Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-12-16 23:28:50
#အမေရိကားမှကျောင်းသူများ ရောမသို့ခရီးဆန့်လာပြီး၊ ရဟန်းမင်းကြီးနှင့်လည်းတွေ့ဆုံခဲ့
#American students travel to Rome and meet Pope Francis

"ဗာတီကန်၀င်းအတွင်းရှိ စိန့်ပီတာဘာစီးလီကာဘုရား‌ကျောင်း၏ မြေအောက်ခန်းရှိအုတ်ဂူများသည် ကမ္ဘာအနှံ့မှလာရောက်လည်ပတ်သူများအား အံ့ဩမှင်သက်စေဦးမည်ဖြစ်သည်" ဟု ရောမသို့ရောက်ရှိလည်ပတ်နေ အမေရိကန်ပြည်ထောင်စု၊ ချီကာဂိုပြည်နယ်ရှိ DePaul တက္ကသိုလ်မှ ကျောင်းသားအဖွဲ့က မှတ်ချက်ပြုခဲ့သည်။ ခရစ်ယာန်သာသနာတော်ကြီးအကြောင်းလေ့လာရန်မှာ ရောမထက်ကောင်းသောနေရာမရှိကြောင်းနှင့် ကက်သလစ်သာ သနာတော်ကြီး၏ ဇစ်မြစ်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ရဟန်းမင်းကြီးများဘုရားကျောင်းဟု လူသိများသော စစ္စတင်း ဘုရားကျောင်းသို့လည်း လည်ပတ်ခဲ့ကြောင်း၊ ဘုရားကျောင်းအတွင်းရှိ အရာများအားလုံးသည် စိတ်၀င်စားစရာ၊ စိတ်လှုပ်ရှားစရာများဖြင့် ပြည့်နေကြောင်း ရောမသို့ရောက်ရှိနေသော အမေရိကန် တက္ကသိုလ်ကျောင်းသားအဖွဲ့မှ SHERYL OVERMYER ကသူ၏ခံစားချက်ကိုပြောကြားခဲ့သည်။         

၎င်းတို့အထဲမှ SARAH WALTON ဆိုသူကလည်း ယခုကဲ့သို့ လာရောက်လည်ပတ်ခဲ့ခြင်းကြောင့် ကက်သလစ် သာသနာတော်ကြီးအကြောင်းကိုများစွာလေ့လာသိရှိခွင့်ရခဲ့ကြောင်း၊ ယခုခရီးစဉ်မတိုင်မှီက များများစားစားမသိခဲ့ကြောင်း၊ ယခုမှာမူ မှီငြမ်းကိုးကားနေသောအရာအားလုံးကို ပိုမိုလေးနက်စွာသိရှိနားလည်လိုက်ရကြောင်းပြောပါ သည်။

အဖွဲ့၀င်တစ်ဦးဖြစ်သူ AIDAN MORRISEY ကလည်း ရဟန်းမင်းကြီးဖရန်စစ်နှင့် တွေ့ဆုံခွင့်ရခဲ့၊ ရင်းနှီးစွာလက် စွဲနှုတ်ဆက်ပြီး နမ်းခွင့်ရခဲ့သည့်အတွေ့အကြုံနှင့် စပ်ျင်း၍ အလွန်စိတ်ချမ်းသာရကြောင်း၊ အဘယ်သို့ပြောရမည်ကိုလည်း မသိကြောင်း၊ နှစ်သက်သဘောကျမိကြောင်း၊ ယခုကဲ့သို့သော အတွေ့အကြုံမျိုးကိုစိတ်ကူး၌ပင် မရနိုင်ကြောင်း၊ တီဗွီဖန်သားပြင်ပေါ်၌ ုစားနေရသကဲ့သို့ပင် ခံစားခဲ့ရကြောင်း၊ သုတစွယ်စုံစာအုပ်ကြီးကို လှန်လှော်ဖတ်ုနေရသကဲ့ သို့ဖြစ်ရကြောင်း၊ ရဟန်းမင်းကြီး၏ လက်ကိုကိုင်ဆွဲနှုတ်ဆက်ခဲ့ရ၊ နမ်းခဲ့ရ၊ စကားပြောခဲ့ရသည့်အခွင့်အရေးမျိုး မျှော်လင့်သော်လည်းအမှန်ဖြစ်လာမည်ဟု မထင်မှတ်ဘဲဖြစ်လာသောအခါ အလွန်စိတ်အေးချမ်းရကြောင်းဖြင့် ပီတိစကား ကို ပြောကြားခဲ့သည်။ ဤအမေရိကန်တက္ကသိုလ်ကျောင်းသားအဖွဲ့သည် အမေရိကားမှ အကြီးဆုံးသော ကက်သလစ်တက္ကသိုလ်မှ ကျောင်းသားများဖြစ်သည်။ ၎င်းတို့သည် သမိုင်းကြောင်းကိုလေ့လာနေကြသူများဖြစ်သည်။ ရဟန်း မင်းကြီး၏ လက်တော်ကို ရင်းနှီးစွာကိုင်ဆွဲနှုတ်ဆက်လိုက်ရခြင်းကြောင့်လည်း ၎င်းတို့၏ ယုံကြည်ခြင်းကိုပိုမိုနက်ရှိုင်း သွားစေခဲ့သည်။ ၎င်းတို့သည် ရောမ၌ နှစ်ပတ်တာတည်းခိုပြီး၊ သာသနာတော်ကြီး၏သမိုင်းကို လေ့လာကြမည်ဖြစ်သည်။

ဘာသာပြန် - ဖာသာရ်ကလေးမင်းအားတယ်

Photo Crd

NEWS AND EVENTS
2024-06-15 00:11:14

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။