Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-12-31 02:49:20
#ဘုရားအမူတော်အတွက် အသက်တာဆက်ကပ်ခြင်း’ သည် ယနေ့ကမ္ဘာအတွက် ‘ဧ၀ဂေလိ’ သတင်းကောင်းဖြစ် ကြောင်းရဟန်းမင်းကြီးဖရန်စစ်မိန့်ကြား။
#Pope: Consecrated life is the “gospel” for today’s world

            ‘ကျွန်ုပ်တို့လုပ်ဆောင်သမျှသည် ဧ၀ဂေလိတရားတော်အတွက်ဖြစ်သည်။ ထိုဧ၀ဂေလိတရားကိုအစေခံရန်အ တွက် ဘ၀ကိုဆက်ကပ်ထားသည်။ ဤသို့အားဖြင့် သင်တို့၏ရုပ်လုံးကြွသော အသက်တာသည် ယနေ့ကမ္ဘာကြီးအ တွက် ဧ၀ဂေလိသတင်းဖြစ်ပေမည်’ ဟုရဟန်းမင်းကြီးဖရန်စစ်သည် သုံးပါးသစ္စာရှင်အသင်းနှင့်တမန်တော်အသက် တာကိုရှင်သန်ကြသော သူတော်စင်အပါး (၆၀) တို့အား ၄င်းတို့၏အစည်းအ‌‌‌ဝေးကြီး အဆုံးသတ်၌ မိန့်ကြားခဲ့ သည်။ ဆက်ကပ်သောအသက်တာကိုခံယူထားသူတို့၏အနားဂတ်ကိုယုံကြည်သောသူတို့၏အနီးအပါး၌ရှိကြောင်းကို လည်းထုတ်ဖော်မိန့်ကြားခဲ့သည်။ 
ဘုရားသခင်၏ကောင်းမြတ်ခြင်းမှရသောလက်‌ဆောင်မွန်၊ ဆက်ကပ်သူတော်စင်များ၏အသက်တာနှင့်စပ်လျင်း၍ စိန့်ဂျွန်ပေါလ် (၂) မှ (၁၉၉၄) ခုနှစ်၌ ဆီးနော့ခေါ် ယူကျင်းပသောအချိန်ကား သာသနာတော်ကြီးအတွက် အလွန်ခက်ခဲနေသောကာလတစ်ဖြစ်နေခဲ့သည်။ သာသနာ တော်ကြီး၏အားထုတ်မူမှန်သမျှ အကောင်းမြင်၍ပူးပေါင်းပါ၀င်မူအားရလှသောအချိန်အခါမဟုတ်ခဲ့။ ခေါ်တော်မူ ခြင်းမှာလည်း အတော်လျော့နည်းကျဆင်းနေခဲ့သည်။ ထိုအခြေအနေသည် လက်ရှိ၌လည်းရင်ဆိုင်ကြုံတွေ့နေရ သည်။ သို့သော် စိတ်ဓာတ်မကျခဲ့ပေ။ အောင်မြင်ရမည်၊ ဤအောင်မြင်မူသည် ဆက်လက်၍အောင်မြင်ရမည်ဟု အ သက်တာဆက်ကပ်ထားသောသူတို့ကို ယုံ ကြည်အားထားခဲ့သည်။ ဤသို့မျှော်လင့်ထားခဲ့ခြင်းမှာ ရဟန်းမင်းကြီ
စိန့် ဂွန်ပေါလ် (၂) သည် မိမိတို့တော်တတ်၍ရခြင်းမဟုတ်။ ဘုရားသခင်၏ကောင်းမြတ်ခြင်းသက်သက်မှရသောကောင်း ကြီးကိုယုံကြည်ခြင်းကြောင့်ဖြစ်သည်။ သုံးပါးသစ္စာရှင် သူတော်စင်အသင်းများ၊ အဖွဲ့အစည်းများနှင့်သာသနာများ အား ရဟန်းမင်းကြီးကအားပေးအားမြောက်ပြုခဲ့သည်။ လွှတ်လပ်ပြီး၊ အခမဲ့ရရှိသောလက်ဆောင်ကိုမပျောက်အ ပျက်အောင်ထိန်းသိမ်းရင်း အနာဂတ်ကိုယုံကြည်စွာမျှော်ကြည့်ရမည်။ အကယ်၍ မိမိတို့၏အသင်း၊ အဖွဲ့အစည်းအား ဘုရားသခင်ပြုခဲ့သော ကောင်းကြီးများကိုမေ့လျော့သွားပါက သမိုင်း၊ သို့မဟုတ် အသင်း ၏သမိုင်းကိုမေ့ပျောက်သွား ပါက အားယုတ် စိတ်ဓာတ်ကျဆင်းလာမည်။ ထိုအခါ အခြားသူတို့အား အသက်ကိုမပေးနိုင်တော့ပေ။          
ဆန်းစစ်ခြင်းနှင့်အတူကွဖော်ပြုလျှောက်လှမ်းခြင်း
