#စိန့်ပေါလ်သာသနာပြုသီလရှင်တို့၏လားရှိုးသာသနာ၊ပန်မကြုံတိုက်နယ်တွင်သာသနာ့အမှုတော်ထမ်းဆောင် ခြင်း(၂၅)နှစ်ပြည့်ငွေစင်ဂျူဗလီ။
.
#စိန့်ပေါလ်သာသနာပြုသီလရှင်တို့၏လားရှိုးသာသနာ၊ပန်မကြုံတိုက်နယ်တွင်သာသနာ့အမှုတော်ထမ်းဆောင် ခြင်း(၂၅)နှစ်ပြည့်ငွေစင်ဂျူဗလီ။(ဇန်နဝါရီလ၊(၂၇)ရက်၊၂၀၂၂)စိန့်ပေါလ်သာသနာပြုသီလရှင်တို့၏ပန်မကြုံတိုက် နယ်၊လားရှိုးသာသနာအတွင်းသာသနာ့အမှု့တော်ထမ်းဆောင်ခြင်း(၂၅)နှစ်ပြည့် ဂျူဗလီပွဲတော်ကို ဘာသာဝင် ညီအစ်ကို မောင်နှမများနှင့်အတူ ဇန်နဝါရီလ (၂၅) ရက်၊ ၂၀၂၂ ခုနှစ် (အင်္ဂါနေ့) တွင် ကျင်းပခဲ့ကြပါသည်။
လားရှိုးသာသနာ ပန်မကြုံတိုက်နယ်တွင် သာသနာ့အမှုတော်ထမ်းဆောင်ရန် လားရှိုးသာသနာပိုင် အဖဆရာတော် ဘုရား၏ ဖိတ်ခေါ်မှုကြောင့် Missionary Congregation of the Sisters of St. Paul (MSP) အသင်းဂိုဏ်း အကြီးကဲများ၏ လမ်းညွန်မှုဖြင့် သာသနာပြု သီလရှင်များသည် ၁၉၉၇ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှ ရောက်ရှိကာ သာသနာ့အမှုတော်ထမ်းဆောင်ခဲ့သည်မှာ ယခုနှစ်(၂၀၂၂)တွင် ၂၅ နှစ်ပြည့်ကာ ငွေစင်ဂျူဗလီ တိုင်ခဲ့ပြီဖြစ်ပါသည်။
ယင်း(၂၅)နှစ်တာကာလတစ်လျှောက်လုံး ဘုရားရှင်၏ ကျေးဇူးတော်ဖြင့် ပန်မကြုံတိုက်နယ်ရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့်အတူ အေးအတူပူအမျှ အတူတကွနေထိုင်ရင်း သခင်ခရစ်တော်ကို မိမိတို့ ဘဝအသက်တာ ရှင်သန်နေထိုင်မှုနှင့် သက်သေခံခြင်း ဟောပြောဝေမျှခြင်းတို့ဖြင့် အစေခံခြင်းအမှုကို(၂၅) နှစ် ပြည့်တိုင်အောင် အစေခံခွင့်ရသည့်အတွက် ဘုရားသခင်အား ကျေးဇူးတင်ခြင်း၊ ရရှိခံစားရသော ကျေးဇူးတော် များကိုချီးမွမ်းခြင်းငွေစင်ဂျူဗလီကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။ ကျေးဇူးတင်ခြင်းမစ္ဆားတရားတော်မြတ်ကို ( ၂၅) ဇန်နဝါရီလ ၂၀၂၂ ရက် နေ့ (The Conversion of St. Paul) ပွဲနေ့တွင် လားရှိုးဂိုဏ်းအုပ်သာသနာပိုင်အဖဆရာတော်ဘုရားလူးကပ်စ်ဒေါင်းဇယ်(SDB)နှင့်လာရှိုးသာသနာမှဘုန်းတော်ကြီးများ၊သာသနာပြုညီကိုမောင်နှမများ၊ ဘာသာဝင်ဓမ္မမိတ်ဆွေများ အတူတကွ ပူဇော်ခဲ့ကြပါသည်။ Missionary Congregation of the Sister of St.Paul(MSP)အသင်းဂိုဏ်းဝင်သာသနာပြုသီလှရှင်များ၊ ကိုရင်ကြီးများ၊ ဘုန်းတော်ကြီးများဘုရားရှင်၏အမှုတော်မြတ်ကိုဆက်လက်ထမ်းဆောင်နိုင်ကြပါစေ။ #Missionary of St.Paul, Lashio.
Posted by Dethzumen Hnin(I.S.R.)