Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-01-13 00:04:12
#သားဖြစ်သူ၏ရဟန်းမင်းကြီးဖရန်စစ်နှင့်အမှတ်မထင်တွေ့ဆုံမှုသည်ခံစားနေရသောရောဂါကိုပျောက်ကင်းစေခဲ့ဟုမိခင်ဖြစ်သူကပြောကြာ:
#Mom says son’s impromptu encounter with Pope Francis led to ‘miracle’

            ဤဖြစ်ရပ်သည် (၂၀၂၁) ခုနှစ်က ဗာတီကန်၌ဖြစ်ပျက်ခဲ့ပြီး၊ လူမှုကွန်ရက်၌ လူကြည့်အလွန်များခဲ့သည်။ အဖြစ်အပျက် ကားအနွေးထည်အကျီလက်ရှည်အနက်ရောင်၀တ်ထားပြီး၊ မျက်မှန်တပ်ကာ နှာခေါင်းစီးထားသောကောင်လေးတစ်ဦးသည် လူ အုပ်ကြီးအလယ်မှ ရုတ်တရက်ထွက်လာပြီး ရဟန်းမင်းကြီးအားနုတ်ဆက်ရန်တန်းသွားနေ၏။ ဤအဖြစ်အပျက်ကား အောက် တိုဘာလကဖြစ်ပျက်ခဲ့သည်။ အဆိုပါကောင်လေးသည် အသက် (၁၀) နှစ်ခန့်ရှိပြီဖြစ်ပြီး၊ ၀က်ရူးပျံနှင့်အောက်တင်ဆမ် (ဦး နှောက်ဖွံ့ဖြိုးမှုနှေးကွေးသောရောဂါ) ကိုခံစားနေရသူလေးဖြစ်သည်။ ယခုနှစ်ပိုင်း၌ သူ၏ရောဂါသည်ပိုမိုဆိုးရွားလာခဲ့သည်။ ဤ ရောဂါ၏နှောက်ဆက်တွဲအနေဖြင့် ဆရာ၀န်များက ဦးနှောက်ကင်ဆာဖြစ်လာမည်ကိုစိုးရိမ်နေခဲ့သည်။   
            ကောင်လေး၏အမည်ကား ‘Paolo Bonavita’ ဟုခေါ်သည်။ ထိုနေ့က အဆိုပါကောင်လေးသည် ဆေးစစ်ရန်အတွက် ရောမသို့ရောက်ရှိနေချိန်ဖြစ်သည်။ မိခင်မှာ ‘Elsa Morra’ ဖြစ်သည်။ မိခင်ဖြစ်သူက သူ၏သားသည် ရဟန်းမင်းကြီးနှင့်အမှတ် မထင်တွေ့ဆုံလိုက်ရခြင်းသည် သူခံစားနေခဲ့ရသောရောဂါကိုပျောက်ကင်းသွားစေခဲ့သည်။ သူ၏မိသားစုအတွကမှာမှု ‘အံ့ဖွယ် တန်ခိုး’ ပင်ဖြစ်ကြောင်း CNA သတင်းဌာနသို့၀မ်းသာအားရဖြေကြားခဲ့သည်။       
ဘုရားသခင်သည် ထိုနေ့က ကောင်လေးနှင့်ရှိနေခဲ့သည်။
            ရဟန်းမင်းကြီးသည် ဗုဒ္ဓဟူးနေ့တိုင်း ကမ္ဘာအရပ်ရပ်မှရောက်လာကြသော ဘုရားဖူးများနှင့်စိန့်ပီတာရင်ပြင်၊ သို့မဟုတ် ရာသီဥတုအကြောင်းကြောင်းကြောင့်ဆိုလျှင် ရဟန်းမင်းကြီးပေါလ် (၆) အားရည်စူးဆောက်လုပ်ထားသော ခမ်းမကြီး၌တွေ့ဆုံ လေ့ရှိသည်။ ထိုအဖြစ်အပျက်ဖြစ်သွားသောနေ့ကား အောက်တိုဘာလ (၂၀) ရက်နေ့ဖြစ်သည်။ အဘယ်သူမျှ မျှော်လင့်မထား သောအချိန်၌ ကောင်လေးသည်မတ်တပ်ထရပ်၍ ရဟန်းမင်းကြီးထိုင်နေရာဆီသို့တန်းသွားနေသည်။ ပုံမှန်အရဆိုလျှင် ကောင် လေးသည် စင်မြှင့်ပေါ်သို့တက်သွားရန်အင်အားမရှိ။ ခါတိုင်းဆိုလျှင် လှေကားများဆင်းသည့်အခါဖြစ်စေ၊ အဆင်းများ၌ သူ့အား ဖေးပေးရသည်။ ထူးဆန်းအံ့ဩစွာဖြင့် ထိုနေ့က သူသည် အဘယ်ကအင်အားဖြင့် အဆိုပါစင်မြှင့်၏လှေကားထစ်များပေါ်သို့ တက်ရောက်နိုင်ခဲ့သည်မသိ။ အဘယ်သူ၏အကူအညီမျှမယူဘဲ သူတစ်ဦးတည်းတက်သွားနိုင်ခဲ့သည်။ သူသည် နှစ်ကြိမ်၊ သုံး ကြိမ်မျှ ခလုတ်တိုက်ပြီးလဲလုလဲခင်ဖြစ်ခဲ့သော်လည်း ပြန်လည်မတ်တပ်ထရပ်နိုင်ခဲ့သည်။ ထိုနေ့က ဘုရားသခင်သည် သူနှင့်အ တူရှိနေခဲ့သည်။ ဘုရားသခင်သည် သူ့အားလဲကျမသွားစေရန်တွဲထူပေးနေခဲ့သည်ဟု မိခင်ဖြစ်သူက သားဖြစ်သူ၏ဖြစ်စဉ်ကို ကြည့်၍လုံး၀ယုံကြည်နေသည်။ ဧ၀ဂေလိကျမ်းစာ၌ ယေဇူးသခင်က ‘သင်တို့သည် ကလေးများကဲ့သို့အကျင့်မပြောင်းလဲလျှင် ကောင်းကင်နိုင်ငံတော်သို့မ၀င်ရကြ’ ဟုမိန့်ပါသည်. ယေဇူးသခင်ကိုချဉ်းကပ်ရန် ကြောက်စရာမလိုပေ။ ယေဇူးသခင်၏တို့ထိမှု ကိုခံရန် အသင့်ဖြစ်နေရမည်။ ဤကလေးကပေးလိုက်သောသင်ခန်းစာအတွက် သူ့ကိုလည်းကျေးဇူးတင်မိပါသည်။ ကောင် လေးသည် ရဟန်းမင်းကြီးထံသို့ချဉ်းကပ်သွားသောအခါ ရဟန်းမင်းကြီးက ကောင်လေး၏လက်ကိုဆုပ်ကိုင်လိုက်ပြီး၊ ပြုံးပြခဲ့ သည်။
            ရဟန်းမင်းကြီး၏ အမှုကိစ္စများကိုလုပ်ဆောင်ပေးရသောတာ၀န်ရှိသည့် မွန်ဆီညှော် Leonardo Sapienza က ထိုအ ဖြစ်အပျက်ဖြစ်နေစဉ်၌ ရဟန်းမင်းကြီး၏ ညာဘက်တွင်ထိုင်နေခဲ့သည်။ မွန်ဆီညှော်သည်မတ်တပ်ထရပ်ပြီး ကောင်လေးအား သူ့ထိုင်ခုံကိုပေးလိုက်၏။ ထိုအဖြစ်အပျက်ကိုမြင်တွေ့လိုက်ရသော ဘုရားဖူးလူထုကြီးက အလွန်သဘောကျသွားသောကြောင့် လက်ခုပ်တီးလိုက်ရာ ကောင်လေးသည်လည်း ရောယောင်၍ အားပါးတရလက်ခုပ်လိုက်တီးခဲ့သည်။ ကော်လေးသည် သူ၏ လက်ဖြင့်ခေတ္တခုထိုင်လိုက်ပြီး၊ သူ၏ခြေကိုလွှဲနေလိုက်၏။ ထိုအခါ ရဟန်းမင်းကြီးဆောင်းထားသော ဦးထုပ်အဖြူလေးအား