၄င်းတို့၏ပေးဆက်မူကို ‘ဆန်းစစ်မူနှင့်အတူလျှောက်လှမ်းခြင်း’ ဟုချုံငုံပြောဆိုနိုင်သည်။ ရှုပ်ထွေးသောအ ခြေအနေ၌ဆန်းစစ်မူကိုလေးလေးနက်နက်နှင့်စိတ်ရှည်စွာလုပ်ဆောင်ရသည်။ ဤသို့လုပ်ဆောင်ရန်မှာ အခက်အရပ် ကို ယုံကြည်ခြင်းနှင့်ဆုတောင်းခြင်းသာလျှင်ရမည်ဖြစ်သည်။ ၄င်းတို့အနေဖြင့် မကြာမီကတည်ထောင်သော အဖွဲ့အ စည်းများအား လက်တွဲခေါ်ရမည်ဖြစ်သည်။ ထိုသို့ပြုလုပ်ရာ၌လည်း တစ်ခါတစ်ရံ မိမိတို့ဂုဏ်ကိုသာဖော်သကဲ့သို့ဖြစ် သွားနိုင်သည်။ အကောင်းဆုံးဆင်ခြင်သုံးသပ်ခြင်းကား မိမိတို့ဘ၀ကိုဆက်ကပ်ထားသောသူများအနေဖြင့် ဘုရားသ ခင်၏သန့်ရှင်းသောလူမျိုးတော်နှင့်အခြားသူများအားလုံး၏ကောင်းကျိုးကိုဆောင်ရွက် ရန်ဖြစ်ရမည်။ ‘ဆက်ကပ် အပ်နှံသည့်အသက်တာ’ သည် သာသနာတော်ကြီးအတွင်း၌ မွေးဖွားကြီးပြင်းပြီး၊ ဧ၀ဂေလိတရား တော်၏အသီး များသည် ဘုရားသခင်၏လူမျိုးတော်နှင့်ရင်းနှီးပေါင်းသင်းခြင်း၌သီးလာမည်ဖြစ်သည်။ ရဟန်းမင်းကြီးသည် ဆက် ကပ်အပ်နှံခြင်းအသက်တာကိုခံယူထားကြသောအသင်းအဖွဲ့များ၊ ဒေသန္တရသာသနာများအနေဖြင့် ဆန်းစစ်မူနှင့်အ တူတွဲလျှောက်လှမ်းရန်မှာ အချို့အချက်အလက်များကိုသတိရှိရမည်။        
အသင်းအဖွဲ့တည်ထောင်သူများသည် မတော်ဩဇာအလွှဲသုံးမူများရှိတတ်သည်။
            အသင်းအဖွဲ့ကိုတည်ထောင်သူများ မတော်ဩဇာအလွှဲသုံးခြင်းမပြုနိုင်ရန် သတိကြီးစွာထားစောင့်ကြပ်ရ မည်။ အဘယ်ကြောင့်ဆိုသော် မိမိဂုဏ်ဖော်လွန်းရာမျိုးဖြစ်သွားတတ်သည်။ အမှန်မှာ ၄င်းတို့သည် မိမိတို့အသင်း တည်ထောင်ရခြင်း၏ကျင့်စဉ်ကိုမလွှဲမတိမ်းစေရန်စောင့်ကြပ်ရမည်ဖြစ်သည်။ ထိုသို့ပြုမူခြင်းအားဖြင့် ၄င်းတို့သည် သာသနာတော်ကြီးပင် ၄င်းတို့၏လက်အောက်၌ရှိသယောင်လုပ်ဆောင်တတ်သည်။ ထို့အတူ ဆက်ကပ်ခြင်းအသက် တာကိုခံယူလို၍ပြင်ဆင်နေသောသူတို့အား ၀ိညာဉ်ရေးလမ်းညွှန်မူနှင့်ကျင့်စဉ်များကိုကူညီဖေးမလမ်းပြရာ၌ အလွန်သတိရှိရမည်။ ၄င်းတို့အပေါ် လုပ်ကိုင်ခွင့်အာဏာကိုအဘယ်သို့အသုံးပြုသနည်း။ အမိန့်ကိုဖော်ဆောင်ရန် အချိန်ကာလသတ်မှတ်ချက်၊ အကျိုးရှိသက်ရောက်မူရလာဘ်နှင့်အသင်းအဖွဲ့အတွင် ဩဇာအလွှဲသုံးခြင်းတို့ကိုသတိ ကြီးစွာထားလုပ်မည်။
            ဆက်ကပ်အပ်နှံရှင်သန်မည့် အသင်းအဖွဲ့အသစ်များကို အတည်ပြုနိုင်ရန်မှာ မိမိတို့၏သာသနာပိုင်ဆရာ တော်နှင့်ဦးစွာလက်တွဲလုပ်ဆောင်ရမည်။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့အနေဖြင့် မလိုလားအပ်သော အပိုအသာ များကို ဖယ်ရှားပစ်နိုင်ခြင်း၊ အစေခံရန်ထက် ဘ၀လုံခြုံမူတစ်ခုအတွက် စိတ်၀င်စားသူများ တူရာစု၍နေထိုင်သည် သို့နှယ်စုပေါင်းနေထိုင်ရန် သက်န်းဆင်မြန်းထားသည်သို့သာဖြစ်ပေမည်ဟုမိန့်ကြားခဲ့သည်။     

ဘာသာပြန် - ဖာသာရ် ကလေးမင်း အားတယ်

 Crd Photo

NEWS AND EVENTS
2024-06-15 00:11:14

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။