Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-09-25 00:07:07

#ရဟန်းမင်းကြီးဖရန်စစ်သည် လာမည့် (၂၀၂၃) ၌ အရှေ့တီမောသို့တမန်တော်ခရီးကြွရောက်ဖွယ်ရှိ

#Pope Francis may visit East Timor in 2023

            ရဟန်းမင်းကြီးဖရန်စစ်သည် လာမည့်နှစ် (၂၀၂၃) တွင် အရှေ့တီမောနိုင်ငံသို့ တမန်တော်ခရီး ကြွရောက်နိုင်ကြောင်းကို ဗာတီကန်၏အတွင်းရေးမှူးဖြစ်သော ဂိုဏ်းချုပ်ဆရာတော် Edgar Pena Parra က စက်တင်ဘာ (၂၂) ရက်နေ့ကပြောကြားခဲ့သည်။ ဂိုဏ်းချုပ်ဆရာတော်သည် စက်တင်ဘာ (၁၉-၂၃) ရက်နေ့အထိ အရှေ့တီမော၌တရား၀င်ရောက်ရှိနေသည်။ ဤခရီးစဉ်၌ပင်သူက ရဟန်းမင်းကြီးဖရန်အနေဖြင့်လာမည့်နှစ်(၂၀၂၃) တွင်အ‌ရှေ့တီမောသို့ကြွရောက်ရန်ဆန္ဒရှိသည့်အကြောင်းကိုထပ်မံပြောကြားခဲ့သည်။အမှန်မှာရဟန်းမင်းကြီးသည် (၂၀၂၀)ကအရှေ့တီမောသို့ကြွရောက်ရန်စီစဉ်ပြီးဖြစ်သော်လည်း ကိုးဗစ် (၁၉) ကပ်ရောဂါဆိုးကြောင့် ယနေ့ထိရွေ့စိုင်းထားရသည်။ ရဟန်းမင်းကြီးအနေဖြင့် အရှေ့တီမောသို့ကြွရောက်ရန်အလွန်ဆန္ဒရှိလှသော်လည်း ခရီးစဉ်ကို အသေးစိပ်မစီစဉ်ရသေးကြောင်း၊လာမည့်နှစ်၌ အဘယ်သို့စီစဉ်နိုင်မည်ကိုထည့်သွင်းစဉ်းစားနေကြ ကြောင်းပြောကြားခဲ့သည်။ ဂိုဏ်းချုပ်ဆရာတော်သည် စက်တင်ဘာ (၂၂) ရက်နေ့က အရှေ့တီမောနိုင် ငံ၏ သမိုင်း၀င်ပြတိုက်များသို့သွားရောက်လေ့လာခဲ့သည်။ သူသည် ရဟန်းမင်းကြီးကိုယ်စားလှယ် (Apostolic Nunciature သံအမတ်) ရုံးကိုလည်း မြို့တော် Deli ၌ဖွင့်လှစ်ခဲ့သကဲ့သို့ ‘Center for Human Fraternity Timor-East for World Peace and Common Coexistence’(ငြိမ်းချမ်းရေးနှင့်အတူတကွဘုံယှဉ်တွဲ နေထိုင်သော အရှေ့တီမောနိုင်ငံ၏လူသားညီအစ်ကိုများဆိုင်ရာဌာန) ကိုလည်းပါ၀င်ခဲ့သည်။ လူတို့၌ ထောက်တိုင်နှစ်ခုရှိကြောင်း၊တစ်ခုမှယုံကြည်ခြင်း-ဘုရားသခင်ကိုယုံကြည်ခြင်းဖြစ်သည်။ယုံကြည်ခြင်းသည် ကျွန်ုပ်တို့ဘ၀၏စက်တစ်လုံးဖြစ်သည်။ ထို့အတူ ၎င်းနှင့်ယှဉ်၍လည်းထောက်တိုင်အခြားတစ်ခုရှိကြောင်း၊ထိုထောက်တိုင်မှာလက်တွေ့လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊တစ်နည်းအားဖြင့်ကောင်းသောအရာများကိုလုပ်ဆောင်ခြင်းဖြစ်သည်။လုပ်ဆောင်မှုမပါသောယုံကြည်ခြင်းသည် အသေဖြစ်သည်ဟု ဗင်နီဇွဲလားဂိုဏ်းချုပ်ဆရာတော်က ပေါ်တူဂီသတင်းဌာနမှ သတင်းထောက် Lusa အားဖြေကြားခဲ့သည်။ဩဂုတ်လ(၂၇) ရက်နေ့ကကျင်းပခဲ့သော ရဟန်းမင်းကြီးဖရန်စစ်၏(၈)ကြိမ်မြောက်အစည်းအ‌ဝေး၌ ရဟန်းမင်းကြီးဖရန်စစ်သည်  အရှေ့တိမောနိုင်ငံအတွက် ပထမဦးဆုံးကာဒီနယ် အဖြစ်  မြို့တော် Dili ၏ဂိုဏ်း ချုပ်ဆရာတော် D. Virgil of Carmo da Silva အားရှေးယခင်တင်မြောက် ပေးခဲ့သည်။ယခုကဲ့သို့ နိုင်ငံ၏ပထမဦးဆုံးကာဒီနယ်အဖြစ် ရဟန်းမင်းကြီး၏ရှေးယခင်တင်မြောက်ပေးခြင်းသည် နိုင်ငံအနေဖြင့်သော်လည်းကောင်း၊ နိုင်ငံသားများအနေဖြင့်သော်လည်းရွေးကောက်တင်မြောက်ခြင်းဖြစ်သည်ဟု ဖြေကြားခဲ့သည်။ဂိုဏ်းချုပ်ဆရာတော်သည် နိုင်ငံအတွင်းရှိ သာသနာကဦးဆောင်၍လုပ်ဆောင်နေသော လူမှုရေးလုပ်ငန်း၊ကရုဏာရေးလုပ်ငန်းများစွာသို့လည်းသွားရောက်လည်ပတ်ခဲ့ပြီး၊နိုင်ငံတော်သမ္မတJosé Ramos-Horta နှင့်လည်းတွေ့ဆုံခဲ့သည်။

ဘာသာပြန် ဖာသာရ် ကလေးမင်းအားတယ်

Credit Photo

NEWS AND EVENTS
2024-06-15 00:11:14

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။