Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-03-24 10:00:12

#ပထမဆုံး ဒေါင်းဆင်ဒရုံး ကက်သလစ် စစ္စတာရ် အသင်းဂိုဏ်း

# မတ်လ ၂၁ ရက်နေ့ဟာ ကမ္ဘာ့ ဒေါင်းဆင်ဒရုန်းနေ့ World Down Syndrome Day ဖြစ်ပါတယ်။
 ပြင်သစ်နိုင်ငံမှာတော့ ‘The Little Sisters, Disciples of the Lamb’ သိုးငယ်တော်၏ တပည့်တော် နောက်လိုက်များလို့ အမည်ရတဲ့ စစ္စတာရ် အသင်းကတော့ ဒေါင်းဆင်ရုန်းရှိသော လူပုဂ္ဂိုလ်များ သို့မဟုတ် Trisomy 21 ရှိသူများ အနေနဲ့ သီလရှင် သက်တာနဲ့ နေထိုင်လိုလျှင် ကြိုဆိုလက်ခံတဲ့ စစ္စတာရ် အသင်း ဖြစ်ပါတယ်။ဒီစစ္စတာရ် အသင်းဟာဒေါင်းဆင်ဒရုန်းရှိတဲ့ အမျိုးသမီးများကို ကြိုဆိုလက်ခံတဲ့ ကမ္ဘာ့ပထမဆုံး အသင်းဂိုဏ်းပဲ ဖြစ်ပါတယ်။ဒီသီလရှင် စစ္စတာရ် အသင်းဟာ စိန့်ဘက်နဒစ်နဲ့ Lisieux မြို့မှ စိန့် ထရေဇားတို့ကို စံပြထားကာ အထူး သဒ္ဓါကြည်ညိုခြင်း ရှိတဲ့ အသင်းဂိုဏ်းလည်း ဖြစ်ကာ အသင်းဂိုဏ်းကို ၁၉၈၀ ခုနှစ်မှာ စတင်ဖို့ ဆန္ဒရှိခဲ့ပါတယ်။Line လိုင်းဆိုတဲ့ အမျိုးသမီး တစ်ဦးဟာ ဝိညာဉ်ရေး လမ်းစဉ်သက်တာကို ရှာဖွေနေခဲ့ပြီး ကလေးသူငယ်များနဲ့ လက်တွဲလုပ်ကိုင်လိုတဲ့ ခေါ်တော်မူခြင်းတစ်ခုကို ခံစားရရှိနေပါတယ်။ Veronique က ဒေါင်းဆင်ဒရုန်း ရှိတဲ့ အမျိုးသမီးငယ်လေး တစ်ဦးဖြစ်ပြီး သူမဟာ သီလသည် ဘဝနဲ့ နေထိုင်လိုတဲ့ ခေါ်တော်မူခြင်း ရရှိနေပါတယ်။Line ဟာအခုတော့ Little Sisters, Disciples of the Lamb အသင်းဂိုဏ်းမှာ အကြီးအကဲ မာသာရ် ဆူပီးရီးယား တာဝန်ကို ယူနေပါပြီ။ “မသန်စွမ်းပုဂ္ဂိုလ်များကိုလက်ခံကြိုဆိုတဲ့ အခြား စစ္စတာရ် အသင်းဂိုဏ်းများစွာကို ကျွန်မ သွားရောက်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဟာ ဒေါင်းဆင်ဒရုန်း ရှိတဲ့ ပုဂ္ဂိုလ်များဟာ သူတို့ အတွက် အဆင်သင့် ဖြစ်အောင် မစီစဉ်ထားဘူးလို့ ပြောပါတယ်။”“ကျွန်မဟာဒေါင်းဆင်ဒရုန်း ရှိတဲ့ Veronique ဗရောနီကားနဲ့ တွေ့တဲ့ အခါမှာ အသစ်စတင်မယ့် အိုင်ဒီယာတွေကို သူမဆီက ရရှိခဲ့တယ်။ ဗရောနီကာရဲ့ ခေါ်တော်မူခြင်းကို သူမသိရှိအောင် ကျွန်မ ကြိုးစားပေးရမယ်လို့ ကျွန်မ ကိုယ့်ကိုကိုယ် ပြောမိတယ်။ဗရောနီကားဟာသခင်ခရစ်တော် ဖိတ်ခေါ်တော်မူတဲ့ ခေါ်တော်မူခြင်းကို လက်ခံလိုပေမယ့် သူမရဲ့ ဒေါင်းဆင်ဒရုန်း အခြေအနေကြောင့် သီလရှင်အသင်းဂိုဏ်းများစွာက သူမကို ငြင်းပယ်ခဲ့ပါတယ်။အသင်းတော် ကာနွန်ဥပဒေနဲ့ ရသေ့အသင်း စည်းမျဉ်းများမှာ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများကို ရဟန်း၊သီလရှင် သက်တာ အတွက် ဝင်ခွင့် မပေးထားပါ။ Line နှင့် ဗရော်နီကာတို့ဟာ ဒေါင်းဆင်ဒရုန်း သီလရှင်များ အဖြစ် အထူး အသင်းဂိုဏ်းအဖြစ် သတ်မှတ်ခြင်း