Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-03-04 22:35:18
#ရဟန်းမင်းကြီးဖရန်စစ်၏ ပညာသင်ထောက်ပံ့ကြေးဖြင့် ကျောင်းသား (၁၅၀) ကိုနိုင်ငံမှမထွက်ခွာအောင်ကူညီပေးနိုင်ခဲ့
#Pope Francis Scholarship to fund 150 students to stop fleeing from Iraq

   ရဟန်းမင်းကြီးဖရန်စစ် အီရတ်သို့ တမန်တော်ခရီးကြွရောက်ပြီး ပူပူနွေးနွေးပင်ရှိနေစဉ် လိုအပ်နေသော သာသနာနယ်များသို့ကူညီပေးသည့် Aid to the Church in Need (ACN) အဖွဲ့နှင့် Erbilကက်သလစ်တက္ကသိုလ်တို့ပူးပေါင်း၍ ကျောင်းသားလူငယ်များအား နိုင်ငံအတွင်းပညာဆက်လက် သင်ကြားနိုင်အောင်ဆောင်ရွက်ပေးရေးအစီအစဉ်ကိုဖော်ဆောင်လိုက်သည်။အီရတ်မှကျောင်းသားလူငယ်များသည် မွတ်စလင်အစွန်းရောက်တို့ဖျက် ဆီးလိုက်သော ပညာရေးစနစ်ကြောင့် နိုင်ငံအတွင်း ပညာဆက်လက်သင်ကြားရန်အခြေအနေလုံး၀မရှိဖြစ်သွားခဲ့ရသည်။အနာဂတ်မဲ့သွားသည်ကိုပြန် လည်တည်ဆောက်ပေးရန်ဖြစ်သည်။ကိုးဗစ်ကြောင့်လည်း အခက်အခဲများစွာကြားမှ (၂၀၂၂) ခုနှစ်ပညာသင်နှစ်၏ပထမအသုတ်အဖြစ် စတင်လိုက်ပြီဖြစ်သည်။ရဟန်းမင်းကြီးဖရန်စစ်၏ပညာ သင်ထောက်ပံ့ကြေးကိုဒေါ်လာ (၁.၇)သန်းဖြင့်စတင်လိုက်သည်။ထိုပမာဏာဖြင့် ကျောင်းသားပေါင်း(၁၅၀)ကို(၄) နှစ်စာထောက်ပံ့ ပေးနိုင်ပြီး၊ ခရစ်ယာန်ကျောင်းသား (၉၀) ရာခိုင်နှုန်းကိုကူညီနိုင်မည်ဖြစ်သည်။ပထမအသုတ်ထဲ၌ ကျောင်းသား (၁၂၈) ဦးအနက် ခရစ်ယာန် (၁၁၃) ဦးပါပြီး၊ (၁၂) ဦးမှာ Yazidi (ရိုးရာ) ဘာသာ၀င်၊ (၃) ယောက်မှာမွတ်စလင်များဖြစ်ကြသည်။Nineveh Plains မှ အမျိုးသမီး (၁၂) ဦးအား၏လိုအပ် ချက်ကြောင့်လည်း ကျောင်းအိပ်ကျောင်းစားအဖြစ်စီစဉ်ပေးထားသည်။အားလုံးနီးပါးသည်မိမိတို့၏မွေးရပ်မြေမှ (၂၀၁၄)ခုနှစ်၊မွတ်စလင်အစွန်းရောက်တို့၏ လက်ချက်ကြောင့်နည်းလမ်းအသွယ်သွယ်ဖြင့်ထွက်ပြေးလွတ်မြောက်နေကြသောလူငယ်များဖြစ်ကြသည်။ACNအဖွဲ့နှင့်ACNကက်သလစ်တက္ကသိုလ်တို့၏ မိတ်ဖက်အစီအစဉ်အားဖြင့် အီရတ်မှခရစ်ယာန်များနှင့်အခြားသောဘာသာ၀င်လူနည်းစုတို့၏အနာဂတ်ကိုတည်ဆောက် ပေးရန်ဖြစ်သည်။ACN တက္ကသိုလ်အနေဖြင့် ကျောင်းသားများအား မိမိတို့၏နိုင်ငံ၊မိသားစုကိုစွန့်၍မြေခြားရေခြားသို့မထွက်ခွာစေလိုပေ။ကောင်းမွန်သောပညာရေးကိုပေး၍ ၄င်းတို့၏သားသမီးများသည် အနာဂတ်၌အလုပ်ကောင်းများရပြီး၊အီရတ်နိုင်ငံကိုပြန်လည်တိုးတက်ဖွံ့ဖြိုးအောင်လုပ်ဆောင်နိုင်သည်ဆိုသည့်အသိကိုမိဘများနားလည်စေလိုကြောင်းတက္ကသိုလ်ကိုတည်ဆောက်ခြင်းကိုကိုယ်တိုင်ပါ၀င်အားပေးခဲ့သောဂိုဏ်းချုပ်ဆရာတော် Bashar Warda ကရှင်းပြသည်။ ကောင်းမွန်သောပညာရေးကိုရလျှင် မိမိတို့ဇာတိမြေကိုစွန့်ခွာကြမည်မဟုတ်။ထိုသို့ဖြစ်စေရန် ACNကအတတ်နိုင်ဆုံးကူညီလုပ်ဆောင်ပေးထားပြီဖြစ်သည်။လက်ရှိ၌ လူငယ်များအားကောင်းမွန်သောပညာရေးပေး၍ရင်းနှီးမြှုပ်နှံရမည့်အချိန်ဖြစ်သည် ဟု ACN ၏တာ၀န်ခံ Thomas Heine-Geldern ကပြောကြားခဲ့သည်။ဤအစီအစဉ်ကိုတွင်စတင်ဖော်ဆောင်ခဲ့သည်။တက်ကသိုလ် ကို (၂၀၁၅) ခုနှစ်ကတည်ဆောက်ခဲ့သည်။လက်ရှိ၌လေးနှစ်ပေါင်း၍ ကျောင်းသား(၂၈၀) သာရှိသည်။ဤကြောင်းမှဗိသုကာ၊ ဆေးဝါးစမ်းသပ်ထုတ်လုပ်သော သိပ်ပံဘာသာရပ်တို့ကိုသင်ကြားပေးလျက်ရှိပြီး၊ နောက်နှစ်၌ အဂ်လိပ်နှင့်ဆေးဝါးထုတ်လုပ်ရေးဘာသာရပ်ကိုတိုးမြှင့်ဖွင့်လှစ်သွားမည်ဖြစ်သည်။  
           ဘာသာပြန်် ဖာသာရ် ကလေးမင်းအားတယ်
            Photo Crd.  

NEWS AND EVENTS
2024-06-15 00:11:14

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။