#ရဟန်းမင်းကြီးသည် ဆလိုဗေးနီးယားနိုင်ငံသမ္မတအား လက်ခံတွေ့ဆုံခဲ့
#Pope receives Slovenian President Borut Pahor in audience
ပြီးခဲ့သော တနင်္လာနေ့တွင်ရဟန်းမင်းကြီးသည် ဆလိုဗေးနီးယား သမ္မတ Mr. Borut Pahor အားလက်ခံတွေ့ဆုံခဲ့သည်။ ဗာတီကန်၏အတွင်းရေးမှူးဖြစ်သော ကာဒီနယ် Mr. Borut Pahor ၊ နိုင်ငံတကာဆက်ဆံရေးတာ၀န်ခံ ဂိုဏ်းချုပ်ဆရာတော် Paul Richard Gallagher နှင့်လည်းတွေ့ဆုံခဲ့သည်။ ဗာတီကန်သတင်းပြန်ကြားရေးအဖွဲ့၏သတင်းထုတ်ပြန်ချက်ထဲ၌ ယခုနှစ်သည် ဗာတီကန်နှင့်ဆလိုဗေးကီးယားနိုင်ငံတို့ ကြားသံတမန်ချိပ်ဆက်ခဲ့သော နှစ် (၃၀) ပြည့်နှစ်ပတ်လည်နှစ်လည်းဖြစ်သည်။ ၄င်းတို့ပြောဆိုဆွေးနွေးခဲ့သည့်အကြောင်းအရာများမှာ နိုင်ငံကြား ပူးတွဲလုပ်ဆောင်ချက်များနှင့်ပတ်သက်၍ အားရကျေနပ်သည့်အကြောင်းနှင့်သာသနာနှင့်ဆလိုဗေးနီးယားအရပ်ဖက်အာဏာပိုင်တို့အကြားဆက် ဆံရေးအကြောင်းများဖြစ်ကြောင်း၊ ထို့အပြင်အခြားသော နိုင်ငံတကာဆိုင်ရာ ကိစ္စရပ်များစွာတို့ကိုလည်းပြောဖြစ်ခဲ့ကြောင်း၊ ဥရောပသမ္မဂကို ဥရောပအနောက်ဖက်သို့ချဲ့ထွင်ခြင်းကိစ္စနှင့်ယူကရိန်းကိစ္စများအကြောင်းပြောဆိုဆွေးနွေးခဲ့ကြောင်းဖော်ပြထားသည်။
ဘာသာပြန် ဖာသာရ် ကလေးမင်းအားတယ်
Photo Crd.