Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-12-07 00:40:30
#ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II ရဟန်းမင်းကြီးဖရန်စစ်ရောမသို့ပြန်မကြွမီတစ်ည၌ အတူလည်ပတ်ခဲ့ကြ။
#Ieronymos II visits with Pope Francis on eve of his return to Rome
ဩသိုဒေါ့စ်အသင်းတော် ခေါင်းဆောင် Ieronymos II နှင့် ဂရိနိုင်ငံသားများအားလုံး တနင်္ဂနွေနေ့ည (၇) နာရီအချိန်၌ ရ ဟန်းမင်းကြီးကိုယ်စားလှယ်ရုံးသို့ရောက်ရှိလာကြပြီး ရဟန်းမင်းကြီးဖရန်စစ်အား နုတ်ဆက်ခဲ့ကြသည်။ ဤတွေ့ဆုံခြင်းသည် မိနစ် (၃၀) ခန့်ကြာမြင့်ခဲ့သည်။ တွေ့ဆုံစဉ်၌ ဧည်သည့်တော်စာအုပ်၌ လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုသို့ရေးထိုးရာ ဩသိုဒေါ့စ် ဂိုဏ်းချုပ်ဆရာတော် Ieronymos II က "ယခုည ဒီဇင်ဘာ၊ ၅ ရက်၊ ၂၀၂၁၊ စိန့်ဆာဘာစ့်၏ပွဲနေ့ကို အမှတ်ရကျင်းပသောနေ့၌ ကျွန်ုပ်နှင့်ဘာသာတူများက ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်ရုံးသို့လာရောက်၍ ‌ ဂရိနိုင်ငံသို့ကြွ‌ရောက်နေသော ရောမမှအလွန် လေးစားရသောနောင်တော် ရဟန်းမင်းကြီးဖရန်စစ်အားဂါရပြုခဲ့ပါသည်။ နက်ဖန် သူ၏ရောမသို့သူ၏အပြန်ခရီးသည် ချောမောဘေးကင်းပါစေဟု ဆုတောင်းပေးပါကြောင်း၊ အလွန်သန့်ရှင်းတော်မူသော ဘုရားသခင် ကောင်းကြီးပေးပါစေ" ဟုရေးသား ဆုတောင်းပေးခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်ကလည်း "၀မ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း၌ ကျွန်ုပ်၏ညီတော် Ieronymos II ကို ဆုံဆည်းခွင့်ရခဲ့ကြောင်း၊ ညီအစ်ကိုရင်းစိတ်ဓာတ်ကောင်း၊ သိမ်မွေ့မူနှင့်စိတ်ရှည်ခြင်းအတွက် ကျေးဇူးတင်ပါကြောင်း၊ ဘုရားသခင်သည် ငြိမ်းချမ်းရေးခရီးစဉ်အတွက် ကျွ‌န်ုပ်တို့ညီရင်းအစ်ကို၏ ကြိုစားအားထုတ်မှုကိုကောင်းကြီးပေးပါစေ။ အတူတကွယှဉ် တွဲလျှောက်လှမ်းနိုင်ရန် သဘောထားကြီးစွာလက်တွဲသည့်အတွက်လည်းကျေးဇူးတင်ရကြောင်း၊ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ညီအစ်မရင်းအသင်းတော်နှစ်ခုအားကောင်းကြီးပေးပါစေကြောင်းနှင့် အလွန်သန့်ရှင်းသောဘုရားမယ်တော်၏ ကူညီစောင်မခြင်းလည်း သက်ရောက်ပါစေကြောင်း ဆုတောင်းပါသည်" ဟု‌ရေးသားဆုတောင်းပေးခဲ့သည်။ ထို့နောက် လက်ဆောင်များဖလှယ်ရာတွင် ရဟန်းမင်းကြီးဖရန်စစ်က စာအုပ်နှစ်အုပ်ကို လက်ဆောင်ပေးခဲ့သည်။ တစ်အုပ်ကား (၂၀) ရာစုအစပိုင်း၌ အာရှမိုင်းနား (အရှေ့အလယ်ပိုင်းအား ယခင်အခေါ်) ဂရိတို့၏ရင်နစ်ဖွယ်ရာသမိုင်းကြောင်းစာအုပ်နှင့် ကျန်တစ်အုပ်ကား ဂရိတော်လှန်ရေး၌ အသက်ပေးဆက်ခဲ့ကြသော သူတို့အကြောင်း ရေးသားထားသည့်စာအုပ်ဖြစ်သည်။ ရဟန်းတစ်ပါး၏ကိုယ်စား ဂိုဏ်းချုပ်ဆရာတော်ကရဟန်းမင်းကြီးအား သူငယ်တော်ယေဇူးကိုပွေ့ထားသောမယ်တော့်ပုံတော်ကို လက်ဆောင်ပေးခဲ့သည်။ ရဟန်းမင်းကြီးသည် ပေးနေကျလက်‌ဆောင်ဖြစ်သော ရဟန်းမင်းကြီး၏တံဆိပ်ပါဆွဲပြားနှင့် ပါစကားပွဲနေ့ တနင်္ဂနွေ (၂၇၊ မတ်လ၊ ၂၀၂၀) ခုနှစ်က ကမ္ဘာအား မိန့်ကြားခဲ့သော ဩဝါဒစာအုပ် (Statio Orbis) ကိုလက်ဆောင်ပေးခဲ့သည်။
ဖာသာရ်ကလေးမင်းအားတယ်
Photo Crd
NEWS AND EVENTS
2024-06-15 00:11:14

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။