Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-04-02 21:49:55

ဘုရားသခင်၏ပညတ်တော် (၁၀) ရှိသည်

  ဘုရားသခင်၏ပညတ်တော် (၁၀) ရှိသည်ဟုကျွန်ုပ်တို့ခရစ်ယာန်များယုံကြည်လက်ခံကြပါသည်။ဤ သွန်သင်ချက်နှင့်စပ်လျင်း၍လည်း၊အချို့ခရစ်ယာန်ဟုတ်သလော၊မဟုတ်သလောမပြောရန်ခက်ခဲသောအဖွဲ့အစည်း အချို့သည်ပညတ်တော် (၁၀) ပါးဟုကျမ်းစာတော်ထဲ၌မပါဟုလည်းြ းခုန်လေကုန်ခံနေကြပါသည်။သမိုင်းဟူသည် လိုမှမှီ၍၊ မလိုလျင်ကျင်ရမည့်အရင်းအမြစ်မဟုတ်။ သမိုင်းဟူသည်မိမိစိတ်ကြိုက်ပြုြပင်၍ရသောအဖြစ်အပျက်မဟုတ်။ သမိုင်းအမှန်သည်မည်သို့ပင်ဖျက်စေကာမူ၊ ပြုပြင်စေကာမူစာမျက်နှာပေါ်တွင်သာပြင်ဆင်နိုင်ပြီး၊ လူတို့၏စိတ်ထဲ၌စွဲ ကျန်နေသော၊ အဖြစ်အပျက်အမှန်ကိုမူဖျက်ဆီးပစ်နိုင်မည်မဟုတ်ပေ။
                   ပညတ်တော် (၁၀) ပါးအနက်၊ ပထမပညတ်တော်သည်၊ ဘုရားတစ်ဆူအပြင်မည်သည့်အရာ၊ သတ္တဝါ ကိုဘုရားအမှတ်နှင့်ကိုးကွယ်ခြင်းမပြုနှင့်ဟုမိန့်ပါသည်။ ဘုရားသခင်သည်၊ အရာအားလုံးကိုတတ်၊ စွမ်း၊ သိ၊ မြင် သောဘုရားဖြစ်ရာ၊ မိန့်မှာရာ၌၊ လုပ်ဆောင်ရာ၊ လမ်းညွှန်ရာ၌၊ အလွန်ရှင်းလင်းပါသည်။ ဤပထမပညတ်တော်သည် လည်း၊ ထို့အတူပင်အလွန်ရှင်းလင်းသောပညတ်ချက်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော်ဘုရားသခင်တစ်ပါးတည်း သာလျှင်ဖန်ဆင်းရှင်၊ ဘုရားသခင်ဟုခရစ်ယာန်များအားလုံးကယုံကြည်လက်ခံကြသည်။ဘုရားသခင်ဖန်ဆင်းသောအရာများအားလုံးသည်၊ အထက်ကဆိုခဲ့သကဲ့သို့သူ့အဆင်း၊ သူ့အချင်း၊ သူ့နေရာနှင့်သူအလွန်ကောင်းမွန်ြပည့်စုံသောလက်ရာတော်ဖြစ်ကြောင်းကိုဘုရားသခင်ကိုယ်တော်တိုင်မြင်ေတွ့ခံစား ရပြီး၊ ကောင်းကြီးပေး၍ခုနှစ်ရက်မြောက်ေသာနေ့တွင်ငြိမ်ဝပ်စွာနေတော်မူသည်ဟုကျမ်းစာတော်မြတ်တွင်အတိအ လင်းဖော်ပြထားပါသည်။ (ကမ္ဘာဦးကျမ်း ၂း၂-၃) ၎င်းအပြင်ဘုရားသခင်သည်ဖန်ဆင်းခံများအားလုံးအနက်၊ ဘုရားသ ခင်အဖြစ်တော်နှင့်အနည်းငယ်သာနိမ့်အောင်ဖန်ဆင်းထားသောလူကို၊ ဖန်ဆင်းခံများအားလုံးအား၊ ဘုရားသခင်၏ ကိုယ်စားစီမံအုပ်ချုပ်လမ်းညွှန်ရန်အာဏာစက်ကိုပေးအပ်ခဲ့ပါသည်။ (ကမ္ဘာဦးကျမ်း ၁း၂၆)ဘုရားသခင္လူအား၊ ဖန်ဆင်းခံများကိုစီမံခန့်ခွဲနိုင်ရန်၊ ဉာဏ်ပညာကျေးဇူးတော်ကိုလည်းပေးသနား တော်မူသည်။ ထို့ကြောင့်လူတို့သည်၊ ဖန်ဆင်းရှင်ဘုရားသခင်အား၊ ဖန်ဆင်းခံများဖြစ်သောခြံထွက်အသီးအနှံများ၊ ခြံပေါက်တိရစ္ဆာန်များ၊ ပိုင်ဆိုင်သောဥစ္စာများ၊ တစ်ခါတစ်ရံလူ့အသက်ကိုပင်သတ်၍ပူဇော်ခြင်း၊ စသောနည်းလမ်းများ စွာဖြင့်ပြန်လည်ပေးအပ်ပူဇော်ရင်းကျေးဇူးဆပ်တင်ခဲ့ကြသည်။ ဓမ္မဟောင်းကျမ်းတွင်ဘုရားသခင်တောင်းဆိုဟန်ပြုပြီး နောက်၊ အမှန်တကယ်ပူဇော်မည်ပြုစဉ်မြစ်တားခဲ့သောပူဇော်ခြင်းမှာအာဗြာဟံသူ၏တစ်ဦးတည်းသောသားအီဇက်ကို ပူဇော်ခြင်းဖြစ်သည်။ (ကမ္ဘာဦးကျမ်း ၂၂းရ-၈) ထိုတားမြစ်ချက်ဖြင့်လူ့အသက်ကိုသတ်၍ပူဇော်ခြင်းကိုဘုရားသခင် သည်လုံးဝမြစ်တားခဲ့သည်။ ထို့ကြောင့်လည်းကက်သလစ်သာသနာတော်သည်ယနေ့ထိတိုင်လူ့အသက်ကိုတိုက် ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းလမ်းဖြင့်ဖြစ်ေစ၊ သတ်ဖြတ်၊ ဖျက်ဆီး၊ ဖျက်ချခြင်းကိုမြစ်တားဆဲဖြစ်ပါသည်။ အချို့ သည်လူ့အသက်ကိုတန်ဖိုးမထားဘဲ၊ ဥပဒေများကိုမူခရေတွင်းစေ့လိုက်နာသည်ဟုအသံကောင်းဟစ်နေကြသည်။ လူ့ အသက်ထက်အဘယ်အရာမြတ်သနည်း။သွေးသွန်းေသာပူဇော်ခြင်းကိုလည်းဆက်လက်မပြုေတာ့ရန်၊ ဓမ္မသစ်ကာလ၌ယေဇူးသခင်၏ကာလ်ဝါ ရီတောင်ပေါ်ပူဇော်ခြင်းဖြင့်လုံး၀ပိတ်သိမ်းခဲ့ပါသည်။ (ရောမသြဝါဒစာ ၆း၁၀၊ ဟေဗြေဦးသြဝါဒစာ ၇း၂၇၊ ၉း၁၂၊ ၂၆၊ ၁၀း၁၀၊ ရှင်ပေတရူးသြဝါဒစာ ၃း၁၈)ဘုရားဆင်းတုေတာ်၊ ပုံတော်များအားဖယောင်းမီးပူဇော်ြခင်း၊ ပန်းကပ်ခြင်းနှင့်စပ်လျင်း၍လုံးဝမမှား။ အ ဘယ်ကြောင့်ဆိုသော်၎င်းတို့သည်လည်းဘုရားသခင်ဖန်ဆင်းသောအရာများဖြစ်သည်။ ထို့ကြောင့်ဘုရားသခင်အား ပြန်လည်ပူဇော်ခြင်းသာဖြစ်သည်။ အကောင်းဆုံး၊ အလှဆုံး၊ အမြတ်ဆုံး၊ အသန့်ဆုံး၊ တန်ဖိုးအရှိဆုံးများကိုဘုရား အားပူဇော်ခြင်းဖြစ်ပါသည်။ ဓမ္မဟောင်းကျမ်းစာတွင်လည်း၊ ဘုရားအားလှူဒါန်းရာတွင်၎င်းတို့ခေတ်အခါကတန်ဖိုးအ ထိုက်ဆုံးဖြစ်သော ‘ရွှေ’ ကိုပေးလှူလေ့ရှိသည်။ (ထွက်မြောက်ရာကျမ်း ၃၂း၁-၄) ပန်းနှင့်ပတ်သက်၍ကျမ်းစာတော် မြတ်ထဲ၌ယေဇူးသခင်၏တိကျပြတ်သားေသာသွန်သင်ချက်မတွေ့ရသော်လည်း၊ ဘုရားသခင်၏ဖန်ဆင်းခံဖြစ်၍လှပ သောပန်းကိုကပ်လှူပူဇော်ခြင်းသာြဖစ်သည်.