဆုတောင်းခဲ့သည်။ ဘာသာမတူသူများ ယှဉ်တွဲနေထိုင်နိုင်ရေး တွေ့ဆုံဆွေးနွေးမြှင့်တင် လုပ်ဆောင်ရန်၊ "ဆိုင်းရပ်စ်" နိုင်ငံအတွင်း၌ ဆက်လက်ကြုံတွေ့နေရသော ပြဿာ၊ ပြောင်းရွေ့သူများ၏အရေး၊ ဒုက္ခသည်များအရေးနှင့်လူ့အခွင့်အရေး များအ‌ကြောင်း၊ ကမ္ဘာကြီးအား ခြိမ်းခြောက်နေသော ကပ်ဆိုးကြီး ကိုဗစ် (၁၉) အကြောင်းကိုလည်းဆွေးနွေးမည်ဟု မျှော်လင့်နေကြသည်။

ရဟန်းမင်းကြီးသည် ဆိုင်းပရပ်စ်မှ ဩသောဒေါ့စ်အသင်းတော်၏ ခေါင်းဆောင်ဖြစ်သော ဂိုဏ်းချုပ်ဆရာတော် Chrysostomos II အားလည်းသွားရောက်တွေ့ဆုံနှုတ်ဆက်မည်ဖြစ်သည်။ ထို့နောက် ကက်သလစ်သာသနာတော်ကြီး၏ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ ကက်သလစ်သာသနာတော်ကြီးနှင့် ဩသောဒေါ့စ် ခရစ်ယာန်အသင်းတော်ကြား ပိုမိုခိုင်မာသောစည်းလုံးမှုရှိစေရန်ရည်ရွယ်၍ ယခုတစ်ကြိမ် ရဟန်းမင်းကြီးဖရန်စစ် ဆိုင်းပရပ်စ်နိုင်ငံသို့ကြွရောက်ခြင်းသည် (၂၀၁၀) ရဟန်းမင်းကြီးဘေနေဒစ် (၁၆) (ငြိမ်း) ကြွရောက် ပြီးနောက် ဒုတိယတစ်ကြိမ်ကြွရောက်ခြင်းဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ဆိုင်းပရပ်စ်နိုင်ငံမှ ဒီဇင်ဘာလ (၄) နေ့၌ထွက်ခွာပြီး ဂရိနိုင်ငံ၏မြို့တော် "အေသင်" သို့ဆက်လက်၍ တမန်တော်ခရီးကြွရောက်မည်ဖြစ်သည်။

ဖာသာရ်ကလေးမင်းအားတယ်
Photo Crd

NEWS AND EVENTS
2024-06-15 00:11:14

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။