သူ ၏အာရုံရောက်သွားခဲ့သည်။ မွန်ဆီညှော်ဖက်သို့လှည့်လိုက်ပြီး၊ ထိုဦးထုပ်ဖြူလေးကိုလိုချင်သည်ဟုဆိုလိုသည့်သဘောဖြင့် လက်ညိုးထိုးပြလိုက်၏။ ထိုအခါ ကျမ်းစာဖတ်သည့်အချိန်ရောက်လာရာ ကျမ်းစာဖတ်မည့်တာ၀န်ကျရဟန်းအား ကောင်းလေး က ခေါ်သွားပြီး၊ ရဟန်းမင်းကြီး၏ဦးထုတ်ဖြူလေးကိုအတင်းပြခိုင်း၏။ နောက်ဆုံး၌ ကောင်လေးသည်လည်း ရဟန်းမင်းကြီး ကဲ့သို့ ဦးထုတ်ဖြူတစ်လုံးကိုဆောင်း၍ ကျေနပ်စွာဖြင့် သူတက်လာခဲ့သောလျှောက်လမ်းအတိုင်းပြန်ဆင်းလာခဲ့သည်။ ရဟန်း မင်းကြီးသည် ဘုရားဖူးများအား တရားရေအေးတိုက်ကျွေးစဉ်တွင် ကောင်လေးအားကျေးဇူးတင်ကြောင်းမိန့်ကြားခဲ့သည်။  ယေဇူးသခင်ကိုချဉ်းကပ်ရန် မကြောက်သင့်။ ယေဇူး၏တို့ထိခြင်းကိုခံယူရန်အသင့်ပြင်ဆင်ထားသင့်သည်။ ကောင်းလေးခံစား နေရသောရောဂါကြောင့် သာမန်ခလေးတစ်ဦးမဖြစ်နိုင်သော်လည်း သူ၏ကြီးထွားခြင်း၌ ဘုရားသခင်သူအားကူညီစောင့် ရှောက်ပေးတော်မှုပါစေ။ အဘယ်ကြောင့်ဆိုသော် ယခုအပြုအမူသည် သူ၏နှလုံးသားထဲမှရိုးသားဖြူစင်စွာစီးထွက်လာသော သက်သေဖြစ်သည်။ ကလေးများသည် နှလုံးသားမှထွက်လာသောအရာကို ဘ၀၌တိုက်ရိုက်အသုံးချနိုင်သောအစွမ်းမရှိ။ ၄င်း တို့၏ဘ၀၌ နှလုံးသားကသာဦးဆောင်သွားသည်။   
သင်၌ ‘မဖြစ်နိုင်’ သည့်အရာမရှိ။
            ကောင်လေး၏မိသားစုသည် အီတလီ တောင်ပိုင်း၌နေထိုင်သည်။ ယခုရောမသို့ရောက်ရှိနေစဉ်၌မူ စိန့်ပီတာရင်ပြင်နှင့် မလှမ်းမကမ်း၌ရှိသော ဟိုတည်တစ်ခု၌တည်းနေသည်။ ထိုဗုဒ္ဓဟူးနံနက်ပိုင်း၌ သားအမိသည် နံနက်စာကိုစားကြပြီးနောက်၊ ရောမမြို့၏ရူခင်းကိုလှည့်ပတ်ကြည့်ရူနိုင်သော ဘစ်ကားဖြင့်ရူခင်းကိုကြည့်ရူရန်ရည်ရွယ်ခဲ့ကြသည်။ ဗာတီကန်ရင်ပြင်အား ဖြတ်လျှောက်သွားစဉ် လူတန်းရှည်ကြီးတန်းစီနေကြသည်ကိုသတိထားလိုက်မိ၏။ မိခင်ဖြစ်သူက အဘယ်ကြောင့်လူများတန်းစီ နေကြသည်ကို ဘေးမှလူများကိုမေးမြန်းကြည့်ရာ ရဟန်းမင်းကြီး ဘုရားဖူးများနှင့်တွေ့ဆုံသည့်အစီအစဉ်ရှိကြောင်းသိလိုက်ရ သည်။ မိခင်ဖြစ်သူက ထိုတွေ့ဆုံခြင်း၌ပါ၀င်ချင်သည်။ သို့သော် ကြိုတင်လက်မှတ်ယူမထား၍ မျှော်လင့်ချက်မဲ့နေခဲ့သည်။ ထို့ ကြောင့်သားဖြစ်သူက အတော်စိတ်ပျက်လက်ပျက်ဖြစ်သွားသည်ကို အနီးအနားကဖြတ်သွားသူတစ်ဦးကသတိထားလိုက်သည်။ အဘယ်ကြောင့်ဤမျှစိတ်ပျက်လက်ပျက်ဖြစ်ရသနည်းဟုမေးမြန်းရာ သားဖြစ်သူသည် ရဟန်းမင်းကြီးနှင့်တွေ့ဆုံလိုသည်မှာ နှစ်နှင့်ချီကြာခဲ့ပြီဖြစ်ကြောင်းမိခင်ဖြစ်သူကရှင်းပြလိုက်၏။ သားအမိအားမေးမြန်းသူမှာ Unitalsi (မကျန်းမာသူများ၊ သက် ကြီးရွယ်များ၊ မသန်မစွမ်းများအားဘုရားဖူးသွားသည့်အခါ၌ ကူညီစောင့်ရှောင်ပေးသည့်အဖွဲ့) အဖွဲ့၏ခေါင်းဆောင်ဖြစ်နေ သည်။ သူသည် ခမ်းမဆောင်ထဲသို့ခေါ်ဆောင်သွားနိုင်ကြောင်းပြောပြလေ၏။ သို့ဖြင့် ခမ်းမထဲသို့၀င်ရောက်သွားခဲ့ပြီး၊ ရှေ့ဆုံးမှရေလျှင်လေးတန်းမြောက်တွင်နေရာချပေးထားလေသည်။ သို့သော် နောက်ပိုင်း၌ ၄င်းတို့သည် ရှေ့ဆုံးတန်းတွင်နေရာ ချပေးထားလေ၏။    
            မိခင်ဖြစ်သူသည် သားဖြစ်သူ၏ဦးထုပ်၊ လည်ပတ်၊ အနွေးထည်တို့ကိုချွတ်ပေးလိုက်၏။ ထို့နောက်မှသူ၏အနွေးထည် ကိုချွတ်ရန်ရှုပ်နေစဉ် သားဖြစ်သူသည် ရုတ်တရက်လမ်းလျှောက်ထွက်သွားပြီး၊ ရဟန်းမင်းကြီးထံသို့သွားလေ၏။ ပြန်ခေါ်သော် လည်းမမှီတော့။ သားဖြစ်သူကလည်းအရေးမစိုက်တော့ပေ။ မိခင်ဖြစ်သူဗျာများနေသည်ကိုတွေ့၍ ဗာတီကန်လုံခြုံရေးရဲက စိတ်မပူရန်၊ ရဟန်းမင်းကြီးသည် ကလေးများသူ့ထံလာလေ့ရှိသည်ကိုပျော်ကြောင်းလာရောက်ရှင်းပြလိုက်၏။ ဘုရားဖူးများနှင့် တွေ့ဆုံအပြီး၌ ရဟန်းမင်းကြီးဖရန်စစ်သည် မိခင်ဖြစ်သူနှင့်သီးသန့်လာရောက်တွေ့ဆုံနှုတ်ဆက်သည်။ မိခင်ဖြစ်သူ၏လက်ကို ကိုင်၍ ‘အမျိုးသမီး၊ အားယူပါ။ မဖြစ်နိုင်သောအရာသင့်အတွက်မရှိ။ ဆုတောင်းခြင်း၌သင်၏အနီးအပါးတွင်ရှိနေမည်။ ဆက် လက်ပြီး အားတင်လျှောက်လှမ်းပါ။ သင့်သားအတွက် သင်အတော်လုပ်ပေးခဲ့ပြီးပြီ။ သင်ဟာ မဟာမိခင်ပါ’ ဟုအားပေးမိန့်ကြား ခဲ့သည်။    
ထူးခြားလွန်းသော ဆေးစစ်ချက်အဖြေ
