Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-02-23 23:25:44

#စိန့်ဂျိုးဇက်အား ဖိလစ်ပိုင်နိုင်ငံ၊ Quezon မြို့အားမှိုင်းမသောရဟန္တာအဖြစ်ကြေညာလိုက်

#Philippine: St Joseph proclaimed as ‘protector’ of Quezon City

 

 

            ဖိလစ်ပိုင်နိုင်ငံ၏မြို့တစ်မြို့ဖြစ်သော Quezon ပြည်နယ်၏အစိုးရက စိန့်ဂျိူးဇက်ကိုသူ တို့မြို့အားမှိုင်းမသောစိန့်အဖြစ်ကြေညာလိုက်သည်။ အဆိုပါအခမ်း အနားသို့ မြို့တော်၀န် Joy Belmonte ၊ အကြံပေးအဖွဲ့၀င်များဖြစ်ကြသော Jorge Banal Sr., Wency Lagumbay နှင့်ခရိုင်း (၃) မှ တာ၀န်ခံ Tommy de Castro တို့တက်ရောက်ခဲ့ကြသည်။ ယခင်က ဤကြေညာချက်ကိုထုတ်ပြန်ပြီးသားဖြစ်ပြီး၊ ယခုမှာ အခမ်းအနားဖြင့်ကျင်းပခြင်း ဖြစ်သည်။ ယခုကဲ့သို့သတ်မှတ်ကြေညာ ရခြင်းမှာ Cubao မှဆရာတော် Honesto Ongtioco ၏တောင်းဆိုချက်ကိုလိုက်လျောခြင်းလည်းဖြစ်သည်။
      အဆိုပါအခမ်းအနားကို ဖဖေော်ဝါရီ လ (၁၉) ရက် နေ့၌  Holy Mass ဖြင့်စိန့်ဂျိုးဇက်သာသနာအုပ်စု၏ကျောင်းထိုင်ဘုန်းတော်ကြီး Ronaldo M. Macale ကဦး‌ဆောင်ပူဇော်ခဲ့သည်။ မစ္ဆားတရားပူဇော်ခြင်း၌လည်း မြို့တော်နှင့်အစိုးရအဖွဲ့၀င်များ၊ ကက်သလစ်ဘာသာတူများပါ၀င်ပူဇော်ခဲ့ကြသည်။ ဆရာ တော်ကြီး၏တောင်းဆိုချက်ကို ယခုကဲ့ဖြည့်ဆည်းပေးသည့်အတွက် ဆရာတော်ကြီးနှင့်သာသနာတော်ကိုယ်စား မြို့တော်၀န်နှင့်အစိုးရအဖွဲ့၀င်များအားကျေးဇူး တင်ကြောင်းပြောကြားခဲ့သည်။
            ဤသာသနာအုပ်စုကို စိန့်ဂျိုးသာသနာအုပ်စုအဖြစ်သတ်မှတ်ထားပြီး၊ စိန့်ဂျိုးဇက်ဗိမာန်ကိုလည်း (၁၉၅၁၊ နို၀င်ဘာလ၊ ၂၃) ရက်နေ့ကတည်ဆောက်ခဲ့ သည်။ စိန့်ဂျိုးဇက် ဗိမာန်တော်သည် ‘Anonas’ ဘူတာရုံနှင့်လည်းကပ်လျှက်ရှိနေသည်။ အစပိုင်း၌ ဤဗိမာန်တော်ကို Cubao သာသနာအတွင်းရှိ ရွာ (၈) ကိုကြည့်ရူရန်ဖြစ်သည်။ Quezon မြို့သည် ဖိလစ်ပိုင်နိုင်ငံ၏လူနေအထူထပ်ဆုံးမြို့လည်းဖြစ်သည်။ (၂၀၂၀) ခုနှစ်၏လူဦးရေစစ်တမ်းအရ လူဦးရေ (၂၉၆၀၀၄၈) ဦးရှိကြောင်းသိရသည်။ ဤမြို့ကို (အောက်တိုဘာလ၊ ၁၂၊ ၁၉၃၉) က တည်ဆောက်ခဲ့ပြီး၊ ဖိလစ်ပိုင်နိုင်ငံ၏ ဒုတိယသမ္မတ Manuel L. Quezon အားဂုဏ်ပြုသောအားဖြင့် သူ၏အမည်ကိုပေးခဲ့သည်။   

ဘာသာပြန်ဖာသာရ် ကလေးမင်းအားတယ်
Photo Crd.

NEWS AND EVENTS
2024-06-15 00:11:14

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။