ကက်သလစ်သူတော်စင်များအဖွဲ့ချုပ်မှ ၈၂ ကြိမ်မြောက်၊ ညီလာခံအစည်း အဝေးကြီးကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ၊ ၇ မှ ၈ ရက်နေ့အထိ ပြုလုပ်ကျင်းပခဲ့ပါသည်။ အစည်းအဝေးအဖွင့်ကို သူတော်စင်များအသင်းဂိုဏ်း နာယက ဆရာတော် ဂျက်စတင်း စောမင်းသိုက်မှ ကြွရောက်ချီးမြှင့်ခဲ့ပြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သူတော်စင် အသင်းဂိုဏ်းအသီးသီးမှ (၃၆)ဦး ပါဝင်တက်ရောက်ခဲ့ကြသည်။
၂၀၁၉ မှ ၂၀၂၁ အထိ ကြေးစည်စာစောင်နှင့် CRCM Website တာဝန်ကို ထမ်းဆောင်ခဲ့ကြသော Sr. Eugenie Petronilla (SFX) နှင့် Sr. Mary Ann Su Lat Htwe (SFX) တို့မှ တာဝန်ပြီးဆုံးကာ ၂၀၂၂ မှ ၂၀၂၄ အထိ တာဝန်ယူ ထမ်းဆောင်ကြမည့် Sr. Benedetta Myat Hnin Nwe (ISR) နှင့် Sr. Theresa Myint Myint Naing (ISR) တို့အား အလုပ်တာဝန်လွဲအပ်ခြင်းများ၊ CRCM Secretary နှင့်တွဲဖက်လုပ်ဆောင်ရသော Sr. Anna (MSP) မှ တာဝန်ပြီးဆုံးပြီး Sr. Mary Win (SJA) မှ ဆက်လက်တာဝန်ထမ်းဆောင်ရန် လွဲပြောင်းခြင်းများ ပါဝင်သည်။
CATHOLIC RELIGIOUS CONFERENCE OF MYANMAR (CRCM)
President Sr. Lucia Ling Hing Pai, (FMM)
Vice President Fr. Bosco Zeya Aung, (SDB)
Treasurer Sr. Josephine, (OSM)
Executive Secretary Sr. Catherine Lazum Kaw Mai, (FMM)
Member Br. Lucas Kyin Thein,(FSC)
Member Sr. Josy Mary, (OSM)
Member Sr. Rofina Nan Fi, (MSP)