Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-12-07 00:21:02
#ရဟန်းမင်းကြီးဖရန်စစ်သည် ဂရိနိုင်ငံ၏နွေးထွေးသောကြိုဆိုမူကိုကျေးဇူးတင်ကြောင်းမိန့်ကြား>
#Pope Francis thanks Greece for warm welcome
ရဟန်းမင်းကြီးသည် ယမန်နေ့ အာဒ်၀င်တူးကာလဒုတိယပတ်တနင်္ဂနွေနေ့ မစ္ဆားတရားကို ဂရိနိုင်ငံ၏မြို့တော် အေသင်၌ဦးဆောင်ပူဇော်ခဲ့သည်။ ထို၀တ်ပြုခြင်း၌ပင် ရဟန်းမင်းကြီးက ဂရိပြည်သူတို့၏ လှိုက်လှဲနွေးထွေးသောကြို ဆိုမှုအတွက်ကျေးဇူးတင်ကြောင်း၊ ကျေးဇူးတင်စကားကို ရဟန်းမင်းကြီးသည် ဂရိဘာသာစကားဖြင့်ထုတ်ဖော်မိန့် ကြားခဲ့သည်။ ထိုစကားလုံးသည် ကျွန်ုပ်တို့နေ့စဉ်ပူဇော်နေသော မစ္ဆားတရားအတွက်သုံးနှုန်းသောစကားလုံး ‘Eucaristia or Eucharist’ ဖြစ်သည်။ အနက်မှာကျေးဇူးဆပ်တင်ခြင်းဖြစ်သည်။ ယေဇူးသခင်၏ အသက်တာကိုပုံဖော်သည့် စကားလုံးဖြစ်ကြောင်း၊ ကျွန်ုပ်တို့ ခရစ်ယာန်များအတွက်မှာ ကျေးဇူးဆပ်တင်ခြင်းသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့် အသက်တာ၏ ဗဟိုချက်မဖြစ်ကြောင်း မိန့်ကြားခဲ့သည်။ ထို့နောက် သန့်ရှင်းသောဝိညာဥ်တော်ဘုရားသည် ကျွန်ုပ်တို့ ဖြစ်နေသည့်အရာ ပြုလုပ်သမျှကို ဘုရားသခင်အား ကျေးဇူးတင်ခြင်းနှင့် ညီအစ်ကိုမောင်နှမ များအတွက် ချစ်ခြင်းလက်ဆောင်မွန်အဖြစ် ပြောင်းလဲပေးရန်ဆုတောင်းခဲ့သည်။
ရဟန်းမင်းကြီးဖရန်စစ်သည် ဂရိနိုင်ငံ၏အရပ်ဖက်အာဏာပိုင်များနှင့် ဂရိနိုင်ငံ၏ကက်သလစ်ဆရာတော်ကြီးများအား ဂရိနိုင်ငံသို့ကြွရောက်ရန်ဖိတ်ကြားခြင်းနှင့် သူ၏တမန်တော်ခရီးစဉ်အဆင်ပြေ ချောမွေ့ဘေးကင်းစေရန် ၀ိုင်း၀န်းကူညီပြင်ဆင်ခဲ့သည့်အတွက်လည်း ကျေးဇူးတင်ကြောင်း၊ ဂရိနိုင်ငံအတွက်လည်း ဆက်လက်၍ တတ်နိုင်သ မျှကူညီစောင့်ရှောက်သွားမည်ဖြစ်ကြောင်း၊ နက်ဖန်နေ့၌ ရဟန်းမင်းကြီးသည် အီတလီသို့ပြန်ကြွသွားမည် ဖြစ်သော်လည်း ဂရိနိုင်ငံသားများအား ချန်ထားမေ့ပျောက်ခဲ့မည်မဟုတ်ကြောင်း၊ ကျွန်ုပ်၏အမှတ်တရများစွာထဲ၌ဂရိ နိုင်ငံကိုထည့်သွင်းထားပြီး၊ ဆုတောင်းပေးနေမည်ဖြစ်ကြောင်း၊ ကျေးဇူးပြု၍ကျွန်ုပ်အတွက်လည်းဆုတောင်းပေးရန် လည်းတောင်းခံခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် အေသင်၌နှစ်ရက်တာတမန်တော်ခရီးရပ်နားပြီး၊ ဒီဇင်ဘာလ (၆) ရက်နေ့တွင် ရောမသို့ပြန်ကြွသွားခဲ့ပါသည်။
ဖာသာရ် ကလေးမင်းအားတယ်
Photo crd
NEWS AND EVENTS
2024-06-15 00:11:14

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။