            ထိုနေ့ညနေ၌ မိခင်ဖြစ်သူထံဖုန်း၀င်လာသည်။ သားဖြစ်သူကို ၄င်းတို့နေထိုင်သောမြို့ဖြစ်သည့် Bari သို့ဆေးစစ်ရန်လို အပ်၍ နောက်တစ်နေ့ပြန်ခေါ်လာရန်ပြောပါသည်။ ဆရာ၀န်များသည် သူ၏သားဖြစ်သူ၏ကျန်းမာရေးအခြေအနေကိုအလွန်စိုး ရိမ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ပရိုတင်းများသည် စီးထွက်မှုမြင့်မားသောကြောင့် ၀က်ရူးပျံဖြစ်ပွားမှုမြင့်မားလာမည့် ကိုစိုးရိမ်ရသည်။ သို့ဖြင့်သားအမိသည် အောက်တိုဘာလ (၂၁) ရက်နေ့က ဆရာ၀န်နှင့်တွေ့၍ဆေးစစ်လိုက်သည်။ သုံးရက် မြောက်သောနေ့၌ ဆရာ၀န်ကမိခင်ဖြစ်သူအား အံ့အားသင့်သွားဖွယ် ဆေးစစ်ချက်ရလာဒ်ကိုပြောပြလာပါသည်။ သားဖြစ်သူ၏ ပရိုတင်းမှာ (၁၅၇) ရှိနေရာမှ (၁၀၆) သို့ထိုးဆင်းသွားကြောင်း၊ အဘယ်သို့ဖြစ်သွားသည်ကိုဆေးပညာအနေဖြင့်မပြောပြတတ်၊ မ ရှင်းပြတတ်ကြောင်းပြောရှာသည်။ ၄င်းတို့သားအမိသည် နို၀င်ဘာလ (၅) ရက်နေ့က ရောမသို့တဖန်ဆေးစစ်ရန် ပြန်သွားခဲ့ သည်။ နှစ်ပတ်အတွင်း၌ သားဖြစ်သူ၏ပရိုတင်းမြင့်နှုန်းမှာ (၂၆) အထိကျဆင်းသွားပြန်သည်ကိုထူးခြားစွာသိလိုက်ရပြန်သည်။ ဆရာ၀န်များက သားဖြစ်သူသည် ဦးနှောက်ကင်ဆာဖြစ်နိုင်ချေရှိသည့်သံသယရှိနေခဲ့ကြသည်။ ယခုသိလိုက်ရသော ဆေးစစ် ချက်ကြောင့် မိခင်ဖြစ်သူမှာ သား၏ခွဲစိပ်မှုအတွက်စိတ်ပူနေခဲ့ရာမှစိတ်အေးသွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ခွဲစိတ်မှုပြု လုပ်ပြီးနောက် သားဖြစ်သူသည် ဘီးတပ်လှည်းဖြင့်သာသွားလာရမည်ဆိုလျှင်၊ သို့မဟုတ် ဆုံးပါးသွားလျှင်ဟူကြိတ်ပူနေခဲ့သည့် အပူလုံးကျဆင်းသွားခဲ့သည်။ ပြီးခဲ့သော နို၀င်ဘာလက မိခင်ဖြစ်သူသည် CBS သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းရာတွင် မိခင်ဖြစ် သူအနေဖြင့် သားဖြစ်သူ၏ဘ၀ကို ပြောင်းလဲသွားစေသည့်အတွက် ရဟန်းမင်းကြီးဖရန်စစ်အားဘာပြောချင်သနည်းဟုမေး မြန်းရာ ‘တန်ခိုးအံ့ဖွယ်ရာအတွက် ကျေးဇူးတင်ကြောင်း’ ပြောလိုသည်ဟုဖြေကြားခဲ့သည်။ 
ဘာသာပြန် - ဖာသာရ် ကလေးမင်း အားတယ်
Photo  Crd 

NEWS AND EVENTS
2024-06-15 00:11:14

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။