Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-02-26 21:51:44
#အဂ်လာဒေ့ရှ်နိုင်ငံမှကျောင်းသားများ စာဖတ်ခြင်းအလေ့အထကိုမြှင့်တင်ရန်ရည်ရွယ်၍ အခမဲ့စာအုပ်ပွဲတော်ကျင်းပ
#Bangladesh: Students organize free book fair to promote reading habit

          ဘဂ်လားဒေ့ရှ်နိုင်ငံ၏မြို့တစ်မြို့ဖြစ်သော Rajshahi မှမြို့သူမြို့သားများသည် အခမဲ့စာအုပ်ရယူရန်အတွက် နှစ်စဉ် ဖေဖော်ဝါရီလ (၂၁) ရကျနေ့၌ ကျင်းပသော ‘International Mothers Language Day’ (အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားများနေ့) ပွဲတော်ကိုကျင်းပနေသော Circuit House လမ်း၌ရောက်ရှိနေကြသည်။ ကျောင်းသားတစ်ဖွဲ့က လူမှုကွန်ရက်မှဦးဆောင်စီစဉ်ခြင်းဖြစ်သည်။ အခမဲ့စာအုပ်ရရှိရန်အတွက် တန်းစီစောင့်ဆိုင်းခဲ့ကြသည်။ ယခုကဲ့သို့ အခမဲ့စာအုပ်ပေး‌ေ၀နိုင်ရန်အတွက် တစ်လတာနှိုးဆော်၍ စာအုပ်ဟောင်းထောင်သောင်းများစွာကိုအလှူခံခဲ့ရသည်။ တစ်ဦးလျှင် နှစ်အုပ်စီအခမဲ့ ယူခွင့်ရှိသည်။ ဤသို့ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ စာအုပ်ဖတ်လိုသော်လည်း အချို့မှာ၀ယ်ယူရန်ငွေကြေးအပိုမသုံးနိုင်သောကြောင့်စာ ဖတ်ခွင့်မရှိဖြစ် နေခဲ့သည်။ ယခုကဲ့သို့ စာအုပ်ကိုအခမဲ့ပေးခြင်းဖြင့် စာဖတ်သည့်အလေ့အထရှ၍်သန်လာလိမ့်မည်ဟုမျှော်လင့်ကြောင်းနှင့်ဉာဏ်ရည်ဉာဏ်သွေးရှိသောနိုင်ငံ တစ်ခုအဖြစ်တည်ဆောက်လိုကြောင်းရှင်းပြသည်။ဘဂ်လာဒေ့ရှ်ကျောင်းသားအဖွဲ့၏တွဖက်တာ၀န်ခံဘုန်းတော်ကြီး ဖာသာရ် Proshanto Anid ကလည်း လူတန်းစားအလွှာအသီးသီး၊ အသက်အရွယ်အမျိုးမျိုး တို့သည် စာဖတ်သည့်အလေ့အထမရှိကြပေ။ ယခုကဲ့သို့ပြုလုပ်ခြင်းဖြင့် စာအုပ်၀ယ်မဖတ်နိုင်သူများအတွက်လည်းအဆင်ပြေသွားကြောင်း၊ တစ်ကြိမ်ဌားလျှင် (၂) အုပ် ဌားရမ်းနိုင်ကြောင်း၊ ဤသို့ဖြင့် ဖုန်းများ၊ ရုပ်မြင်သံကြား၊ အပျော်အပါးများ၌သာ အချိန်ကုန်မနေစေရန်လည်းဖြစ်ကြောင်း၊ မြို့သူမြို့သားများသည်လည်း ယခုစာအုပ်ပွဲ တော်မှများစွာသင်ယူခဲ့ကြကြောင်း၊ ဤစာအုပ်ပွဲတော်၏ရည်ရွယ်ချက်သည်လည်း အောင်မြင်စေရန်ဆန္ဒပြုကြောင်း၊ အနားတ်၌လည်း ဆက်လက်ဖော်ဆောင်နုင်ပါစေ ကြောင်းပြောကြားခဲ့သည်။၀မ်းနည်းခြင်းမယ်တော် အသင်း၀င်စစ္စတာရ် Shibly Purification ကလည်း ‘စာအုပ်တစ်အုပ်ကို မိတ်ဆွေကောင်းတစ်ဦးနှယ်’ ရွေးချယ်ရန် အကြံပေးပြီး၊ ထို စာအုပ်သည် စာဖတ်သူအား လမ်းညွှန်ပေးသည့်အပြင်၊ ဦးနှောက်အဟာရကိုလည်းဖြစ်စေကြောင်း၊ ဗဟုသုတလည်းတိုးပွားရကြောင်း၊ ဘ၀ကိုအကောင်းမြင်လာစေ ကြောင်း၊ ဘ၀ရည်မှန်းချက်ကိုလည်း လက်တွေ့ကျကျဖော်ဆောင်ရန်ကူညီပေးကြောင်း ရှင်းပြခဲ့သည်။
            လူငယ်တစ်ဦးဖြစ်သော Kaniz Fatema ကလည်း စာအုပ်ကိုအခမဲ့ယူသွားနိုင်သောကြောင့် ၀မ်းသာရကြောင်း၊ ဖတ်ပြီးသောစာအုပ်ကိုလည်း အလည်းအလည် လုပ်နိုင်ကြောင်း၊ သူလည်း စာအုပ်နှစ်အုပ်ယူ၍ နှစ်အုပ်ပြန်လှူခဲ့ကြောင်းပြောပြသည်။ ဤကဲ့သို့ဖော်ဆောင်ရန် အစပျိုးပေးခဲ့သူမှာ စာဖတ်ခြင်းကိုအားပေးသော Bangla ဖြစ်ကြောင်း Joy Biswas ကရှင်းပြသည်။ ယခုဤပွဲကိုစီစဉ်သော ‘Aparna Reza’ ကလည်း မြို့သူမြို့သားများစာအုပ်ကိုချစ်ပြီး၊ စာဖတ်လိုကြသည်။ သူ့ အနေဖြင့် စာအုပ်နှင့်ပတ်သက်၍ တစ်ခုခုလုပ်ဆောင်ရန် အလွန်မျှော်လင့်ထားခဲ့သည်။ ထိုဆန္ဒပြည့်၀ခဲ့ပြီ။ လက်ရှိ၌ ရည်မှန်းထားသည့်အတိုင်းဖြစ်မြောက်သွားပြီဖြစ် သော်လည်း ၄င်းတို့အား ကိုယ်တိုင်စာဖတ်ပြချင်သေးကြောင်း ရင်ဖွင့်လာပါသည်။ မိဘတစ်ဦးဖြစ်သော Gabriel Gomes ကစာအုပ်ပွဲတော်သို့ သူ၏ကလေးနှင့်လာ ရောက်လည်ပတ်ရင်းမြင်တွေ့ရသောအခြေအနေကြောင့် ဤစာအုပ်ပွဲတော်သည် အနာဂတ်မျိုးဆက်တို့အား နည်းပညာများ၌သာအချိန်ကုန်စေခြင်းမှ ဆွဲထုတ်ပေးနိုင် မည်ဟုမျှော်လင့်ကြောင်းမှတ်ချက်ပေးသွားခဲ့သည်။   

 ဘာသာပြန် ဖာသာရ် ကလေးမင်းအားတယ်

Photo crd. 

NEWS AND EVENTS
2024-06-15 00:11:14

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။