Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-01-31 00:38:55

#စည်းလုံးခြင်းအတွက်ဆုတောင်းကြပါ။ ဓမ္မညီလာခံအတွက်ဆုတောင်းကြပါ။

#Pray for unity, pray for the synod

            ရဟန်းမင်းကြီး၏ ခရစ်ယာန်များစည်းလုံးခြင်းရရှိရေးရုံးတော်၏ ဥက္ကဌ ကာဒီနယ် Koch နှင့်ဆရာတော်ကြီး များ၏ ဓမ္မညီလာခံဆိုင်ရာ အထွေထွေအတွင်းရေးမှူး ကာဒီနယ် Grech တို့သည် (၂၀၂၁၊ အောက်တိုဘာလ ၂၁) ရက် နေ့က ပူးတွဲကြေညာချက်ထုတ်ပြန်၍ ခရစ်ယာန်များစည်းလုံးညီညွှတ်ခြင်းရရှိရေးနှင့်ဆိုင်သောတာ၀န်ရှိဆရာတော် ကြီးများအားလုံးပေးပို့ ညွှန်ကြားခဲ့သည်။ အဆိုပါပူးတွဲကြေညာချက်ထဲ၌ ‘ဓမ္မညီလာခံကျင်းပခြင်းနှင့်ခရစ်ယာန်များ စည်းလုံးခြင်းရရှိရန်မှာ ဒွန်တွဲလျှောက်လှမ်းရမည့်လုပ်ငန်းစဉ်ဖြစ်သည်။ ခရစ်ယာန်များစည်းလုံးခြင်းကို ‘လက် ဆောင်မွန်များဖလှယ်ခြင်း’ဟုသဘောပေါက်ရမည်ဖြစ်ကြောင်း၊ ကက်သလစ်သာသနာတော်ကြီးအနေဖြင့် အခြား သောခရစ်ယာန်ညီအစ်ကိုများထံမှရရှိနိုင်သော လက်ဆောင်မွန်များအနက်တစ်ခုမှာ ဓမ္မညီလာခံကြီးနှင့်ပတ်သက် သော ၄င်းတို့၏တွေ့ကြုံခံစားမှုပင်ဖြစ်သည်။ (၂၀၂၂) ခုနှစ်၏ ‘ခရစ်ယာန်များစည်းလုံးခြင်းအတွက် ဆုတောင်းရာတစ်ပတ်တာ’ ၏ဆောင်ပုဒ်မှာ ‘ကျွန်ုပ် တို့သည် အရှေ့အရပ်၌ ကြယ်တော်ကိုမြင်တွေ့ခဲ့သည်။ သူ့အားဖူးမြှော်ရှိခိုးရန်ရောက်ရှိလာကြသည်’ ဟုဖြစ်သည် (သံမာတေဦး ၂း၂)။ ဤဆောင်ပုဒ်ကို အရှေ့အလယ်ပိုင်းအသင်းတော်ကောင်စီမှရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ရည်ရွယ် ချက်မှာ ကျင်းပရန်ရှိသည့် ဓမ္မညီလာခံ၌ ခရစ်ယာန်များစည်းလုံးခြင်းရှိလာစေရန်တိုးမြင့်လုပ်ဆောင်နိုင်သော အခွင့် အခါကောင်းကိုပေးရန်ဖြစ်သည်။ ကျွန်ုပ်တို့၏ လက်ဆောင်ပဏာများကို ဖွင့်ပြခြင်း၊ဆောင်ပုဒ်ကိုထောက်ရူမည်ဆိုပါက မင်းပညာရှိများကဲ့သို့ပင် ခရစ်ယာန်များလည်း အတူတကွခရီးနင်နေကြ ခြင်းဖြစ်သည် (synodos = ခရီးအတူသွားခြင်း)။ ထိုခရီးကို ကောင်းကင်မှအလင်းတော်၏လမ်းညွှန်မှုကို အတူတကွခံ ယူလျှောက်လှမ်းရင်း တူညီသောလောကီအမှောင်တုကြီးကိုရင်ဆိုင်ဖြတ်လျှောက်နေသည်။ က‌မ္ဘာလူသားများသည် လည်း ဘုရားသခင်ကိုရှိခိုးကိုးကွယ်ရန်၊ ၄င်းတို့၏ရတနာများကိုဖွင့်၍ကပ်လှူရန်ဖိတ်ခေါ်ခြင်းခံရသူများဖြစ်ကြ သည်။ ခရီးသွားဖော်လိုအပ်သည်ကိုလည်းသိထားရမည်။ ထို့အတူ ခရစ်တူသခင်နှင့်နွယ်၍ တော်စပ်ရသော ကျွန်ုပ်တို့ညီအစ်ကိုမောင်နှမများထံမှလည်််း လ်ဆော်မြားစှာရှိသ်ကိုလည်း နားလည်ရမည။ သူတို့အားလညျး ဤနှ် နှ်တာအတှငျး၌ ကြှနျုပျတို့နှငျ့အတူ ခရီးသှားကွရနျဖိတျခေါျရမညျ။ ကြှနျုပျတို့၏ရတနာမြားကို ပှငျ့လငျးမွငျသာစှာ ဖှငျ့ခခြွငျးဖွငျ့ သနျ့ရှငျးသောဝိညာဉျတောျဘုရားမှ အခွားသောခရစျယာနျအသငျးအဖှဲ့မြားအပေါ်သွန်းလောင်းသော လက်ဆောင်များကိုလည်းမျှယူခွင့်ရမည်ဟုမျှော်လင့်သည်။ ထိုလက်ဆောင်များသည် အားလုံးစည်းလုံးစေရေးကို တည်ဆောက်သောအကြောင်းအရင်းဖြစ်ပေမည်။ ဆုတောင်းခြင်း၊ အထက်ကဆိုခဲ့သော ရဟန်းမင်းကြီး၏ရုံးတော်နှစ်ခုမှ တာ၀န်ရှိသူများအနေဖြင့် ဓမ္မညီလာခံဖြစ်မြောက်ရေး အတွက်ဆုတောင်းရန် အောက်ပါဆုတောင်းမေတ္တာကိုသီကုံးပေးပို့လိုက်ပါသည်။ ဤဆုတောင်းမေတ္တာ၌ ခရစ်ယာန် များစည်းလုံးညီညွှတ်ခြင်းရရှိရေးနှင့်ဆက်နွယ်၍ အခြားဆီလျှော်သောရည်ရွယ်ချက်များလည်း ထည့်သွင်းနိုင်ပါ သည်။ကောင်းကင်ရှင်အဖ၊မင်းပညရှိတို့သည် ကြယ်တော်၏လမ်းပြခေါ်ဆောင်မှုဖြင့် ဘက်သလဟင်ရှိရာအရပ်ဆီသို့ ဦးတည်ခရီးနင်ခဲ့ ကြပါသည်။ ကိုယ်တော်၏ ကောင်းကင်အလင်းရောင်တော်အားဖြင့် ကက်သလစ်သာသနာတော်ကြီးကိုလည်း ယခု ကျင်းပမည့် ဓမ္မညီလာခံ၌ အခြားသောခရစ်ယာန်များနှင့်အတူတကွ လျှောက်လှမ်းနိုင်ရန် လမ်းပြဦးဆောင်ပေးတော် မူပါ. မင်းညာရှိတို့သည် ယေဇူးသခင်အားဖူးမြှော်ရှိခိုးရာ၌ တစ်စိတ်တစ်၀မ်းတည်းရှိခဲ့ကြသကဲ့သို့ ကိုယ်တော့်သား တော်နှင့်လည်းကောင်း၊ အချင်းချင်းကြား၌လည်းကောင်း ပိုမိုနီးကပ်စွာရှိနေစေရန်ဦးဆောင်တော်မူပါ။ သို့မှသာ ကျွန်ုပ်တို့သည် ကိုယ်တော်လိုလားသော ခရစ်ယာန်အသင်းအချင်းချင်းသည်လည်းကောင်း၊ ဖန်ဆင်းခံတစ်ခုလုံး၏ စည်းလုံးခြင်းနိမိတ်တစ်ခုဖြစ်လာကြမည်ဖြစ်သည်။ ဤတောင်းဆုများကို တပည့်တော်တို့၏အရှင် ခရစ္စတူးသခင် အားဖြင့်လျှောက်တောင်းကြပါသည်။ အာမင် 

   ဘာသာပြန်- ဖာသာရ်ကလေးမင်းအားတယ်

    Photo Crd 

NEWS AND EVENTS
2024-06-15 00:11:14

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။