Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-09-13 00:08:36

            Pope Francis praises Queen Elizabeth’s ‘steadfast witness of faith in Jesus Christ’
                      ရဟန်းမင်းကြီးဖရန်စစ်သည် အဲလစ်ဇဘက်ဘုရင်မ၏ယုံကြည်ခြင်းကိုချီးမွမ်းလိုက်

            ပြီးခဲ့သော ကြာသပတေးနေ့၊စက်တင်ဘာလ(၈)ရက်နေ့က ရဟန်းမင်းကြီးသည် ဒုတိယမြောက်အဲလစ် ဇဘက်ဘုရင်မနတ်ရွာစံသွားခြင်းအတွက်၀မ်းနည်းကြောင်းနှင့်ဆုတောင်းပေးပါကြောင်းသံကြိုးစာကို ဗြိတိန်၏ဘုရင်သစ်ဖြစ်သောဘုရင်ချားလ်စ်(၃) ထံပေးပို့ခဲ့သည်။ဘုရင်မသည် ဗြိတိန်မင်းဆက်အနက် နန်းသက်အရှည်ဆုံးလည်းဖြစ်ခဲ့သည်။သူသည် အင်္ဂလန်သာသနာ၏ခေါင်းဆောင်လည်းဖြစ်သည်။နတ်ရွာစံချိန်၌ (၉၆) နှစ်ရှိပြီဖြစ်သည်။သံကြိုးစာထဲ၌ ဘုရင်မ၏နတ်ရွာစံခြင်းသတင်းကြားသိရ၍ လွန်စွာစိတ်မကောင်းဖြစ်ရကြောင်း၊တော်၀င်မိသားစု၊ဗြိတိန်နိုင်ငံသားများနှင့်ထပ်တူခံစားရကြောင်း ဘုရင်အသစ်ချားလ်စ်(၃)ထံရေးသားပေးပို့ခဲ့သည်။ဘုရင်မကြီးအတွက်ငိုကြွေးပူဆွေးနေသူများအားလုံးနှင့်လည်း ထပ်တူခံစားပါကြောင်း နှင့်ဘုရင်မ၏ထာ၀ရငြိမ်းချမ်းသာယာခြင်းသုခခံ စားရရန်လည်းဆုတောင်းပေးပါကြောင်း၊တာ၀န်အပေါ်သူ၏သစ္စာရှိမှုပုံစံကောင်း၊ယေဇူးခရစ္စတူးသခင်၌ထားရှိသော သူမ၏တည်ကြည်သောယုံကြည်ခြင်းနှင့်သူ၏ကတိစကား၌ခိုင်မာစွာယုံကြည်ခြင်းတို့သည် ပုံတုယူဖွယ်ဖြစ်ရသည်။ 
            ဘုရင်မသည် သရဖူကို (၁၉၅၂) ခုနှစ်ကခံယူခဲ့ပြီး၊သူ၏နန်းသက်တစ်လျှောက်၌ ရဟန်းမင်းကြီး (၅) ပါးနှင့်တွေ့ဆုံခဲ့သည်။ရဟန်းမင်းကြီးဖရန်စစ်နှင့်မူ (၂၀၁၄ခုနှစ်၊ဧပြီလ)ကဗာတီကန်၌တွေ့ဆုံခဲ့သည်။၎င်းတို့နှစ်ဦး၏တွေ့ဆုံခဲ့ခြင်းသည် ဗာတီကန်နှင့်ဗြိတိန်နိုင်ငံတို့ကြား သံခင်းတမန်ခင်းပြန်လည်တည်ဆောက်ခွင့် နှစ်  (၁၀၀)ပြည့်နှစ်ပတ်လည်နှစ်ဖြစ်သည်။ရဟန်းမင်းကြီးဖရန်စစ်သည်  နတ်ရွာစံသွားသော မိခင်ဘုရင်မကြီး၏ဝိညာဉ်အတွက်ဆုတောင်းပေးမည်ဖြစ်ကြောင်း ဘုရင်မ ၏သားတော် ချားလ်စ်ဘုရင်(၃) အားမိန့်ကြားရင်း သူ၏သံကြိုးစာကိုအဆုံးသတ်ထားသည်။  
            သူ၏ဝိညာဉ်အားအလွန်ကောင်းမြတ်သောကောင်းကင်ရှင်ခမည်းတော်အားအပ်နှံပူဇော်တောင်းလျှောက်ပေးပါသည်။ထို့အတူ ဘုရင်သစ်အားလည်းအားလုံးစုံကိုတတ်နိုင်သောဘုရားသခင်သည် ဘုရင်သစ်အားလည်း ထမ်းဆောင်ရသောတာ၀န်ကိုကျေပြွန်စွာထမ်းဆောင်နိုင်ရန် သူ၏ကောင်းကြီးတော်ကို မုချဧကန်ချီးမြှင့်ပေးသနားမည်ဖြစ်ကြောင်း၊ဘုရင်သစ်နှင့်အတူနတ်ရွာစံသွားသော ဘုရင့်မိခင်ကြီးအားချစ်ခင်ကြသောသူအားလုံးအပေါ်ကြွယ်၀သောကောင်းချီးနှင့်နှစ်သိမ့်ခြင်းခွန်အားများခံစားရစေရန် ဘုရားသခင်ထံမှဆုတောင်းပေးမည်ဖြစ်ကြောင်း ရေးသားထားပါသည်။
            ယခုနှစ်ဇွန်လက ရဟန်းမင်းကြီးဖရန်စစ်မှဘုရင်မ၏ နန်းသက် (၇၀)ပြည့်နှစ်ပတ်လည်အတွက်ဂုဏ်ပြုဆုတောင်းလွှာပေးပို့ခဲ့သေးသည်။ဘုရင်မသည်အင်္ဂလီကန်အသင်းတော်ဥသျှောင်အဖြစ်ဦးဆောင်ခဲ့သည်။သူသည်‘Defender of the Faith and Supreme Governor of the Church of England’ (ယုံကြည်ခြင်းကိုကာကွယ်သူနှင့်အင်္ဂလီကန်အသင်းတော်၏အမြင့်ဆုံးကြီးမှူးအုပ်ချုပ်သူ) ဘွဲ့တံဆိပ်ကိုခံယူထားသူလည်းဖြစ်သည်။ဤတံဆိပ်ကို ဟင်နရီဘုရင်(၈) လက်ထက်မှစ၍ ဆက်ခံလာခဲ့သောဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည်။ ဤဂုဏ်ထူးဆောင်တံဆိပ်ကြောင့်ပင်လျှင် အင်္ဂလီကန်အသင်းတော်အတွင်း ဂိုဏ်းချုပ်ဆရာတော်များ၊ဆရာတော်များ၊အင်္ဂလီကန်အသင်းတော်အားစောင့်ရှောက်မည့်သူများ၊ဘာသာရေးအခမ်းအနားများ၌ဦးဆောင်မည့်ဘာသာရေးခေါင်းဆောင်များကိုသူကိုယ်တိုင်စီစစ်ရွေးချယ်လေ့ရှိသည်။ဘာသာရေးနှင့်ပတ်သက်၍ အင်္ဂလိကန်ဘာသာ၀င်ဖြစ်စေ၊မဟုတ်သည်ဖြစ်စေသူ၏ထောက်ခံမှုကို ရယူရသည်။သူသည် ခရစ္စမတ်နေ့မိန့်ခွန်းကိုဘာသာရေးအချင်းချင်းသဟဇတရှိစွာနေထိုင်ကြရန်တိုက်တွန်းလေ့ရှိသည်။၂၀၁၂ခုနှစ် သူ၏နန်းသက်စိန်ရတုနှစ်ပတ်လည်၌ ဘုရင်မသည် Edinburgh မြို့စားနှင့်အတူသူနှင့်ဘာသာမတူသောဘာသာ၀င်များမှကြီးမှူးဂုဏ်ပြုသောအခမ်းအနားသို့တက်ရောက်ခဲ့သည်။အဆိုပါအခမ်းအနားကို