#ကတိသစ္စာသုံးပါးခံ ဆက်ကပ်အပ်နှံရာသက်ပန်အသက်တာသည် လူငယ်မောင်မယ်များအား အကြောင်းမဲ့အချိန်ဖြုန်းတီးနေခြင်းမဟုတ်ဟုရဟန်းမင်းကြီးမိန့်ကြား
#Pope Francis: Consecrated life is not a waste of young men and women
ရဟန်းမင်းကြီးသည်ဖေဖေ် ဝါရီလ (၂) ရက် နေ့ ‘သူငယ်တော်ယေဇူး အား ဂျေရူးစလင်မြို့၌ ပူဇော်တော်မူသော ပွဲ’ ကိုကျင်းပသည်။ထိုနေ့ကိုကမ္ဘ့ သူတော်စင်‘များနေ့’ အဖြစ် သတ်မှတ် ခဲ့သည်။နှစ်စဥ်နှစ်တိုင်းဆုတောင်း၀တ်ပြုခြင်းကိုမှောင်မှ အစပြုခြင်း ကိုပါ၀င်ကြသောလူထုက ဖယောင်းတိုင်ကိုယ်စီထွန်းညှိထားကြ သည်။ အခမ်းအနားသို့ သူတော်စင်အမျိုးသား၊ အမျိုးသမီးထောင်းနှင့်သောင်းနှင့်ပါ၀င်ခဲ့ကြသည်။ ရဟန်းမင်းကြီး၏ ဩ၀ါဒသည် ၄င်းတို့အားတိုင်တည်၍ဟောကြားခဲ့သည်။ သူတော်စင်တို့၏ ကွဲပြားခြားနားသော ခေါ်တော်မှုခြင်းအကြောင်း၊ ထိုခေါ်တော်မှုခြင်းကို တိုးမြင့်လုပ် ဆောင်ကြရန်အားပေးတိုက်တွန်းခဲ့သည်။ ဩ၀ါဒ၌ ‘ကျွန်ုပ်တို့၏ဆက်ကပ်ခြင်းအသက်တာကို ထွက်ပေါ်လာသော ရလာဘ်၊ ပန်းတိုင်နှင့်အောင်မြင်မှုကိုသာ ကြည့်၍ဆုံးဖြတ်လေ့ရှိကြောင်း၊ ကျွန်ုပ်တို့သည် တစ်ပါးသူအားလွှမ်းမိုးနိုင်ရန်၊ လူမြင်သာစေရန်၊ အရေအတွက်များကိုသာ ကြည့်တတ်ကြကြောင်း၊ ဤသို့သော စိတ်နေသဘောထားသည် နှောက်ယှက်ခြင်းတစ်ခုဖြစ်ကြောင်း၊ ၀ိညာဉ်တော်ကား ဤလိုအပ်ချက်တစ်ခုကိုမျှတောင်းဆိုလေ့မရှိ။ ၀ိညာဉ်တော်အလိုရှိသည်မှာ ကျွန်ုပ်တို့အားပေးအပ်ထားသောအမှုတော်ကြီးငယ်အပေါင်းသစ္စာရှိကြရန် နှင့်ဝီရိယရှိရှိ လုပ်ဆောင်ရန်သာဖြစ်သည်။ အသိုင်းအ၀ိုင်းကအကျိုးမရှိဟုထင် ၍ တန်ဖိုးမထားသော မိမိတို့၏သူတော်စင်အသက်တာကိုပြန်လည်ဆ်းစစ်ရန် တိုက်တွန်းခဲ့သည်။သူတော်စင်အသက်တာကို ကမ္ဘာလောကြီးက အကျိုးမဲ့သည် ဟုသတ်မှတ်ကြသည်။ကိုယ်ရည်ကိုယ်သွေးပြည့်မှီနေသော လူငယ်မောင်မယ်များ ဆက်ကပ်ခြင်းအသက်တာနောက်သို့လိုက်နေခြင်းသည် အလွန်ကြီးမားသော ဆုံးရှုံးမူကြီးဖြစ်သည်။ သူတို့သည် ရုပ်ဆိုးအကျည်းတန်ကြလျှင် သူတော်စင်များဖြစ်ကြလျှင်လည်းကိစ္စမရှိ။ သူတို့သည် ကြီးမြတ်သူများဖြစ်ကြသည်။သူတော်စင် များသည် ကြည့်ရူလေ့လာရန်သက်သက်ဖြစ်သော အတိတ်၏ ‘ဓာတ်တော်မွေတော်’ များဖြစ်သည်။ မျက်မှောက်ခေတ်အတွက်အသုံးမတည့်လှဟုထင်မှတ်နေကြ သည်။ ကျွန်ုပ်တို့အနေဖြင့် ဤဆက်ကပ်အပ်နှံရှင်သန်သောအသက်တာကို အဘယ်သို့ထင်မြင်လက်ခံကြသနည်း။ ရဟန်းမင်းကြီးဖရန်စစ်နှင့်အတူ အရှေ့တိုင်း ၀ိနည်းကိုကျင့်သုံးသော ကက်သလစ် အာမေနီးယန်ဘာသာရေးခေါင်းဆောင် Patriarch Raphaël Bedros XXI Minassian တို့မှ မစ္ဆားတရားကိုဦးဆောင်ပူဇော် ခဲ့ကြသည်။
ဘာသာပြန်-ဖာသာရ် ကလေးမင်းအားတယ်
Photo Crd