#ရဟန်းမင်းကြီးဖရန်စစ်သည် မိခင်များအားချီးမွှမ်းပြီး၊ ယူကရိန်းနိုင်ငံ၏ငြိမ်းချမ်းရေးအတွက် စိတ်ပုတီးစိပ်ဆုတောင်း ပေးကြရန်တိုက်တွန်းခဲ့#Pope praises mothers, urges faithful to pray Rosary for peace in Ukraine
ရဟန်းမင်းကြီးသည် ယမန်နေ့(မေ ၈)မွန်းတည့်ချိန်ဆိုသော‘ကောင်းကင်ဘုံဘုရင်မ’ ဆုတောင်းမေတ္တာမဆိုမီ မေလ၌နေ့စဉ်စိပ်ပုတီးစိပ်ကြရန်နှင့်မိခင်များအားဂုဏ်ပြုကြရန်ဘာသာတူများအားတိုက်တွန်းခဲ့သည်။မေလ(၈)ရက်နေ့၌ နှစ်စဉ်‘ကမ္ဘာ့မိခင်များနေ့’အဖြစ်သတ်မှတ်ကျင်းပကြသည်။ကျွန်ုပ်တို့၏မိခင်များအား ချစ်ခြင်းများစွာဖြင့်သတိရကြပါစို့။လက်ခုပ်ဩဘာဖြင့်ဂုဏ်ပြုပေးကြပါစို့။အချို့သောသူတို့၏မိခင်တို့သည်လောက၌သက်ရှိထင်ရှားမရှိတော့ သော်လည်း ကျွန်ုပ်တို့၏စိတ်ထဲ၌ အစဉ်ရှင်သန်နေသည်။မိခင်တိုင်း ကျွန်ုပ်တို့၏ဆုတောင်း၊ကျွန်ုပ်တို့၏မေတ္တာ၊ကျွန်ုပ်တို့၏အကောင်းဆုံးဆုတောင်းများသက်ရောက်ခံစားနိုင်ကြပါစေဟုဆုတောင်းပေးခဲ့သည်။စိပ်ပုတီးအားဖြင့် ဘုရားမယ်တော်ထံဦးလှည့်ကြပါစို့။မေလသည် အမိကက်သလစ်သာသနာတော်ကြီး၏အစဉ်အလာအရ အမိမယ်တော်ကို အထူးသဒ္ဓါကြည်ညိုရသောလဖြစ်သည်။ငြိမ်းချမ်းရေးအတွက်နေ့စဉ်စိတ်ပုတီးစိပ်ကြရန်၊အထူးသဖြင့် ယူကရိန်းနိုင်ငံမှ နာကျင်ခံစားနေရသော ပြည်သူများအတွက်ရည်စူးပူဇော်ပေးရန်ဘုရားဖူးဘာသာတူများအား တိုက်တွန်းခြံသည်။ရဟန်းမင်းကြီးသည် ပုံပေမြို့မှစိတ်ပုတီးသခင်မ၏ဗိမာန်တော်ရှေ့၌ ကိုယ်တိုင်မကြွရောက်နိုင်သော်လည်း စိတ်အာရုံပြု၍ဒူးထောက်ကာ ကမ္ဘာ့ပေါ်ရှိနိုင်ငံများစွာ၌လိုအပ်နေသောငြိမ်းချမ်းရေးအတွက်၊ဒုက္ခအမျိုးမျိုး၊အထူးသဖြင့်စစ်၏အနိဌာရုံများကို ခါး စည်းခံစားနေရသောသူများအတွက်ဆုတောင်းပူဇော်ပေးပါသည်ဟုဆုတောင်းခဲ့သည်။စစ်၏ရူးသွပ်မှု၌ ရုရှားလေကြောင်းသည် ယူကရိန်းနိုင်ငံ၏အရှေ့ဖက်သို့ ပစ်ခတ်တိုက်ခိုက်လျှက်ရှိသည်။ရဟန်း မင်းကြီးက ကမ္ဘာ့ခေါင်းဆောင်ကြီးများအား အပြစ်မဲ့ပြည်သူတို့၏ ငြိမ်းချမ်းရေးလိုလားသောရင်ခုန်သံကိုမေ့မသွားကြ ရန်နှင့်လက်နက်ဖြင့်ဘယ်တော့မှအောင်မြင်မည်မဟုတ်ကြောင်းကို ကောင်းစွာသိသူများအားလည်းတိုက်တွန်းခဲ့သည်။ရုရှာ-ယူကရိန်းစစ်ပွဲကြီးသည် ရဟန်းမင်းကြီးအားလည်း စိုးရိမ်မှုလွန်ကဲ့မြင့်တက်စေလျှက်ရှိသည်။ရဟန်းမင်းကြီးသည် မရပ်မနားတမ်း စစ်ပွဲရပ်တန့်ရန်တောင်းဆိုပေးလျှက်ရှိသည်။မေလ(၃) ရက်နေ့ အီတလီဘာသာဖြင့်ထုတ်ေ၀ သောသ တင်းစာတစ်စောင်ဖြစ်သည့် Corriere della Sera ၏မေးမြန်းချက်၌ ရဟန်းမင်းကြီးဖရန်စစ်သည် ရုရှားသမ္မတ ပူတင်နှင့်မောစကိုမြို့တော်၌ မျက်နှာချင်းဆိုင်တွေ့လိုကြောင်းမိန့်ကြားခဲ့သည်။
ဖာသာရ် ကလေးမင်းအားတယ်
Photo Crd.