#ယူကရိန်းစစ်ရှောင် (၁၀၀၀) ကျော်ကိုလက်ခံပေးထားသော သီလရှင်များ
#Nuns open doors of over 1,000 convents to Ukrainian refugees
ပိုလန်နှင့်ယူကရိန်းနိုင်ငံများ၌ ကက်သလစ်သီလရှင်ကျောင်းပေါင်း(၁၀၀၀)ကျော်ရှိရာ ရုရှားမှ ယူကရိန်းအားကျူးကျော်စစ်စတင်သည့် အချိန်မှစ၍ ယူရိန်း ပြည်သူတို့သည် နိုင်ငံကိုစွန့်၍ထွက်ပြေး နေကြရသည်။ပိုလနနိုင်ငံ၌ သီလရှင်ကကျောင်း(၉၂၄) ကြောင်းနှင့် ယူကရိန်း၌ သီလရှင် ကြောင်းပေါင်း (၉၈) တို့၌ စစ်ပြေး ရှောင် များအား ဝိညာဉ် ရေး၊ စိတ် ဓာတ် ရေး၊ ဆေးဝါးနှင့် အခြား သောအကူအညီ မြားကိုပေး၍စောင့်ရှောက်ပေးလျှက်ရှိသည်။ ရုရှား၏ကျူးကျော်စစ်စတင်သည် မှာစ၍ စစ်ပြေးရှောင် ပြည်သူများအား မိမိတို့၏သီလရှင်ကျောင်းတွင် လက်ခံစောင့်ရှောက်ပေးထားရကြောင်း၊လက်ရှိ၌ပိုလန်တွင်(၄၉၈)ကျောင်း၊ယူကရိန်း တွင် (၇၆) ကျောင်း၌ စစ်ပြေးရှောင်မိသားစု (၂၄၀၀) စုကိုစောင့်ရှောက် ထားကြောင်း၊၎င်းတို့အနက် ကလေးငယ် (၃၀၀၀) ကျော်ပါနေသည်။သီလရှင်ကျောင်း (၆၄) ကျောင်း၌ လည်း မိဘမဲ့ကလေး (၆၀၀) အတွက်နေရာပေးထားကြောင်း၊(၄၂၀) ကျောင်းကိုမူ ရင်ခွင်ပိုက်မိခင်များ အား စောင့်ရှောက်ထားရကြောင်း၊စစ်ပြေးရှောင်တို့၏လိုအပ်ချက်များဖြစ်သော အစားအစာ၊ကျန်းမာ ရေးဆိုင်ရာပစ္စည်းများ၊အ၀တ်အစား၊စောင်တို့ကိုပံ့ပိုးပေးလျှက်ရှိသည်။စစ်ဖြစ်နေသောဒေသ မှဒုက္ခသည် များကို ကယ်ထုတ်ရာ၌ သယ်ယူပို့ဆောင်ရေးကိုလည်းပေးသည်။ထို့အတူ ဒေသအတွင်းအလုပ်လုပ်ကိုင်နိုင်သောအခွင့်အလန်းများကိုကြိုးစား၍ရှာဖွေပေးသည်။သီလရှင်များသည် ဒုက္ခသည်များအား ကူညီ စောင့်ရှောက်မှုများပေးရာတွင်အတတ်နိုင်ဆုံးကူညီပေးလျှက်ရှိသည်။ယူကရိန်းနိုင်ငံမှကျောင်းသားများအားလည်းပိုလန်နိုင်ငံ၌ကျောင်းတက်နိုင်ရန် စာရင်းသွင်းပေးနေကြသည်။ စကားနားမလည် သူများ အားလည်းစကားပြန်အဖြစ် ကူညီပေးနေကြသည်။ ကလေးများအတွက် အတန်းများလည်းစီစဉ်ပေး နေ ကြသည်။သက်ကြီးရွယ်အိုများ၊ မသန်မစွမ်းများအားကြည့်ရူစောင့်ရှောက်မှုများကိုလုပ်ဆောင်နေသည်။၎င်းထက်အရေးကြီးသောအချက်ကားသီလရှင်များသည်အလှူငွေများကောက်ခံကာဗဟိုသို့ပို့ဆောင်၍ပို၍လိုအပ်သည့်နေရာများသိုပေးပို့ကူညီလျှက်ရှိသည်။လက်ရှိ၌ ပိုလန်နိုင်ငံ၏ သီလရှင် အကြီးအကဲ များ အသင်းချုပ်က ယူကရိန်းနိုင်ငံအတွင်း၌ အမှုထမ်းနေသော ပိုလန်သီလရှင်အသင်း (၃၃၀) ရှိကြောင်းပြော ကြားခဲ့သည်။
ဘာသာပြန် ဖာသာရ် ကလေးမင်းအားတယ်
Photo Crd.