Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-02-09 21:50:58

#Pope condemns “barbaric” attack on displaced people in DRC

           ဗာတီကန်၏အတွင်းရေးမှူးဖြစ်သော ကာဒီနယ် Pietro Parolin က ကွန်ဂိုသမ္မတနိုင်ငံ၏ သမ္မတထံသို့၀မ်းနည်းကြောင်းသံကြိုးစာပေးပို့ခဲ့သည်။      ဖေဖေါ်၀ါရီလ(၂)ရက်နေ့၌လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ကပြည်တွင်း၌နေရပ်စွန့်ခွာခိုလုံနေရသော ဒုက္ခသည်စခန်းတစ်ခုအား ပစ်ခတ် တိုက်ခိုက်ခဲ့ကြသည်။ ထိုတိုက်ခိုက်မှုကြောင့် ဒုက္ခသည် (၆၀) ဦးခန့်အသက်ဆုံးရှုံးခဲ့ရပြီး၊ ၄င်းတို့အနက် ကလေး (၁၂) ဦးခန့်လည်းပါသွားသည်။ ထိခိုက်ဒဏ်ရာရသူများမှာလည်း (၄၀) ဦးခန့်ရှိသည်။      
            ဤလုပ်ရပ်သည် လူမဆန်ဘဲ အရိုင်းအစိုင်းဆန်သောလုပ်ရပ်ဖြစ်ကြောင်း၊ ကွယ်လွန်သွားကြသောသူတို့အားလည်း သနားကရုဏာအရှင်က သူ၏ငြိမ်သက်ခြင်းနှင့်ထာ၀ရအလင်းတော်၌ သူတို့ကိုလှိုက်လှဲနွေးထွေးစွာကြိုဆိုရန်၊ ကွယ်လွန်သွားသူများအတွက် ကြေကွဲခံ စားနေရသောမိသား စု၀င်များဘုရားသခင်ထံမှ နှစ်သိမ့်ခြင်းနှင့်စိတ်ဒဏ်ရာအားကုသမှုများခံရရန်၊ ရဟန်းမင်းကြီးသည် ‌‌ေ၀ဒနာခံစားနေရသောသူတို့အားလုံးနှင့်ထပ် တူခံစားရကြောင်း၊ ဘုရားသခင်သည် အသက်ရှင်ကျန်ရစ်သူများ၊ ကယ်ဆယ်ရေးလုပ်ငန်းစဉ်များ၌ ပါ၀င်နေကြသူအားလုံးအားလည်း သတ္တိနှင့်အင် အားများပေးသနားရန်ဆုတောင်းပေးထားသည်။  
            လူမှုကယ်ဆယ်ရေးလုပ်ငန်းကို လုပ်ဆောင်နေသော ကုလနှင့်သူ၏မိတ်ဖက်အဖွဲ့အစည်းများကလည်းဤလုပ်ရပ်ကို ပြင်းပြင်းထန်ထန်ပြစ် တင်ခဲ့သည်။ ယခုအခင်းဖြစ်ပွားသောနေရာသည် ကုလနှင့်ကက်သလစ်သာသနာ၏ ကရုဏာရေးလုပ်ငန်းအဖွဲ့အစည်းများပူးပေါင်း၍ ဒုက္ခသည် စုစု ပေါင်း (၂၀၀၀၀) ကျော်ကိုလက်ခံစောင့်ရှောက်ထားသည်။ ၄င်းတို့အနက် ကလေး (၁၃၀၀၀) ရှိသည်။ ယခုလုပ်ဆောင်ချက်ကဲ့သို့ လွန်ခဲ့သော (၃) လခန့်ကလည်း ဤဒေသ၌လူ ပေါင်း (၄၄) ဦးသေစေခဲ့သောတိုက်ခိုက်မှုကြီးတစ်ရပ်လည်းဖြစ်ပွားခဲ့သည်။ ဒုက္ခသည် (၂၃၀၀၀၀) ခန့်သည် ဒုက္ခ သည်စခန် (၆၀) ခု၌မျှထားထားရသည်။ အဆိုပါလူမှုကယ်ဆယ်ရေးအဖွဲ့နှစ်ဖွဲ့သည် နိုင်ငံတော်အားထောက်ပံ့ပေး၍ စီမံကွပ်ကွဲစေသည်။

ဘာသာပြန်-ဖာသာရ် ကလေးမင်းအားတယ်
Photo Crd

NEWS AND EVENTS
2024-06-15 00:11:14

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။