ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့၌ (၂၀၂၂) နှစ်၏ကမ္ဘာ့လူထုဆက်သွယ်ရေးကွန်ဂရက်စ် (SWC) ကိုကျင်းပခဲ့သည်။ ဤကွန်ဂရက်စ်သည် 'Metaverse’ လူမူကွန်ရက်မှ ကမ္ဘာတစ်၀ှမ်းရှိ ကက်သလစ်များပါ၀င်နိုင်ရန်နှင့်ကျင်းပသည့်အချိန်အတိအကျ၌ပါ၀င်နိုငစေသော ပထမ ဦးဆုံးအအခမ်းအနားဖြစ်သည်။ဤအခမ်းအနားကို လာမည့် ဩဂုတ်လ (၁၅-၁၈) ရက်နေ့အထိကျင်းပမည်။ ကမ္ဘာတစ်၀ှမ်းမှ ကက်သ လစ်သတင်းသမားများနှင့်လူထုဆက်သွယ်ရေးကို လုပ်နေကြသောကက်သလစ်ဘာသာတူများအားလုံး ဆိုးလ်မြို့၌တွေ့ဆုံကြမည်ဖြစ်သည်။အခမ်းအနားသို့ ကိုယ်တိုင်ကိုယ်ကျမတက်ရောက်နိုင်သောသူများလည်း အွန်လိုင်းမှအတွေ့ အကြုံကိုမျှယခံစားနိုင်သည်။ ကျင်းပ မည့်နေရာအတိအကျမှာ ဆိုးလ်းမြို့ရှိ Sogang ဂျက်ဆွီစ်တက္ကသိုလ်အဆောက်အအုံ ၌ဖြစ်သည်။ အစီအစဉ်၏ဆောင်ပုဒ်မှာ ‘Peace in the Digital World’ (လူထုဆက်သွယ်ရေးနည်းပညာ၌ငြိမ်းချမ်းရေး)ဟုဖြစ်သည်။ဤအစီအစဉ်ကို တစ်နှစ်နောက်ကျမှကျင်းပရခြင်းဖြစ်သည်။လွန်ခဲ့သော (၂၀၂၀၊ ဇွန်လ၊ ၂၂) ကကမ္ဘာ့လူထုဆက်သွယ်ရေးဒါရိုက်တာများတွေ့က တစ်နှစ်နောက်ဆုတ်ကျင်းပရန်သဘေတူခဲ့ ကြသည်။ အမှန်မှာ (၂၀၂၁၊ ဩဂုတ်လ) ဆိုးလ်မြို့၌ကျင်းပရန်လျာထားပြီးဖြစ်သည်။
လူထုဆက်သွယ်ရေးလုပ်ငန်းစဉ်သည် ဗာတီကန်မှအသိအမှတ်ပြုထားသော ကက်သလစ်လူထုဆက်သွယ်ရေးကိုလုပ်ဆောင်သော အဖွဲ့အစည်းဖြစ်သည်။၄င်း၏ရုံးချုပ်မှာ ဗာတီကန်နှင့်ဘရာဆဲလ်း၌ရှိသည်။ မီဒီယာအပိုင်း၌ ကျွမ်းကျင်ရမည့်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ မီဒီယာဟုဆိုလျှင် သတင်းစာ၊ သတင်းမျှသာမဟုတ်၊ ရေဒီယို၊ ရုပ်သံ၊ ရုပ်ရှင်၊ ဗွီဒီယိုမှသည် ပညာ်ပေးသောအစီအစဉ်တင်ဆက်မှု၊ အင်တာ နက်နှင့်နည်းပညာသစ်များအားလုံးပါ၀င်သည်။
အဆိုပါအစီအစဉ်ကိုထုတ်လွင့် ရာ၌ Holy Massဖြင့်အစည်းအ၀ေးကျင်းပခြင်း Metaverse နှင့်ပတ်သက်၍ထောက်အကူ ဖြစ်ခြင်း၊ မခြင်းများကိုမဲ့ပေးဆုံးဖြတ်ခြင်းများကိုလည်းထုတ်လွှင့်မည်ဖြစ်သည်။ (၂၀၂၂) SWC အနေဖြင့် ထူးခြားသောအခွင့်အရေးများ ဖြစ်သည့် ဤအစီအစဉ်သို့တက်ရောက်သူများအား ရဟန်းမင်းကြီးဖရန်စစ်မှ ကောင်းကြီးပေးသည်ကိုလည်းခံရမည်ဖြစ်သည်။ ကိုးရီးယား လူထုဆက်သွယ် ရေးရုံးကော်မရှင်သည် KBS, MBC, SBS, EBS, and CPBC တို့ကဲ့သို့သော အသံလွှင့်ဌာနများနှင့်လည်း ချိပ်ဆက်လုပ်လေ့ရှိသည်။ ယခင်နှစ် အထိ တောင်ကိုးရီးယား၏၀န်ကြီးဖြစ်ခဲ့သော Han Seung-soo သည် SWC ၏နာယကဖြစ်ခဲ့ပြီး၊ ကိုးရီးယားနိုင်ငံမှ GG56 ၏ CEO ဖြစ်သော Kim Young-kun နှင့်ချိပ်ဆက်လုပ်ကိုင်ရန် သဘောတူလက်မှတ်ရေးထိုးထားခဲ့သည်။ သူက ကိုးရီးယားအနေဖြင့် Metaverse နည်းပညာအားချိပ် ဆက်ခြင်းသည် ကိုးရီးယားတို့၏ ဆန်းသစ်တီထွင်သော စက်မှုတော်လှန်ရေး၏ (၄) ပြည့်နှစ်ပတ်လည်ကိုလက်ခံကြိုဆိုခြင်းဖြစ်သည်ဟုပြောကြားခဲ့ သည်။ယခင်၀န်းကြီးချုပ်က ဆိုးလ်ဂိုဏ်းချုပ်ဆရာတော် Peter Chung Soon-Taick အား စီစဉ်သူများသည် ကပ်ရောဂါဆိုးများကြား ‘ဧ၀ဂေလိ’ သတင်းကောင်းကိုနည်းလမ်းရှာဖွေ၍ ကြေညာပေလိမ့်မည်ဟုလည်းပြောကြားခဲ့သည်။ကိုးရီးယား၏ GG56 သည် ဟောင်ကောင်၌ရုံးချုပ်ဖွင့်ထားပြီး၊ ကိုးရီးယားလူထုဆက်သွယ်ရေးနှင့်လည်းချိပ်ဆက်ထားသည်။ယခုကျင်းပ အစီအစဉ်၌ GG56 အနေဖြင့် Metaverse လျှောက်လမ်းတည်ဆောက်ရာ၌ နည်းပညာများပံ့ပိုးေ၀မျှ ပါ၀င်ခွင့်ရသောကြောင့် အလွန်ဂုဏ်ယူမိ ကြောင်း၊ ဤနည်းအားဖြင့် ကမ္ဘာပေါ်ရှိ (၁.၃၄) ဘီလီလျှံ ကက်သလစ်များနှင့်ချိပ်ဆက်မိသွားမည်ဖြစ်ကြောင်း၊ သတင်းများအရ Metaverse လျှောက်လမ်းသည် လာမည့်ဇွန်လ၌အသင့်ဖြစ်နေတော့မည်ဟုဆိုပါသည်။ဤနည်းပညာသည် သုံးဖက်မြင်နည်းပညာကိုအခြေခံထားသည်။ဤ နည်းပညာသည် ကိုးဗစ် (၁၉) ကြောင့် နယ်မြေကူးလူးဖြတ်သန်းရန်အခက်ကြုနေသောသူများအတွက်လည်း အတားအဆီးတစ်ခုကိုဖြေရှင်းပေး လိုက်ရာလည်းရောက်သည်။ ဤနည်းပညာကြောင့် ထောင်သောင်းမကသောကက်သလစ်များ၊ သတင်းသမားများ၊ အခြားသောနည်းပညာများဖြင့် ပညာပေးတင်ဆက်မှုကိုလုပ်ဆောင်နေကြသောသူများ အပိုင်းတိုင်းကို အေးချမ်းစွာပါ၀င်နိုင်သည်။ ကိုးရီးယားနိုင်ငံ၏ လူထုဆက်သွယ်ရေးကော်မရှင်၏ ဥက္ကဌဖြစ်သူ Francis Kim Seung-wal ကလည်း ကွန်ဂရက်စ်ကို အပိုင်းသုံးပိုင်းဖြင့် ကျင်းပမည်ဖြစ်ပြီး၊ ကွန်ဂရက်စ်ဇု၊ ငြိမ်းချမ်းရေးဆိုင်ရာဇုံနှင့်သန့်ရှင်းသောမြင်ကွင်းများဇုံ ဟူ၍ဖြစ်ကြောင်း၊ ကွန်ဂရက်စ်ဇုံ၌ ကွန်းဂရက်စ်ကျင်းပရန် လိုအပ်သောခန်းမ၊ ခေတ္တာနားနေခန်းနှင့်ဆုတောင်းခန်းများပါရှိမည်။ ဤအစီအစဉ်၌ အွန်လိုင်းဖြင့်ပါ၀င်နေသော်လည်းMetaverse နည်းပညာနှင့် စပ်လင်း၍ မဲခွဲဆုံးဖြတ်ရာ၌ ကိုယ်တိုင်ခမ်းမဆောင်ထဲမရှိသော်လည်း မဲပေးနိုင်ကြောင်း၊ ပါ၀င်ကြသောနိုင်ငံတိုင်း၏ ကက်သလစ်သာသနာနှင့်ကက် သလစ်နည်းပညာများ မြင့်တင်လုပ်ဆောင်နိုင်မှုအပိုင်းလည်းပါသည်။ ငြိမ်းချမ်းရေးဇုံ၌မူ ကက်သလစ်အဖွဲ့အစည်းများအတွက် အလှုငွေကောက်ခံခြင်းများပါမည်။ သန့်ရှင်းသောရူကွက်အပိုင်း၌ အခမ်းအနားတွင်ပါ၀င်ကြသောသူများ ကိုးရီးယားနိုင်ငံအတွင်း ဘုရားဖူးသွားခြင်းဖြစ်ကြောင်း၊ တင်ပြမည့်အ ကြောင်းအရာများကို သုံးဖက်မြင်ပြကွက်ဖြင့် တင်ဆက်မည်ဖြစ်ကြောင်း၊ ဤနည်းအားဖြင့် လူကိုယ်တိုင် အစီအစဉ်ကျင်းပသောခမ်းမခဲ၌ မရှိနေ သော်ဆွေးနွေးသည့်အပိုင်းများ၌ တိုက်ရိုက်မေးမြန်းဆွေးနွေးတင်ပြနိုင်ကြောင်းဖြင့် ရှင်းပြခဲ့သည်။
ဘာသာပြန် ဖာသာရ် ကလေးမင်း အားတယ်
Photo Crd.