ကန်တယ်ဘူရီဂိုဏ်းချုပ်ဆရာတော် ၏ကျောင်းတော်ဖြစ်သော Lambeth ၌ကျင်းပခဲ့သည်။ ‘ယုံကြည်ခြင်းသည် လူသန်းပေါင်းများစွာ၏စိတ်နှလုံး၌ အရေးကြီးသောချက်အဖြစ်ရှိနေသည်။ သမာရိုးကျယုံကြည်ခြင်းမျိုးမဖြစ်စေရ။သို့သော် အမှန်တကယ်မိမိလိုအပ်ကြောင်းခံယူရမည်။တစ်ခါတစ်ရံ၌လူမှုရေးအတွက်လူမြင်ကောင်းစေရန်လည်းဖြည့်ဆည်းလုပ်ဆောင်တတ်သည်။ဘာသာရေး ခေါင်းဆောင်များသည်အမှန်တကယ်ပင်အကူအညီအလွန်လိုအပ်နေသူများကိုကူညီရမည့်ပေါင်းကူးတံတားဖြစ်သည်။‘မကျန်းမာသူများ၊ သက်ကြီးရွယ်အိုများ၊အထီးကျန်နေကြသူများ၊အခွင့်အရေးမရကြသူများလည်းပါသည်’ဟုပြောကြားခဲ့သည်။၎င်းတို့သည် ကိုယ်ကျိုးအတွက်သာရှင်သန်၍မရကြောင်းကို ကျွန်ုပ်တို့အား သတိပေးနေကြသည်။ 
            သူ၏ပုဂ္ဂိုလ်ရေးယုံကြည်ခြင်းနှင့်ပတ်သက်၍ ဘုရင်မသည် ဘာသာတရားအလွန်ကိုင်းရှိုင်းသူဖြစ်သည်။၀ါရှင်တန်ပိုစ့်သတင်းစာကလည်း အောက်ဖိုဒ့်တက္ကသိုလ်မှ သီဩလိုဂျီပရောဖက်ဆာ Stan Rosenberg ၏မှတ်ချက်အရ‘ဘုရင်မ၏ယုံကြည်ခြင်းသည် နက်ရှိုင်းပြီး အစဥ်ရှင်သန်လျက်ရှိသည်။သမ္မာကျမ်းစာကိုနေ့စဉ်ဖတ်ရှုသည်။ပတ်စဉ်ဘုရား ၀တ်ပြုခြင်း၌ပါ၀င်လေ့ရှိသည်။ပုံမှန်ဆုတောင်းခြင်းကိုပြုလေ့ရှိသည်’ဟုရေးသားထားသည်။(၂၀၁၀) ခုနှစ်ကဘုရင်မသည် ရဟန်းမင်းကြီးငြိမ်းဘက်နေဒစ်(၁၆)အား ဗြိတိန်နိုင်ငံသို့ပင့်ဖိတ်ခဲ့သည်။ဤတစ်ကြိမ်ကြွရောက်ခြင်းသည် ရဟန်းမင်းကြီးတစ်ပါးအနေဖြင့် နိုင်ငံတော်ဧည့်သည်အဖြစ်ပထမဦးဆုံးကြွရောက်ခြင်းဖြစ်သည်။စိန့်ဂျွန်ပေါလ်(၂)လည်း (၁၉၈၂)ခုနှစ်ကအင်္ဂလန်နိုင်ငံသို့ကြွရောက်၍ ဘုရင်မနှင့်လည်းတွေ့ဆုံခဲ့သည်။သို့သော် ထိုကြွရောက်ခြင်းသည် နိုင်ငံတော်၏အစီအစဉ်ဖြင့်မဟုတ်ဘဲအင်္ဂလန်နိုင်ငံမှကက်သလစ်သာသနာ၏ဘာသာရေးခေါင်းဆောင်များက စီစဉ်ဖိတ်ကြား၍ကြွရောက်သော တမန်တော်ခရီးသာဖြစ်ခဲ့သည်။

Vatican News

ဘာသာပြန် - ဖာသာရ် ကလေးမင်းအားတယ် 

NEWS AND EVENTS
2024-06-15 00:11:14

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။