#‘မာလ်တာသည် ဒုက္ခသည်အကြပ်အတည်းကို ရှေ့တန်းမှရပ်တည်ဖြေရှင်းပေးနေ’ ဟုရဟန်းမင်းကြီးဖရန်စစ်မိန့်ကြား
#Pope Francis: Malta is at the “forefront” of migration crisis
ရဟန်းမင်းကြီးဖရန်စစ်သည် မာလ်တာသို့ကြွရောက်ခဲ့သောသူ၏တမန်တော်ခရီးအကြောင်းကို ဗုဒ္ဓဟူးနေ့ တိုင်းဘုရားဖူးများနှင့်တွေ့ဆုံစဉ် ပြန်လည်သုံးသပ်ပြမှတ်ချက်ပြုခဲ့သည်။ကျွန်းသို့အမှတ်မထင်ရောက်ရှိလာခဲ့သော တမန်တော်ပေါလုအား မေတ္တာတရားဖြင့်ကြိုဆိုတတ်ခဲ့သောစိတ်ကိုယနေ့ရွေ့ပြောင်းဒုက္ခသည်များ၏အကြပ်အတည်း နှင့်နှိုင်းယှဉ်သင့်လှပါသည်။ဒုက္ခသည်အကြပ်အတည်းသည် အရေးပေါ်ရုံသာမဟုတ်။ကျွန်ုပ်တို့ခေတ်အခါသမယ၏ လက္ခဏာတစ်ခုလည်းဖြစ်နေသည်။ရွေ့ပြောင်းများသည် ၄င်းတို့နှင့်အတူသူမတူသောအကြောင်းအရာများပါလာသည်။ထိုအကြောင်းအရာများသည် ကျွန်ုပ်တို့အားကြွယ်၀မှုလက်ဆောင်ကိုပေးသည်။မာလ်တာသို့ တမန်တော်ခရီးကြွရောက်သွားနိုင်ခဲ့ခြင်းကြောင့် နိုင်ငံတော်သမ္မတအားလည်းကောင်း၊အရပ်ဖက် အာဏာပိုင်းများအားလည်းကောင်း၊ ဆရာတော်ကြီးများနှင့်ဘာသာတူများနှင့်အခြားသောလုပ်အားပေးသူများလည်း ကောင်း၊ ၄င်းတို့၏ရက်ရောသောပေးဆက်မှုများအားလုံးတွက် ထပ်မံကျေးဇူးတင်ပါကြောင်း၊တမန်တော်၀တ္ထုကျမ်း (၂၈း၂) ၌ တမန်တော်ပေါလုက သဘော်ပျက်၍ ခရီးတစ်ထောက်နားခဲ့ရသော မာလ်တာကျွန်းမှကျွန်းသူကျွန်းသားများသည် ၄င်းတို့အား သူမတူသော ကြင်နာမှုများပြသခဲ့ကြောင်းပြောပြထားသည်။ဤမေတ္တာဓာတ်ပါပြီး၊လှိုက်လှဲစွာဖော် ရွေကြိုဆိုတတ်သော မာလ်တာကျွန်းသူကျွန်းသားတို့၏စိတ်ထားမျိုး ကျွန်ုပ်တို့လည်းထားရှိပြီး ကျွန်ုပ်တို့ကြုံတွေ့နေရ သောရွေ့ပြောင်းတို့ကိုကူညီသင့်လှသည်။ဤကိစ္စသည် အရေးပေါ်ရုံသာမဟုတ်။ ကျွနု်ပ်တို့ခေတ်ကာလ၏ အမှတ်လက္ခ ဏာတစ်ခုပင်ဖြစ်နေသည်။ မာလ်တာနိုင်ငံသည် ဤဒုက္ခသည်များနှင့်ပတ်သက်လာလျှင်ရှေ့တန်းမှရပ်တည်ကူညီနေကြောင်းကို မာလ်တာသို့တမန်တော်ခရီးကြွရောက်စဉ်‘ရဟန်းမင်းကြီးဂျွန် (၂၃)’ ခန်းမ၌တွေ့ဆုံခဲ့သော ပြောင်းရွေ့ဒုက္ခ သည်များကသက်သေဖြစ်သည်။ တမန်တော်ပေါလု၏ဂူဗိမာန်၌လည်း သာသနာပြုစိတ်ဓာတ်အသစ်များပြန်လည်ရှင်သန်လာပါစေကြောင်းဆုတောင်းခဲ့သည်။ထိုစိတ်ဓာတ်သည် မာလ်တာအားထူးခြားသောသာသနာမြေဖြစ်စေသည်။ Gozo ရှိမယ်တော်ဂူ၌ဆုတောင်းစဉ် မာလ်တာကျွန်းသူကျွန်းသားတို့၏မယ်တော့်ကိုအဘယ်မျှကြည်ညိုအားကိုးသည့်အကြောင်းကိုထောက်ရူခဲ့သည်။ကျွန်ုပ်တို့၏ဘ၀၌ မရှိမဖြစ်လိုအပ်သောအရာများဆီသို့အမြဲပြန်လည်ပိုဆောင်ပေးသည်။ထိုအရာကား ကားတိုင်ပေါ်၌တင်သတ်ခံရပြီး၊ပြန်ရှင်ပြန်ခဲ့သောခရစ္စတူးထံသို့ဖြစ်သည်။ထို့အတူ ကျွန်ုပ်တို့လူသားမိသားစုအား ဧ၀ဂေလိတ ရားတော်၏ ကယ်တင်ခြင်းသတင်းဖြစ်သည့် ဘုရားသခင်၏ချစ်ခြင်းနှင့်ပြည့်သောသနားခြင်းဆီသို့ပြန်လည်ပို့ဆောင်ပေး သည်။ ဘုရားသခင် မာလ်တာနိုင်ငံနှင့်နိုင်ငံသူနိုင်ငံသားများ၊ ကြွယ်၀ခြင်းနှင့်ငြိမ်းချမ်းခြင်းကောင်းကြီးကိုပေးပါစေ။
ဘာသာပြန် ဖာသာရ် ကလေးမင်း အားတယ်
Photo crd.