Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-12-07 09:44:15

#ဧ၀ဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည် စတင်ဟောကြားရန် လိုအပ်ကြောင်း ရဟန်းမင်းကြီက ဥရောပမှ ခရစ်ယာန်များအားမိန့်ကြား။

ရဟန်းမင်းကြီး ဆိုင်ပရပ်စ်နိုင်ငံ၌ရောက်ရှိနေပြီး၊ ကျေးဇူးတော်အပေါင်းတို့၏သခင်မ Maronite ကယ်သီဒရယ်သို့ ကြွရောက်ခဲ့သည်။ အဆိုပါဘုရားကျောင်း၌ ရဟန်းမင်းကြီးအား ဓမ္မအမူတော်ဆောင်များ၊ ရဟန်းတော်များ၊ ဆရာတော်များ၊ သုံးပါးသစ္စာရှင် သူတော်စင်များနှင့်ဘာသာရေးအသင်းအဖွဲ့၀င်များ၏ လှိုက်လှဲနွေးထွေးစွာကြိုဆိုမူကိုခံယူခဲ့သည်။ ဤဘုရား‌ကျောင်းတော်ကြီးသည် နှစ်ခြမ်းကွဲနေသော နိုင်ငံအတွင်းပဋိပက္ခမဲ့ဇုံဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသားများမျှော်လင့်ကြီးမျှော်လင့်ခဲ့သော R2P (ကုလ) ထိန်းချုပ်ထားသော စစ်မဲ့ဒေသဖြစ်သည်။ ကျွန်းစု၏ မြောက်ပိုင်းဒေသ သုံးပုံတစ်ပုံမှာ (၁၉၇၄) ခုနှစ်ကပင် တူရကီ၏နယ်ချဲ့သိမ်းပိုက်ခံထားရသည်။ ထိုအချိန်မှစ၍ ယနေ့ထိတိုင် ဆိုင်းပရပ်စ်ရှိ ထိုအပိုင်းသည် ၎င်းတို့၏နယ်နိမိတ်ဖြစ်သည်ဟု တောင်းဆိုနေခဲ့သည်။ သို့သော် တူရကီ၏အုပ် ချုပ်မှုအပြည့်အ၀ရှိနေသောဒေသဖြစ်နေသည်။ ဤအခြေအနေသည် အလွန်ဆိုးရွားသောရိုက်ခတ်မှုကြီးကို နိုင်ငံတော်အားလည်းကောင်း၊ နိုင်ငံအတွင်းရှိနေသောခရစ်ယာန်များအားလည်းကောင်းသက်ရောက်မှုရှိကြောင်း အန္တီအုတ်၏ ကာဒီနယ် Boutros Rai အားလျှောက်ထားခဲ့သည်။ နယ်ချဲ့မှုဖြစ်ပွားပြီးနောက်ပိုင်း၌ ခရစ်ယာန်ဦးရေသည် (၇၀၀၀) သာကျန်တော့ကြောင်း၊ (၁၃) ရာစုက Maronite ဦးရေ (၈၀၀၀၀) အထိရှိခဲ့ကြောင်း၊ ဦးရေးလျော့နည်းလာရခြင်းမှာ ဒေသအတွင်း စစ်မက်ဖြစ်ပွားခြင်း၊ ဘာသာရေးဖိနှိပ်မှုများ ရှိခြင်းတို့ကြောင့်ဖြစ်သည်။
ရဟန်းမင်းကြီးက တင်ပြလျှောက်ထားချက်များကိုအာရုံပြုနားစွင့်ပြီး၊ သစ္စာသုံးပါးခံသူတော်စင်တို့ကလည်း တင်ပြခဲ့သည်။ သီလရှင်တစ်ပါးကလည်း (၁၉၇၄) ခုနှစ်၏ အဖြစ်အပျက်ကို သက်ကြီးဝါကြီးသီလရှင်တစ်ပါးထံမှ ကြားခဲ့ရသည့် သမိုင်းကြောင်းကို ပြန်လည်ပြောပြခဲ့သည်။ ရင်နာစရာ အဖြစ်အပျက်သည် မကြာမီ ပြီးသွားမည်ဟု မှတ်ထင်ခဲ့ရာ ယခုဆိုလျှင် (၄၇) ပြင်ရှိပြီဟုဆိုပါသည်။
