Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-09-27 06:18:25
#သဘာ၀ပတ်၀န်းကျင်ကိုစောင့်ရှောက်ထိန်းသိမ်းတတ်ရန် ထိုင်းနိုင်ငံကျောင်းများ၌သင်ကြားပေး
#Environmental awareness in Thai Catholic schools held

ထိုင်းနိုင်ငံရှိ Malasawan Pitthaya ကျောင်း၌ ရဟန်းမင်းကြီးဖရန်စစ်၏ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေဆိုင်ရာစာချွန်တော်ဖြစ်သည့် ‘Laudato Si’နှင့်သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးအစီအစဉ်ကိုမကြာမီကပြုလုပ်ခဲ့သည်။ဤစာချွန်တော်သည်(၂၀၁၅)ခုနှစ်ကထုတ်‌ဝေဝေသည်။ဤစာစောင်ကြောင့် ထိုင်းနိုင်ငံရှိကက်သလစ်စာသင်ကျောင်းများ၌ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးပညာပေးအစီအစဉ်များကို ဆရာ၊ဆရာမများအားပညာပေးခြင်းဖြင့်စတင်ခဲ့သည်။ ကက်သလစ်ဘာသာတူမန်နေဂျာများအနေဖြင့် စီးပွားရေးကိုသာစောင်းပေးပြီး သဘာပတ်၀န်းကျင်ထိန်းသိမ်းရေးကိုျစ်လျူရူသည့်အတွေ့အခေါ်ကိုပြုပြင်ပြောင်းလဲရန်လိုကြောင်းသိလာကြသည်။လွန်ခဲ့သော ဆယ်စုနှစ်များက ထိုင်းနိုင်ငံ၏စီးပွားရေးတိုးတက်လာခဲ့သည်။နိုင်ငံခြားခရီးသွားလုပ်ငန်းသည် အလွန်ရေးပါသောစီးပွားရေးအရင်းအမြစ်တစ်ခုဖြစ်ပြီး နိုင်ငံတော်၏၀င်ငွေများရရှိသောအရင်းမြစ်တစ်ခုလည်းဖြစ်သည်။အလုပ်များစွာကိုလည်းထွင်ပေးနိုင်သည်။ ရိုက်တာသတင်းဌာန၏တင် ပြချက်အရ ဇန္နဝါရီလမှဩဂုတ်လအထိ နိုင်ငံခြားခရီးသွား (၃.၇၈) သန်းအထိ၀င်ရောက်လာခဲ့သည် ဟုသိရသည်။ဤသို့သောခရီးသွားများစွာ၀င်ရောက်လာခြင်းသည် တစ်ဖက်မှကောင်းသည်ဆိုသော်လည်းတစ်ဖက်၌မူပတ်၀န်းကျင်ကိုလျစ်လျူရူမှုများရှိလာသည်။ နိုင်ငံအ တွင်းမှစက်မှုဇုံများမှလည်း လေထုကိုညစ်ညမ်းစေမှုများ၊ သဘာ၀ပတ်၀န်းကျင်ကိုတွက်ဆခြင်းမပြုဘဲ အဆောက်အဦးများတည်ဆောက်ခြင်းစသည်တို့သည် အလွန်လှပသော၊ ထူးခြားသော နိုင်ငံ၏သဘာ၀ ပတ်၀န်းကျင်ကိုထိခိုက်ပျက်ပြားစေသည်။ဤအချက်ကိုသတိထားမိလာသော ကက်သလစ်စာသင်ကျောင်းများ၌ နောင်မျိုးဆက်သစ်များအား သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်းကို ပညာပေးသောအစီစဉ်များထည့်သွင်း လုပ်ဆောင်လာသည်။ သဘာ၀ကိုလေးစားတတ်ရန်သင်ကြားပေးရမည်။ထိုင်းနိုင်ငံ၏အလယ်ပိုင်း Nokhornrachasima ၌ဖွင့်လှစ်ထားသော Malasawan Pitthaya ကျောင်းသည် ကျောင်း၌တာ၀န်ဆောင်နေသော ဆရာ၊ဆရာမများ၊၀န်ထမ်းများအား ရဟန်းမင်းကြီးဖရန်စစ်၏ ‘Laudato si’ စာချွန်တော်၏လမ်းညွှန်ချက်အတိုင်း သင်တန်းပေးသည့်အစီအစဉ်ကိုထည့်သွင်းထားသည်။အဆိုပါအစီအစဉ်သို့ တက်ရောက်သူ(၁၀၀)ခန့်ရှိခဲ့သည်။အဆိုပါပို့ချက်၌ အဓိကအားဖြင့် ပတ်၀န်းကျင်၊ လေးစားမှု၊ ညစ်ညမ်းစေမှု၊ပြန်လည်ပြောင်းလဲခြင်းနှင့်အသုံးပြုခြင်းအကြောင်းကိုဟောပြောပို့ချခဲ့သည်။ဤအစီအစဉ်၏အဓိကရည်ရွယ်ချက်မှာ ကျောင်း၌တာ၀န်ထမ်းဆောင်နေသော၀န်ထမ်းများအနေဖြင့် ပတ်၀န်းကျင်နှင့်ဆိုင်သောအကြောင်းအရာများကိုသတိထားရန်မှာအရေးကြီးသည့်အကြောင်း၊ လမ်းညွှန်မှုများပေး၍ အနာဂတ်မျိုးဆက်ကျောင်းသူကျောင်းသားများအား ဖန်ဆင်းခြင်းလုပ်ငန်းတော် ကိုလေစားတတ်ရန်ဖြစ်သည်။ အဆိုပါအစီအစဉ်သို့တက်ရောက်ခဲ့သူအချို့က ယခုကဲ့သို့တက်ရောက်ရ ခြင်းကြောင့် ရေရှည်ခံမည့်ဘ၀နေထိုင်မှုအကြောင်းကိုသိရှိခွင့်ရခဲ့ကြောင်း၊လက်တွေ့ဖော်ဆောင်ရန် တောင်းဆိုချက်မြင့်မားသော်လည်း မဖြစ်နိုင်စရာမရှိကြောင်း၊အနည်းငယ်ပေးဆပ်မှုသည် ကြီးမားသော အကျိုးကိုပြန်လည်ရရှိစေကြောင်းရင်ဖွင့်ပြောဆိုလာကြသည်။ထိုင်းနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုသည် စိန်ခေါ်ချက်နှင့်ကြုံလာရသည်မှာ လေထုညစ် ညမ်းမှုလည်းအကြောင်းအရင်းတစ်ခုဖြစ်ကြောင်း၊သမာရိုးကျအတိုင်းအသက်ရှင်သောနေထိုင်မှုကျဆင်းပျောက်ပျက်လာခြင်း၊သဘာ၀မြေဆီများခန်းခြောက်လာခြင်း၊ရေရှားပါးလာခြင်းနှင့်စွန့်ပစ်ပစ္စည်းများကြောင့်ဖြစ်သည်။(၂၀၁၇-၂၀၂၁)ထိုင်းနိုင်ငံ၏(၁၂) ကြိမ်မြောက်စီးပွားရေးနှင့်လူမှုဖွံ့ဖြိုးမှုစီမံကိန်း၌ လက်ရှိတွင် နိုင်ငံတော်၏သဘာ၀အရင်းအမြစ်များနှင့်သဘာ၀ပတ်၀နကျင်၏ အရည်အသွေးများ ပျက်စီးနေကြောင်း၊ထိန်းသိမ်းမှု၊လုပ်ဆောင်ရန်ပျက်ကွက်မှု၊ရေရှည်ခံရန်လည်း အားနည်းလာကြောင်း၊သဘာ၀အရင်းအမြစ်များကို ဖွံ့ဖြိုးမှုအတွက်ကိုသာ အလွန်အကျွံသုံးစွဲနေကြောင်း၊ထို့ကြောင့်ပျက်စီးမှုများနှင့်ကြုံနေရကြောင်း၊ သစ်တောများလည်းဖြုန်းလာနေကြသည်။မြေဆီများလည်းစိုက်ပျိုးရန်မဖြစ်တော့ပေ။ဇီ၀မျိုးစေ့များလည်းပျောက်ဆုံးလုနီးပါး ခြိမ်းခြောက်ခံနေရသည်။အနာဂတ်၌ ရေခမ်းခြောက်မှုပြဿနာမြင်တွေ့နေရချိန်လက်ရှိအသုံးပြုနေသော ရေအရင်းအမြစ်သည်လည်း လိုအပ်သောနေရာများအ တွက်လည်းမလုံမလောက်ဖြစ်နေသည်။၎င်းအပြင် သဘာ၀ပတ်၀န်းကျင်၏ပြဿနာသည် ဖွံ့ဖြိုးတိုးတက်လာနေသော မြို့ပြလူနေမှုစနစ်၌နေ့စဉ်တိုးလျက်ရှိသည်။ဤပြဿနာပေါင်းစုံသည်လူ့ဘ၀ကို အရည်အသွေးပြည့်၀စွာရှင်သန်ရေးကိုစိန်ခေါ်ခြိမ်းခြောက်လျှက်ရှိသည်။  Domenico Rodighiero

ဘာသာပြန် - ဖာသာရ်ကလေးမင်းအား’တယ်

 

Crd Photo

NEWS AND EVENTS
2024-06-15 00:11:14

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။