#လူတစ်ထောင်ကျော်စုဝေးနေသော ကက်သလစ်ဘုရားကျောင်းကို အသေခံဗုံးခွဲရန် ရောက်လာသော မွတ်စလင်အစွန်းရောက်နှစ်ဦးအား တားဆီးရင်း မိမိအသက်ကိုပေးသွားသူ အကက်ရှ် ဘာရှီ (Akash Bashir)
ဖေဖော်ဝါရီလ (၂) ရက် ၂၀၂၂
ပါကစ်စတန်နိုင်ငံ စိန့်ဂျွန်ဘုရားကျောင်း၌ ဝါတွင်း တနင်္ဂနွေ တစ်ခုတွင် လူတစ်ထောင်ခန့် စုရုံးပြီး ဆုတောင်းနေချိန်တွင် အစွန်းရောက် အကြမ်းဖက်နှစ်ဦး အသေခံဗုံးဖြင့် ဖေါက်ခွဲရန် ရောက်လာရာ လုံခြုံရေးတာ၀န်ယူနေသော လူငယ် Akash Bashirက တားဆီးလိုက်သဖြင့် ထိုနေရာ၌ပင် ဗုံးဖေါက်ခွဲလိုက်ကာ အသက်ပေးသွားသော အာဇာနည်လုပ်ရပ်တစ်ခု လွန်ခဲ့သော ၂၀၁၅ ခုနှစ် မတ်လ ၁၅ ရက်က ဖြစ်ပွားခဲ့သည်။
သူသည် စိန့်ဒွန်ဘောစကိုနည်းပညာကျောင်
သူအား "ဘုရားသခင်၏အစေခံလေး" Servant of God ဟု အမည်ပေးထားပြီး ရန္တာတင်မြောက်ရန် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ယာထားခြင်းခံရသူလည်းဖြစ်သည်။
အငြိမ်းစားဆရာတော်ကြီး Lawrence Saldanha က "၀မ်းနည်းသတင်းတွေနဲ့ပဲ ပြည့်နေတဲ့နေအချိန်မှာ ၀မ်းမြောက်စရာသတင်းကတော့ သူဟာ မျက်မှောက်ခေတ်ရန် အာဇာနည်အဖြစ် စံနမူနာပြခဲ့ပြီ။ သူ့ရဲ့ လုပ်ရပ်တွေသည် ယခုခေတ်လူငယ်တွေကို ခွန်အားဖြစ်စေမှာပါ" ဟု မိန့်ကြားတော်မူသည်။
#1001NEWS
#vaticannews
#gettyimages