တင်ပြချက်များကိုကြားနာပြီးနောက် ရဟန်းမင်းကြီးက စိတ်ရှည်သီးခံရန်လိုအပ်ကြောင်း၊ ဆိုင်းပရပ်စ်နှင့် သာသနာတော်ကြီးသည် ညီညွှတ်ပေါင်းစည်းရန်လိုကြောင်း၊ စိန့်ဘားနာဘာစ်ကိုဥပမာပေးခဲ့သည်။ စိန့်ဘားနားဘာစ်သည် ဆိုင်းပရပ်စ်ကျွန်းစုအား မှိုင်းမသောရဟန္တာဖြစ်သည်။ ရှေ့ဦးခရစ်ယာန်များ ဧ၀ဂေလိသတင်းကောင်းကြေညာဟောကြား ရာတွင် လူတို့၏ရန်လိုမုန်းထားမှုအား တုန့်ပြန်မူကို အဘယ်သို့စိတ်ရှည်သီးခံခဲ့ကြောင်း၊ ယနေ့သာသနာတော်ကြီးသည်လည်း ထိုနည်းတူကျင့်ကြံရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ဥရောပ၌ရှိခရစ်ယာန်များသည် ဤခရစ်ယာန်တို့၏အမှတ် သင်္ကေတ ပျောက်ရှလာနေကြောင်း၊ ယနေ့ကြားလိုက်ရသော သတင်းစကားသည်လည်း ဥရောပရှိ သာသနာတော်ကြီးအတွက် အလွန်အရေးပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယုံကြည်ခြင်းနှင့်ဆိုင်သော ပဋိပက္ခဖြစ်ကြောင်း၊ မကောင်းမှုကို ကောင်းမှုအနည်းငယ်ဖြင့် အနိုင်ယူရန်လုပ်ဆောင်နေကြောင်း၊ စိတ်ဓာတ်မကျ၊ နောက်မဆုတ်ဘဲ အချိန်အခါ၏အနေအထားနှင့်ပဋိပက္ခကိုကြည့်၍ ရှေ့ဆက်တိုးရန်လိုအပ်ကြောင်း၊ ဧ၀ဂေလိတရားကို စိတ်ရှည်သီးခံ၍ဟော ကြားရမည်ဖြစ်ကြောင်းမိန့်ကြားခဲ့သည်။
ဆိုင်းပရပ်စ်ရှိကက်သလစ်သာသနာတော်သည် လင်တင်းဝိနည်းနှင့် Maronite ၀ိနည်းနှစ်ပါးလုံးကိုကျင်းသုံး သော ဘာသာတူများပါ၀င်သည်။ သူတို့၏သမိုင်းတစ်လျှောက်၌ ဘာသာရေးနှင့်စပ်လျင်း၍ ညှဉ်းပမ်းနှိပ်စက်မူများနှင့် ကင်းခဲ့သည်ဟုမရှိခဲ့ပေ။ Maronite ၀ိနည်းကျင့်သုံးသောခရစ်ယာန်အများပိုင်းသည် လက်ဘနွန်မှပြောင်းရွေ့လာခဲ့ကြ သူများဖြစ်သည်။ ဆိုင်းပရပ်စ်ခရစ်ယာန်များကမူ အခြားသောနိုင်ငံသို့ရွေ့ပြောင်းသွားကြသည်။ ယခုအခါ ဩစတေးလျား၊ မက်ဆီကို၊ အမေရိကန်ပြည်ထောင်စုနှင့်အာဂျင်တီးနားတို့၌ Maronite ခရစ်ယာန်များရှိနေကြသည်။
ဘာသာပြန် - ဖာသာရ်ကလေးမင်းအားတယ်
Photo Crd
NEWS AND EVENTS
2024-06-15 00:11:14

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။