#အိန္ဒိယ ကက်သလစ်ကိုယ်ကာယအလှမယ် ‘Telangana’ ဆုချီးမြှင့်ခံရ။
#Indian Catholic Gymnast receives “Pride of Telangana” award
အိန္ဒိယအားကစားသမားလည်းဖြစ်ပြီး၊ ကိုယ်ကာယအလှမယ်တစ်ဦးဖြစ်သူသည် ‘Telangana’ ဆုကိုချီးမြှင့် ခံခဲ့ရသည်။ ဤဆုကို နို၀င်ဘာလ (၂၆) ရက်နေ့ကချီးမြှင့်ခဲ့သည်။ သူသည် Telangana ပြည်နယ်မှဖြစ်ပြီး၊ ပြည်နယ် ၏ဂုဏ်ဆောင်သောကြောင့်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ သူ၏အမည်မှာ Alica Joe ဖြစ်သည်။ ဤဆုရရှိခြင်းမှာ လူထု၏မဲ အပေါ်မူတည်၍ ရွေးချယ်ချီးမြှင့်ခြင်းဖြစ်သည်။ ဆု၌ ကဗျည်းရေးထိုးပေးထားသည်။ ဘုရားသခင်ကို ကျေးဇူးကြောင်း၊ (၂၂) နှစ်ကြာ ကြိုးစားလာခဲ့ပြီးနောက် ယခုကဲ့သို့ချီးမြှင့်ခြင်းခံရသည့်အတွက် အလွန်မင်္ဂလာရှိသည်၊ ဂုဏ်လည်း ယူမိကြောင်း၊ အောင်ခြင်း၏အသီးအပွင့်ကိုစတင်ခံစားနေရပြီဖြစ်ကြောင်း၊ သူမ၏မိဘနှစ်ပါးကိုလည်းကျေးဇူးတင် ကြောင်း၊ ၎င်းတို့၏အားပေးအားမြောက်မှုကြောင့်သာလျှင် ဤလမ်းခရီးဖောက်လျှောက်နိုင်ခဲ့ကြောင်း၊ သူ၏ပြည် နယ်သားများနှင့်လည်း၀မ်းသာပျော်ရွှင်ရကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏မဲပေးရွေးချယ်ခဲ့မှုကြောင့်ရရှိ ခဲ့ကြောင်း၊ သူ၏အားကစားနယ်ပယ်၌ သူ့အားစိတ်ဓာတ်ကျအောင်ပြောဆိုပြုမူခဲ့ကြသူများရှိသည်။ ၎င်းတို့အနက် သူ၏မိသားစု၀င်များ၊ သူငယ်ချင်းများဖြစ်ကြသည်။ ယနေ့ ဤချီးမြှင့်လိုက်သော ဆုတံဆိပ်ဖြင့် ဂုဏ်ယူ၀င့်ကြွားနိုင် ပြီဖြစ်သည်။ သူမသည် ကိုယ်တိုင် ကစားသကဲ့သို့ Joe အားကားစားသင်တန်းကျောင်း၏ အုပ်ချုပ်သူနှင့်နည်းပြဖြစ် သည်။ သူမ၏မျှော်မှန်းချက်ကား အရည်အသွေးပြည့်မှီသော အားကစားသမားများမွေးထုတ်ပေးရန်ဖြစ်သည်။ လက်ရှိ၌ သင်တန်းသား (၄၀) ကျော်ကိုသင်တန်းနည်းပြ ပြုလုပ်နေကြောင်းနှင့်ကျောင်းသူ ကျောင်းသားများမှာ (၃-၁၅) အရွယ်များဖြစ်ကြသည်။ ၀ူရူးအားကစားပြိုင်ပွဲ၌ သူမသည် ကမ္ဘာ့နံပါတ် (၅) အဆင့်ရှိသူဖြစ်သည်။ သင်တန်းကိုကြီး ကြပ်ရခြင်းမှာ အမျိုးသမီးများ မိမိကိုယ်မိမိ ကာကွယ်တတ်ရန်ဖြစ်သည်။ ဤဆုကိုချီးမြှင့်ရာ၌ သူရဲကောင်းတို့၏ကိုယ် ကျိုးမဖက်သောသူများ၊ အသင်းအဖွဲ့များအား ၎င်းတို့၏ကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံသောကြောင့် ချီးမြှင့်ခဲ့သည်။ ဤဆုကို အကြောင်းအရာ နှစ်ခုဖြင့် ချီးမြှောက်လေ့ရှိပါသည်။ ‘Achievers’ နှင့် ‘Emerging’ ဆုဟုခေါ်ပြီး၊ နယ်ပယ်အသီးသီး၌ အထူးချွန်ဆုံး အားကစားသမားများကို ချီးမြှင့်လေ့ရှိသည်။ သူမသည် ဒုတိယအမျိုးအစားကိုလက်ခံရရှိခဲ့သည်။ သူမသည် အိန္ဒိယနိုင်ငံ၏တောင်ပိုင်း၊ Golconda, Hyderabad ရှိ စိန့်မိုက်ကယ်သာသနာအုပ်စုမှဖြစ်သည်။ သူမသည် စိန့်အဲန်ကောလိပ်၌ စီးပွားရေးနှင့်ကျောင်းပြီးထားသူဖြစ်သည်။ သူမသည် (၂၀၁၉) ခုနှစ် အိန္ဒိယ၌ ကက်သလစ် ဆရာတော်ကြီးများ ချီးမြှင့်သောဆုကိုလည်း ထိုနှစ်(၂၀၁၉)၊ အောက်တိုဘာလ (၁၇) ရက် ကလက်ခံရရှိခဲ့သည်။ သူမသည် အရည်အချင်း ပြည့်မှီသောနည်းပြနှင့်ဒိုင်လူကြီး တစ်ဦးလည်းဖြစ်သည်။
ဘာသာပြန် - ဖာသာရ်ကလေးမင်းအားတယ်
Photos Crd