#ရှင်ပီအုစ့် (၁၀) ထံမှသင်ယူမိခြင်း
ဖာသာရ် ကလေးမင်းအားတယ်
စာရေးသူ၏ဆေးကြောခြင်းအမည်မှာကလေးမင်းတယ်ဖြစ်ပါသည်။ အန်းဂျေလိုမှာဖခင်၏အမည်ဖြစ်ပါသည်။အားတယ်မှာဆေး ကြောခြင်းအမည်၏အဆုံးဖြစ်သောတယ်ကိုယူ၍လူမျိုးနွယ်စု၏ အမည်တပ်ခေါ်ရာတွင်သုံးနှုန်းလေ့ရှိသောအစပျိုးစာလုံး ‘အား’ကိုတပ်ပေးလိုက်ခြင်းဖြစ်သည်။ကျောင်းတက်စဉ်ကအတန်းဖော်ထဲတွင်အမည်တူရှိနေသောကြောင့်လည်းပြောင်းလဲခဲ့ခြင်းဖြစ်သည်။စာရေးသူအဓိကရေးသားတင်ပြလိုသည်မှာဆေးကြောခြင်းအမည်ပင်ဖြစ်ပါသည်။စာရေးသူ၏ မိဘနှစ်ပါးသည်စာမရေး၊ မဖတ်တတ် ကြပါ။ထို့ကြောင့်ယနေ့ကဲ့သို့အမည်ဆန်းဆန်း၊ဗိုလ်ဆန်ဆန်မှည့်မည်ဆိုပါကဘုရားကျောင်းမှထွက်သည်နှင့်မေ့သွားမည်။ မှတ်သားရမလွယ်သော်လည်းအမှတ်ရလွယ်စေသောဘာသာအမည်ဖြစ်သည့်ကျောင်းထိုင်၏အမည်ကလေးမင်းတယ်ကိုကျောင်းထိုင်မှအမြော်အမြင် ရှိစွာမှည့်ပေးခဲ့ပါသည်။ကျောင်းထိုင်အမည်ကိုမူမကြာခဏမဟုတ်သော်လည်းခေါ်ဝေါ်သုံးနှုန်းရလေ့ရှိ၊အခြားသူများခေါ်ဝေါ်သုံး နှုန်းသည် ကိုလည်းကြားရမည်ဖြစ်၍ပြန်လည်အမှတ်ရနေမည် ဖြစ်သည်။စာရေးသူ၏ကျောင်းထိုင်ဘုန်းကြီးသည်သူ့အားမှိုင်းမသောရဟန္တာရှင် ကလေးမင်းတယ်အမည်ကိုသူဆေးကြောခြင်းပေးခဲ့သောသူများစွာကိုပေးခဲ့သည်။ဘာသာတူမိဘများကလည်းကြည်ဖြူ စွာခံယူခဲ့ကြသည်။ စာရေး သူဘုန်းကြီးဖြစ်လာပြီးနောက်ပိုင်းဆေးကြောခြင်းပေးခဲ့သောဘာသာတူအ နည်းငယ်ရှိပါသည်။ သို့သော်မိမိ၏ရဟန္တာအမည်ကိုလည်းမပေးခဲ့။မိဘများမှလည်းဖာသာရ်နာမည်လိုပေးမည်ဟုတစ်ခါမျှတောင်းဆိုမခံခဲ့ဖူးပါ။တွေးမိသည်မိမိ၏အသက်တာသည်ဘာသာတူတို့အတွက်စံထားလောက်သောအမည်ပိုင်ရှင်မဟုတ်သောကြောင့်ဖြစ်မည်ဟုသာတရားဖြင့်ဖြေ ခဲ့ပါသည်။ယနေ့ပွဲနေ့ရှင်၏ဆေးကြောခြင်းအမည်မှာဂျိုဇက်ပေဖြစ်သည်။သို့သော်ရဟန်းမင်းကြီးအဖြစ်ရွေးချယ်တင်မြောက်ခံလိုက်ရေသာအခါသူ၏အမည်ကိုပီအုစ့်ဟုပြောင်းလဲခံယူခဲ့သည်။ထိုအမည် ကိုရွေးချယ်ရမည်ဟုသတ်မှတ်ချက်မရှိ။ဖိအားမရှိ။သို့သော်အလိုလိုရွေးချယ်လိုက်ခြင်းဖြစ်သည်။ထိုအမည်ကိုရွေးချယ်လိုက်စဉ်ကထိုအမည်ကိုရဟန်းမင်းကြီး (၉)ပါးမင်ရွေးချယ်ခံယူခဲ့ပြီးဖြစ်သည်။သူသည်ထိုအမည်ကိုခံယူသော(၁၀)ပါးမြောက်ရဟန်းမင်းကြီးဖြစ်လာခဲ့သည်။အဘယ်ကြောင့်ဤအမည်ကိုဤမျှကြိုက်နှစ်သက်ကြသနည်း။ထိုအမည်ကိုခံယူခဲ့ကြသောအစောပိုင်းရဟန်းမင်းကြီးတို့ ၏အသက်တာ၊ဦးဆောင်ဦးရွက်ခဲ့မူ၊ကိုယ်ကျင့်သီလများသည်နှောင်းလူများအတွက်အတုယူဖွယ်၊လေးစားအားကျဖွယ်ဖြစ်ခဲ့သောကြောင့်၎င်းတို့ကဲ့သို့ကြိုးစားအားထုတ်မည်၊ ကျင့်ကြံရှင်သန်မည်၊ဦးဆောင်ဦးရွက်ပြုမည်ဟူသောခံယူချက်ဖြင့်ပြောင်းလဲခံယူခဲ့ခြင်းြဖစ်သည်။မိမိလေးစားအားကျသော သူ၏အမည်သစ်ကိုခံယူခဲ့သကဲ့သို့ထိုရဟန္တာနှင့်တူအောင်သော်လည်းကောင်း၊ထိုအမည်များကိုခံယူ ခဲ့ကြသောနောင်တော်ရဟန်းမင်းကြီးများကဲ့သို့လည်းကောင်းကြိုးစားအားထုတ်ခဲ့ကြသည်။အမိကက်သလစ် သာသနာ၏သမိုင်း၌ဤအမည်ကိုခံယူခဲ့ကြသောရဟန်းမင်းကြီးစုစုပေါင်း (၁၂) ရှိခဲ့သည်။အချို့သူတော်စင်များသည်လည်းသူတော်စင်သင်္ကန်းကိုဆင်မြန်းလိုက်သောအခါအမည်သစ်ကိုခံယူကြသည်။အလွန်ကောင်းသောအစဉ်အလာတစ်ခုဖြစ်ပါသည်။သို့သော်သတိထားမိသည်မှာအမည်သစ်ကိုပြောင်းလဲခံယူလိုက်သော်လည်းအကျင့်၊စိတ်နေစိတ်ထားပြောင်းလဲရန်အကြိုးစားကယခင်ဟန်မူစရိုက်သည်မပျောက်။သူတော်စင်ဘဝကိုခံယူလိုက်ပြီးနောက်ပိုင်းယခင်ကထက်လုပ်ပိုင်ခွင့်များပိုများလာသောအခါယခင်ကထက်ပင်စိတ်ထားများပြောင်းလဲဆိုးရွာလာမူများလည်းရှိသည်။ထို့ကြောင့်စာရေးသူတို့တစ်ဦးစီရွေးချယ်ခံယူထားသောဆေးကြောခြင်းအမည်(မှိုင်းမသောရဟန္တာ)ကဲ့သို့ ကျင့်ကြံနိုင်ရန်၊ထို့အတူမိမိတို့၏အသက်တာကိုမြင်တွေ့ရ၍မိမိတို့ခံယူထားသောရဟန္တာ၏အမည်ကိုလည်းအခြားသောဘာသာတူများမိမိတို့၏သားသမီးများ၊မြေးမြစ်များ၊ဆွေးမျိုးသားချင်းများကို လည်းမှည့်ပေးစေလိုသော စိတ်များပေါ်လာအောင်ကျင့်ကြံအားထုတ်ရှင်သန်ကြပါစို့။