ခံရရေး ကြိုးပမ်းတာ ၁၄ နှစ် ကြာခဲ့ပါတယ်။ လက်ရှိအချိန်မှာDisciples of the Lamb အသင်းဂိုဏ်းမှာ စစ္စတာရ် ၁၀ ပါးရှိပြီး အဲဒီထဲက၈ပါးဟာ ဒေါင်းဆင်ဒရုန်း ရှိသူများ ဖြစ်တယ်။အသင်းဂိုဏ်း အနေနဲ့ ဒေါင်းဆင်ဒရုန်း အထောက်အပံ့နဲ့ ပံ့ပိုးမှု ပိုမို လိုအပ်နေတဲ့ စစ္စတာရ် အသစ်တွေ ပိုမိုလက်ခံလိုနေပါတယ်။အသင်းဂိုဏ်းဟာ ရသေ့ကျောင်းကဲ့သို့ ဆုတောင်းကျင့်ကြံတဲ့ Comtemplative ဂိုဏ်းဖြစ်တာကြောင့် အသင်းဂိုဏ်းမှာတော့ ဒေါင်းဆင်ဒရုန်း ရှိသူစစ္စတာရ်များဟာလည်း သီးခြားလွတ်လပ်စွာနေကြတယ် လို့ မာသာ Line က ဆိုပါတယ်။ဒေါင်းဆင်ဒရုန်းများအနေနဲ့ အပြောင်းအလဲလုပ်ရတာခက်ခဲပေမယ့်နေ့တဓူဝသက်တာဟာ ပုံမှန်ဖြစ်လာပြီ ဆိုရင် သူတို့ဟာ စီမံခန့်ခွဲနိုင်ပါတယ်လို့ သူမက ဆိုပါတယ်။အသင်းဂိုဏ်းမှာပုံမှန် အချိန်ဇယားနဲ့လုပ်ငန်းဆောင်တာတွေကို လုပ်ကြပါတယ်။မစ္ဆားဝတ်ပြုခြင်းကိုကြာသပတေးနေ့တိုင်းဘုရားကျောင်းအတွင်းကျင်းပလေ့ရှိပြီး အိုးလုပ်ခြင်း၊အပ်ချည်ချုပ်လုပ်ခြင်း၊ဆေးပင်များ စိုက်ပျိုးခြင်းစတဲ့လှုပ်ရှားမှုများ ပါဝင်ပါတယ်။ဒီလိုတမူထူးခြားလှတဲ့ ခေါ်တော်မူခြင်း သက်တာကို အင်မတန် ရိုးရှင်းတဲ့ နေ့တဓူဝ လုပ်ဆောင်ချက်များနဲ့ ဖော်ပြကြပါတယ်။ ဒီလို နှိမ့်ချတဲ့၊သာမန်ရိုးရှင်းတဲ့သက်တာနဲ့ဝန်ဆောင်မှုပေးခြင်းဟာ Lisieux မြို့ရဲ့ စိန့်ထရေဇား လမ်းစဉ်ကို လျှောက်လှမ်းခြင်းလို့လည်း ဆိုနိုင်ပါတယ်။ Little Sisters အသင်းဂိုဏ်းအနေနဲ့ “ဆင်းရဲခြင်း၊ဝတ်ပြုကိုးကွယ်ခြင်း သက်တာနဲ့ နေထိုင်လိုပြီး ဒေါင်းဆင်ဒရုန်း ရှိတဲ့ Little Sisters သီလရှင်များ၌ ကိန်းဝပ်နေတဲ့ခရစ်တော်ကို အစေခံဖို့ အဆင်သင့် ဖြစ်သူ” အမျိုးသမီးငယ်များကို Discernment ဆန်းစစ်သုံးသပ်ခြင်း ပြုလုပ်ကြဖို့ ကြိုဆိုဖိတ်ခေါ်ပါတယ်။ရသေ့များကဲ့သို့ဖြူစင်ခြင်း သီလသည်များအဖြစ် ခေါ်တော်မူခြင်းခံရတဲ့ ဒေါင်းဆင်ဒရုန်း ရှိသူ အမျိုးသမီးငယ်များဟာ ခေါ်တော်မူခြင်းအတွက် သုံးသပ်ဆန်းစစ်တဲ့ ကာလတာဟာ အတူတူပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ကိုယ်ကို နားလည်တဲ့ အခါ၊ကျွန်ုပ်တို့ ဘာလိုချင်သလဲဆိုတာကို နားလည်သဘောပေါက်ချိန်မှာဘုရားသခင်က ကျွန်မတို့ကို ဘယ်လိုခေါ်တော်မူသလဲ ဆိုတာကို မာသာရ် Line က ရှင်းပြပါတယ်။သီလရှင်သက်တာဟာ တခြား လုပ်ငန်းကိုင်ငန်း၊ ခေါ်တော်မူခြင်း သက်တာတွေလိုပါပဲ၊ ခေါ်တော်မူခြင်း မစစ်မှန်ဘူး ဆိုရင်လည်း သူတို့ဟာ ကောင်းကောင်း နားလည်ပါတယ်ဟု မာသာ Line က ဆိုသည်။ 
 ဘာသာပြန်-Lawrence Jangma Mung Song

NEWS AND EVENTS
2024-06-15 00:11:14

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။