#ရဟန်းတော်များအတွက် ရဟန္တာဖြစ်စေနိုင်သောဖြတ်လမ်း
ရဟန္တာသူတော်သူမြတ်တို့၏အသက်တာကိုဆင်ခြင်လိုက်မည်ဆိုပါလျင် ၎င်းတို့၏အသက်တာကိုပြောင်းလဲသွားစေခဲ့၊ယုံကြည်ခြင်း ကိုပိုမိုခိုင်မာလာစေ၊ ခံယူချက်ပိုမိုပြင်းထန်လာစေ၊မိမိတို့၏အပြစ်ကို ပြုလိုသောစိတ်ကိုပယ်သတ်နိုင်အောင်၊မိမိတို့စွဲစွဲလန်းလန်းဖြစ်နေခဲ့ သောဝါသနာဆိုးများကိုရုန်းထွက်အောင်မြင်နိုင်ရန်တွန်းအား၊အကြောင်းတရားရှိပါသည်။ ထိုအကြောင်းအတရားများသည်မတူကြေပ။ သို့သော်တူညီသောအကြောင်းတရားကား ဧဝံဂေလိတရားတော်ကို တိုက်ရိုက်အခြေခံရှင်သန်ခြင်း၊သို့မဟုတ် ဧဝံဂေလိတရားကိုအခြေပြု ရှင် သန်ခဲ့သူတို့၏ အသက်တာကြောင့်လည်းဖြစ်နိုင်သည်။အချို့ရဟန္တာများသည်ကိုယ်တော်မြတ်စက္ကရာမင်းတူကိုပင့်ယူ ရာ၌ သော်လည်းကောင်း၊ဖူးမျှော်ရာ၌သော်လည်းကောင်း၊အလွန်သဒွါ တရားထက်သန်ကြသူများရှိသည်။အချို့ရဟန္တာများကား မစ္ဆားတရား ပူဇော်ခြင်း၌ပါဝင်ခြင်း၊မစ္ဆားတရားကိုအလွန်ချစ်မြတ်နိုးကြသည်။ထို့ကြောင့် နက်ဖန်နေ့နံနက်ပူဇော်မည့် မစ္တားတရားတော်မြတ်ကို ယနေ့မှစ၍ဖတ်ရူ့ရမည့်ကျမ်းချက်များ၊ လိုအပ်သောဆုတောင်းမေတ္တာများ၊ မစ္ဆားပစ္စည်း၊ သင်္ကန်းအရောင်များမှစ၍ အသေးစိပ်စီစဉ်ပြင်ဆင်လေ့ ရှိသည်။နေထိုင်မကောင်းသော ဘာသာတူများထံသို့ ကိုယ်တော်မြတ်ကိုပင့်ဆောင်ပင့်စေခြင်းများကိုလည်း စိတ်အားထက်သန်စွာပြုပေးလေ့ ရှိသည်။ကိုယ်တော်မြတ်ဖူးမြှော်ခြင်းကိုပြုလုပ် ရာတွင်လည်း လ၏ပထမသောကြာနေ့များ၌ ယေဇူးသခင်နှင့်အတူ ဒုက္ခကူညီခံထမ်းသည့် အနေဖြင့် ညလုံးပေါက်မအိပ်ဘဲ အတူဆုတောင်းစောင့်နေခြင်းအစီအစဉ်ကို လည်း ပြုလုပ်တတ်သည်။ထိုအကြောင်းတရားများအနက် အာပတ်ဖြေခြင်းစက္ကရာမင်းတူကို စိတ်အားထက်သန်စွာနားထောင်ပေးေသာ ဖာသာရ်များသည် အလွန်နည်းပါသည်။ အဘယ်ကြောင့်ဆိုသော် တင်လျှောက်သောအပြစ်များသည် တစ်ခါတစ်ရံမိမိအတွက် စိတ်အနှောက်အယှက်ဖြစ်စရာများ လည်း ပြန်လည်ဖြစ်စေတတ်သည်ကတစ်ကြောင်း၊အာပတ်ဖြေနား ထောင်ပေးခြင်းသည်၊မလှုပ်အရှက်နာရီနှင့်ကြာထိုင်ေနရခြင်း၊အာပတ် လာရောက်ဖြေလျှောက်သူများကို ပြန်လည်၍လမ်းညွှန်မူများပေးရခြင်း၊တစ်ခါတစ်ရံ၌ အာပတ်ဖြေလျှောက်သော သူတို့၏အသံကိုကိုသဲကွဲ စွာမကြားရခြင်း(ကျယ်လောင်စွာပြောရန်မဟုတ်။ကြားနိုင်စေရန် သဲကွဲစွာပြောရန်သာ။)စသောကြောင့်ဖြစ်တတ်ပါသည်။ယေဇူးသခင်ကဲ့သို့ ငါသည် ဖြောင့်မတ်သောသူတို့ကိုခေါ်ရန် လာသည်မဟုတ်၊အပြစ်ရှိသောသူတို့ကိုခေါ်ရန်သာငါလာသည်(ရှင်မာ တေဦး ၉း၁၃ခ)၊ ငါသည်ကောင်းသောသိုးထိန်းဖြစ်၏။ (ရှင်ယောဟန် ၉း၁၁) ငါသည်ငါ၏သိုးတို ့ကိုသိ၏။ ငါ၏သိုးတို့သည်လည်း ငါ့ ကိုသိ၏။ ငါသည် သိုးများအတွက် ငါ၏အသက်ကိုစွန့်၏(ရှင်ယောဟန် ၉း၁၅ခ-၁၆)ဟုဆိုသည့်အတိုင်း ဝိညာဉ်များကိုအမှန်တကယ်ချစ်သောသိုးများသည် အာပတ်ဖြေခြင်းစက္ကရာမင်းတူကိုလည်းချစ်ရပေမည်။အဘယ်ကြောင့်ဆိုသော် သိုးတို့၏ ဝိညာဉ်များကိုလေးလံစေသော ဝန်ထုတ်မှပေါ့ပါးစေ၊ခံစားနေရသောဝေဒနာမှသက်သာ၊ပျောက်ကင်းစေ၊ညဏ်ပတ်ပေရေနေခြင်းမှ သန့်စင်ရှင်းသန့်စေ၊အားယုတ်နေခြင်းမှအားအင်ပြည့်ဝလာစေ၊ဝိညာဉ်အမှန်တကယ်လိုအပ်သောအစာကို တစ်ဦးစီကိုဂရုတစိုက်ပေးကမ်းကျွေးမွေးပေးနိုင်၊ဝေဝါးနေသော လျှောက်လမ်းကို လင်းလက်တောက်ပရှင်းလင်းအောင် မီးမောင်းထိုး ပြသူဖြစ်သောကြောင့်ပင်။ဝန်လေး၍ပင်ပန်းသေသူအပေါင်းတို့ ငါ့ထံသို့ လာကြလော့။ငါသည် သင်တို့ကိုအားဖြည့်ပေးမည်။ငါ၏ထမ်းပိုးကိုယူ၍ ထမ်းလျှက် ငါ့ထံမှသင်ယူကြလော့။အကြောင်းမူကားငါသည် သိမ်မွေ့ ၍နှိမ့်ချသောစိတ်နှလုံးရှိ၏။သင်တို့၏စိတ်ဝိညာဉ်သည်လည်း သက်သာရာရလိမ့်မည်ဟု ယေဇူးသခင်ကမိန့်တော်မူသည်။(ရှင်မာတေဦး ၁၁း၂၈-၂၉)အာပတ်ဖြေလျှောက်အပြီး၌ ဟောလိုက်သောတရားတစ်ခွန်း၊ နှစ်ခွန်းသည် ခြုံငုံ၍မဟုတ်၊ဝိညာဉ်တစ်လုံးစီ၏အခြေအနေကို ဆိုး ရွားမူ၊ ပေါ့လျော့မူများကို သူတို့ကိုယ်တိုင် သေခြာဆင်ခြင်ပြီးနောက် တင်လျှောက်လာသည်။ အပြစ်အကြီးအသေး၊ အပေါ့အလေးအတိုင်း အမှန်တကယ်ထိမိစွာ သူ့အတွက်ဟောကြားပေးနိုင်သောကြောင့်ဖြစ်သည်။ထို့ကြောင့်ရဟန္တာများသည် အခြားသောလူမူရေးလုပ်ငန်းများ ဖြင့် မိမိတို့၏သန့်ရှင်းခြင်းကိုရှာခြင်းထက် အာပတ်ဖြေနားထောင်ပေးခြင်းဖြင့် အာပတ်လာဖြေသော ဝိညာဉ်လည်းစင်ကြယ်၊အာပတ်ဖြေ နားထောင်ပေးသူလည်းစင်ကြယ်အောင်ရှာကြံကြသည်။ ဤသည်ကား ရဟန္တာဖြစ်ရန် ဖြတ်လမ်းနည်းဖြစ်ပါသည်။ရဟန္တာဖြစ်သွားသော ဖာသာရ်အတော်များများသည် အာပတ်ဖြေနားထောင်ခြင်းကို အချိန်ကြာမြင့် စွာပြုလုပ်ခဲ့ကြသူများဖြစ်သည်။
Rev.Fr.Cle Pike
Photo Crd.