မီးနှင့်စပ်လျင်း၍ယေဇူးသခင်မိန့်မှာချက်များစွာရှိပါသည်။ ဘုရားသခင်၏ဖန်ဆင်းခြင်း၌အလင်းကို ဦးစွာပထမဖန်ဆင်းခဲ့သည်။ (ကမ္ဘာဦးကျမ်း ၁း၃-၅) အလင်းသည်မကောင်းမူဖြစ်သောအမှောင်ထုကိုခွင့်ရန်ဖြစ်သည်။ (ကမ္ဘာ ဦးကျမ်း ၁း၁၈) မီးသည်ဘုရားသခင်၏တည်ရှိခြင်း၊ ဘုရားသခင်နှစ်သက်သည့်အမှတ်လက္ခဏာြဖစ်သည်။ (ကမ္ဘာဦး ၁၅း၁၂-၁၇၊ ထွက်မြောက် ၄၀း၃၈၊ ဓမ္မရာဇဝင်တတိယစောင် ၁၈း၃၁-၃၈) အလင်းသည်အမှန်တရား (ရှင်မာ တေဦး ၄း၁၆၊ ရှင်လုကာ ၁းရ၉၊ ၂း၃၂၊ ၈း၁၆-၁၇၊ )၊ ခရစ်တော်သည်အလင်းဖြစ်၍၊ ခရစ်ယာန်တို့သည်လည်းအလင်း ဖြစ်ကြောင်း၊ (ရှင်ယောဟန် ၈း၁၂၊ ၉း၅၊ ရှင်မာတေ ဦး ၅း၁၄-၁၆၊ ရှင်ယောဟန် ၁း၄-၉၊ ၅း၃၅၊ )၊ မကောင်းသောအ မြင်ရှိခြင်းသည်၊ အလင်းမဲ့နေခြင်း (ရှင်မာ တေဦး ၆း၂၂၊-၂၃၊ ရှင်မာကု ၄း၂၂၊ ရှင်လုကာ ၁၁း၃၄-၃၅၊ ရှင်ယောဟန် ၃း၁၉-၂၁၊ )ပန်း၊ မီးပူဇော်သောခရစ်ယာန်များကိုတိုက်ခိုက်လို၍၊ ဘုရားအားပန်း၊ ဆီမီးမပူဇော်သင့်ဟုဆိုပါလျှင်၊ ထို သို့ပြောသောသူတို့၏အိမ်၌လည်းမည်သည့်အလှအပမျှမထားသင့်သကဲ့သို့မီးလည်းထွန်းညှိမထားသင့်။ အဘယ် ကြောင့်ဆိုသော်အိမ်သူအိမ်သားများကိုမထိုက်မတန်၊ မဖွယ်မရာအလှအပနှင့်မီးပူဇော်ရာေရာက်ပါသည်။ ဘာသာရေး ၌သက်ဝင်ယုံကြည်လက်ခံမူမတူခြင်းကိုအတိအကျအနက်အဓိပါယ်ဖွင့်ဆိုရန်မှာခက်ခဲပါသည်။ အဘယ်ကြောင့်ဆို သော်သမ္မာကျမ်းစာလာအကြောင်းအရာအားလုံးကိုဘုရားနှင့်အေးဆေးစွာထိုင်လျှက်ဗျာဒိတ်တော်ဖွင့်ဆိုချက်ကိုမိုး ဇယ်ကဲ့သို့တိကျရှင်းလင်းစွာရယူရန်မှာလည်းမဖြစ်။ ထို့ကြောင့်ကက်သလစ်သာသနာအနေဖြင့်သမ္မာကျမ်းစာကို လည်းမပယ်၊ ရှေးထုံးသက်သေတို့၏အလေ့အကျင့် (သမိုင်း) များကိုလည်းပြန်လည်တူးဆွပြီး၊ ပညတ်တော်နှင့်မလွှဲမ သွေသောသွန်သင်မူကိုပြုလျှက်ရှိပါသည်။ဖြစ်ပါသည်။ လျှက်ဖြင့်ပင့်ယူမည်ဆိုလျှင်လည်း၊ အ သေအချာရှင်းပြ၊ ပြောပြ၊ ရိုသေစွာပင့်ယူတတ် ရန်သင်ကြားပေးရမည်ဖြစ်ပါ သည်။

NEWS AND EVENTS
2024-06-15 00:11:14

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။